Sunday, October 23, 2011

ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား ( ထွန်းအောင်ကျော်)


ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား
ထွန်းအောင်ကျော်
Posted: 22 Oct 2011 10:24 PM PDT

ဗိုလ်ချုပ်မြကို ၁၉၉၇ ခုနှစ်ကတောထဲမှာတွေ့တဲ့အခါသူက DABရဲ့သဘောတူညီချက်ကိုမလိုက်နာဘဲ တော်လှန်ရေးအဖွဲ့တွေတဖွဲ့ခြင်းငြိမ်းချမ်းရေးယူကြလို့ အင်အားချိ့နဲ့သွားခဲ့တာကိုထောက်ပြသွားတယ်၊ အခုUNFC ဟာအရင်ကအမှားတွေကိုသင်္ခန်းစာယူပြီး ဖဲ့စည်းရုံးတာမခံဘဲအဖွဲ့လိုက်ဆွေးနွေးပွဲကိုခိုင်ခိုင် ရပ် ပြီးတောင်းဆိုနိုင်ဘို့လိုတယ်။ ဗိုလ်ချုပ်မြက ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တွေကိုခေါင်းဆောင်နဲ့ ငယ်သားခွဲ ပစ်လိုက်တော့ ခေါင်းဆောင်လုပ်သူတွေကိုစီးပွားရေးလုပ်ကွက်တွေပေးပြီးဖျက်စီးလိုက်တော့သာယာပြီး ငယ်သားတွေနဲ့ကွာဟသွားတယ် တဲ့ဒီစကားဟာသွေးထွက်အောင်မှန်တယ်လို့ဆိုရမယ်၊ အခုကြည့် ဗိုလ် စောချစ်သူဘယ်လောက်ချမ်းသာနေလဲ၊ DKBA တွေအခုမတရားတာကိုငုံမခံဘဲပြန်ချတော့မပါတော့ဘူး မရဘူးတဲ့စည်းစိမ်ကိုမစွန့်နိုင်တော့ဘူးလေ။

ရာထူးကြီးကြီး ၂ခုယူထားတဲ့ ဟန်ညောင်ဝေဟာအခုရန်သူနယ်မြေမှာ အေးအေးချမ်းချမ်းရှမ်းပြည် အထိသွားပြီးလည်ပတ်နေပြီ၊ စဉ်းစားကြပါ၊ EBO ရဲ့ညွှန်ကြားရေးမှူး၊ DVB ရဲ့ ညွှန်ကြားရေးမှူး (ပူပူ နွေးနွေး ဖြစ်ခါစ) အနေနဲ့ အစိုးရဆန့်ကျင်ရေးအတွက်အောက်ခြေမဟုတ်ဘဲ ထိပ် ဆုံးကနေရာယူထားသူက ဘာသဘောတူညီချက်မှပေးစရာမလိုဘဲ ပြန်သွားနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မ လား၊ UNFC အနေနဲ့ အထူးသတိထားဘို့လိုပြီ၊ ENC လည်းသတိရှိဘို့လိုပြီး၊ တပ်ပေါင်းစုမူအတိုင်းသွား နိုင်ဘို့လိုသည်။

ထွန်းအောင်ကျော်

No comments:

Post a Comment