Wednesday, October 12, 2011

သီးလေးသီးရဲ့ အတွင်းသရုပ်။


ပြည်တော်ပြန်ဝင်လာစတွင် အစ်ကိုဆရာဇာဂနာ့ဆီ သွားတွေ့မည်ဟု ဆိုခဲ့သော သီးလေးသီးမှာ ယခုချိန်ထိ ဇာဂနာရှိရာ ထောင်တွင်းသို့ မဆိုထားနှင့် ဇာဂနာ့မိသားစုထံသို့ပင် သတင်းသွားမေးခြင်းမရှိကြောင်း သိရသည်။

လွန်ခဲ့သော တစ်ပတ်က ဇာဂနာက မိသားစုထံ ဆက်သွယ်ခွင့်ရစဉ် သီးလေးသီးလာတွေ့သေးလားဟု သတိတရမေးမြန်းရှာသော်လည်း မိသားစုအတွက်မူ ပြောစရာအဖြေမရှိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ထိုအခါ ဇာဂနာက သီးလေးသီးရဲ့ခေါင်းဆောင်ဟာ ဇာဂနာမဟုတ်ရင် ဂေါ်ဇီလာလည်း မဟုတ်ဘူးလို့ပြောလိုက်ပါဟု မှာကြားကြောင်း ကြားသိရလေသည်။

သီးလေးသီးထိုကဲ့သို့ ဇာဂနာရှိရာ အကျဉ်းထောင်သို့ သွားမတွေ့ရဲခြင်းမှာ အာဏာပိုင်များ၏ ငြိုငြင်မှုကို ခံရမှာစိုး၍ဖြစ်နိုင်ပြီး ယခုအခါ ၄င်းတို့မှာ ဆရာ့ကျေးဇူးမသိတတ်များအဖြစ် အနုပညာလောက၏ ချဉ်ဖတ်ဖြစ်နေကြောင်း သဘင်ပညာရှိကြီးတစ်ဦးကဆိုသည်။



--

လေးစားစွာဖြင့်



အေးနန္ဒာအောင်

http://www.lanpyakye.com

http://nandarnihon.blogspot.com/

http://ayenandaraung-general.blogspot.com/



.

No comments:

Post a Comment