Friday, October 7, 2011

ဗျူးတီးစလွန်းလိုင်စင်ဖြင့်အလှပြင်ဆိုင်ဖွင့်လှစ်ထားသောအပစ်မဲ့ပြည်သူ(၇)ဦးမတရားသဖြင့် ဖမ်းဆီးအပြစ်ပေးခံရခြင်း

နေပြည်တော်ခရိုင်ပျဉ်းမနားမြို့

နေပြည်တော်ခရိုင်ပျဉ်းမနားမြို့၊ပေါင်းလောင်း(၂)ရပ်ကွက်မေတ္တာလမ်း၊ခြံအမှတ်(15/1080) နေအိမ်တွင် (အရိုင်းပန်း)အမည်ဖြင့်ဗျူးတီးစလွန်းဖွင့်ထားသောဆိုင်တွင်မန်နေဂျာ လင်မယားနှစ်ယောက် ဦးစီးပြီး ထမင်းချက်မိန်းခလေး(၁)ယောက်ခြံစောင့်ယောက်ကျားလေး(၁)ဦးနှင့်အလှပြင်ဆင်ပေးသူမိန်းခလေး (၃)ဦး ၄င်းတို့မှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်ပြီး ဧည့်စာရင်းတိုင်ကြားထားပြီးနေထိုင်ကြပါသည်။

ဆိုင်အတွင်း၌လည်း ဥပဒေနှင့် မလွတ်ကင်းသည့် အရက်၊ဘီယာ စသည့်ပစ္စည်းများ ရောင်းချခြင်းမရှိပါ။ အလှပြင်ဆိုင်သုံး ခေါင်းလျှော် ဆံပင်ညှပ် ဘေစင် (၅) လုံး၊ ဆံပင်ပေါင်းစက် ၊ ဆံပင်ဆွဲစက် တို့နှင့် အတူ အလှပြင်ဆိုင်တွင် အသုံးပြုသည့်  ပစ္စည်းမှ လွဲ၍ မည်သည့် ပစ္စည်းမှ မရှိပါ၊

သို့ပါလျှက် (၁၅-၉-၂၀၁၁) ည ၁၀ နာရီ မိနစ် ၂၀ အကျော်ခန့်တွင့် ပျဉ်းမနားရဲစခန်းမှ ဒု! ရဲအုပ်ရာဇာဟိန်း ဆိုသူ ဦးစီး၍ ၀န်ထမ်းတစ်ယောက်မှမကျန် ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ဆိုင်သုံးပစ္စည်းဖြစ်သော ခေါင်းလျှော်ဘေစင် ၂ လုံးနှင့် ခြံစောင် ၁ ထည် ခေါင်းအုံးသုံးလုံးကို ယူသွားပါသည်။

ရပ်ကွက်လူကြီးများမှ ရိုးသားသည်ကို သိ၍ ဖမ်းဆီး၍ မသင့်ကြောင်းကို တောင်းပန် ပြောကြားသော်လည်း လာဖမ်းသော ရဲအများစုမှာ အရက်သောက် မူးယစ်နေသဖြင့် အနှိပ်ခန်းပြုလုပ်သည်ဟု မတရားစွပ်စွဲကာ အပြစ်မဲ့ပြည်သူ (၇) ဦးအား ဖမ်းဆီးသွားပါသည်။ အမှုအား လေ့လာ လိုက်သည့်အခါ တရားခွင့် ရင်ဆိုင်လျှင် အနည်းဆုံး (၁ )လခွဲခန့် ကြာနိုင်ပြီး ၊ ၀န်ခံလျှင် ထောင်ဒဏ် (၁)လသာ ကျနိုင်ကြောင်း ဥပဒေ၌ နှံ့စပ်ကျွမ်းကျင်သော သူများနှင့် ဆွေးနွေးသိရှိရပါသည်။

ထိုနောက် အလုပ်သမားများ အပြစ်မရှိသော်လည်း အပြစ်ရှိသည်ဟု ၀န်ခံလိုက်၍ (၁၆-၉-၂၀၁၁ ) နေ့တွင် ထောင်တစ်လ ကျခဲ့ပြီး ၊ (၁၇-၉-၂၀၁၁) တွင် ရမည်းသင်းထောင်သို့ အပို့ခံလိုက်ရသည်။

ဒုရဲအုပ်ရာဇာဟိန်းမှာ ရဲအရာရှိတစ်ယောက် ဖြစ်သော် လည်း ရာထူးနှင့် လုပ်ပိုင်ခွင့်များကို အသုံးချ၍ ၄င်းမိသားစု စီးပွားရေးများကို ပျဉ်မနားမြို့နယ် ၊ မောင်ခင်လမ်း ၊ ရွှေချီရပ်နေ သံလမ်း ၁ ဂိတ်အနီး တရားမ၀င် စက်သုံးဆီရောင်းဝယ်ခြင်း၊ ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းခြင်း စသည့် ဥပဒေ နှင့် ညိစွန်းသော လုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိပါသည်။

ပေးပို့သော ဟိန်းထက်ကျော်အားကျေးဇူးတင်ရှိပါသည်..

No comments:

Post a Comment