Monday, November 28, 2011

အသက်မပြည့်အမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်းသင်းပြီး ရောင်းစား သူ ချင်းအမျိုးသားတဦး ဖမ်းဆီး

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ Central Anti Drugs Squad (CADS) က အသက်မပြည့် သူအမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်းသင်းပြီး အခြားအမျိုးသားများထံ ပြန်လည်ရောင်းစားသူ အကြီးစား ချင်းအမျိုးသားတဦးကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

အဖမ်းခံရသူ ချင်းအမျိုးသားမှာ ဖလမ်းမြို့နယ် Lausau ကျေးရွာသား Mena ခေါ် Lalrozama (27) နဲ့ အတူ အသက်မပြည့်သူ မြန်မာအမျိုးသမီးတဦးကို အိုင်ဇောလ်မြို့ Tennis Court ၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ခန့် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ထုတ်သတင်းစာ ဖြစ်သည့် The Zozam Time တွင် ဖော်ပြသည်။

“နိုဝင်ဘာလဆန်းလောက်က Lalrozama နဲ့ သူငယ်ချင်းများသည် အိုင်ဇောလ်မြို့ တွင် အိမ်ဖော်အလုပ် လုပ်ကိုင်သူ အဆိပါအမျိုးသမီးကို ဘုရားကျောင်း အပြန်တွင် ဖမ်းဆီးပြီး အလိုမတူ ပေါင်းသင်းဆက်ဆံခဲ့ပြီးနောက်၊ အိမ်အပြင်မထွက်ရန် ချိမ်းခြောက်ခဲ့သည်ဟု” ၄င်းသတင်းစာ တွင် ဖော်ပြသည်။

ဒေသခံအိန္ဒိယအမျိုးသားများထံ တခါအိပ် ရှုပီးငွေ ၃၀၀ ဖြင့် ၂ ကြိမ် ရောင်းစားခဲ့ကြောင်း၊ အမျိုးသမီးအပေါ် ကိုယ်ထိလက်ရောက် စော်ကားခြင်း လည်းပြုလုပ်ခဲ့ပြီး ညအချိန်တွင် ကောင်း ကောင်းမအိပ်ခဲ့ကြောင်း တရာခံမြန်မာအမျိုးသမီးထွက်ဆိုချက်ကို ကိုးကားပြီးအဆိုပါ သတင်းစာတွင် ဖေါ်ပြထားသည်။

အဖမ်းခံခဲ့သူ Lalrozama သည် အမျိုးသမီးများကို အလိုမတူပေါင်းသင်းဆက်ဆံမှုကြောင့် ၃ ကြိမ် တိုင်တိုင် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်...KNG News
Posted by မြတ်လေးငုံ at Monday, November 28, 2011
Email ThisBlogThis!Share to TwitterShare to Facebook
Labels: မျှဝေခြင်း

အင်တာနက်

Saturday, November 26, 2011

NLD အတွက် ကော်မရှင်က ညှိပေး


NLD က ရွေးကောက်ပွဲ ကော်မရှင်ကို လျှောက်လွှာတင်တဲ့သတင်း ဒီနေ့ မြန်မာ့အလင်းမှာ ရေးထားပါတယ်။

ကော်မရှင်က NLD ဦးတင်ဦးတို့ ၂၁ ယောက် ပါတီမှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ညီမညီ စိစစ်ပေးပါအုံး ဆိုပြီး ၀န်ကြီးဌာနတွေကို မေတ္တာရပ်ခံ ညှိနှိုင်းထားတယ် တဲ့။

လွန်ခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်ကတော့ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်သူကမှ ကြိုတွက်ထားမိပုံ မရပါဘူး။

Friday, November 25, 2011

ပုံရိပ်


သောက်တော်ရေခွက်မှာ စွယ်တော်မြတ်ပုံရိပ် ပေါ်နေတယ် ဆိုတဲ့ အကြောင်း နိုင်ငံတော်အစိုးရသတင်းစာ မြန်မာ့အလင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မနေ့ကလည်း ဒီသတင်းကို နိုင်ငံတော်အစိုးရရဲ့ ကြေးမုံမှာ ဖော်ပြပြီး ဖြစ်ပါတယ်။

ကိုကို လူညာကြီး

Thursday, November 24, 2011

ဟီလာရီ ကလင်တန် ယခုလကုန် မြန်မာနိုင်ငံသို့ သွားမည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သွားရောက်မည် ဖြစ်သည်။

၎င်း၏ ခရီးစဉ်သည် သမ္မတ အိုဘားမား အစိုးရအဖွဲ့၏ မြန်မာနိုင်ငံအပေါ်ထားရှိသော တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒ အ ရ သွားရောက်ခြင်း ဖြစ်သည်။“နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ဒီခရီး စဉ် ဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့အကြား နှစ် ၅၀ အတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မာ့ခ်တုန်နာက ပုံမှန် သတင်းထုတ်ပြန်ရာတွင် ထည့်သွင်း ပြောကြားသည်။

မာ့ခ်တုန်နာက ဆက်လက်ပြီး“မစ္စ ကလင်တန်ဟာ အမေရိကန်က ချမှတ်ထားတဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ ပတ် သက်ပြီး အမေရိကန်ရဲ့၂ လမ်းသွား ဆက်ဆံရေးကို အလေးအနက်ထားပြောဆိုမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ မကြာသေး ခင် က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ကူညီသွားမယ်ဆိုတာလည်း ထပ်လောင်း အတည်ပြုမှာ ဖြစ်သလို နောက်ထပ် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြော ဆိုသည်။

မစ္စ ဟီလာရီ ကလင်တန်က ခရီးစဉ်အတွင်း လူထု အခြေပြု အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမှာဖြစ်ပြီး တိုင်းပြည်တိုးတက်ရေးဆိုင်ရာ အမြင်များကို စုစည်းရယူကာ အကြံပြုသွားမည်လည်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ယခု ခရီးစဉ်တွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ရုပ် သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သမ္မတ အိမ်ဖြူတော် ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘန်ရုဒ်စ် (Ben Rhodes) က ၀ါရှင်တန်နိုင်ငံခြားသတင်းစာဆရာများ အသင်းတိုက်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားထားသည်။

“ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ ကျနော်ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီး စဉ် တစိတ်တပိုင်း အားဖြင့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အရှိန်အဟုန် ပိုကောင်းလာအောင် လုပ်ဆောင် သွားဖို့ ဖြစ်သလို၊ ရှေ့မှာ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို စူးစမ်းဖို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိတ်ဆို့မှုတွေကို အခု အချိန်မှာ ပြန်ပြီး ရုပ်သိမ်းဖို့တော့ အစီအစဉ် မရှိသေးပါဘူး”ဟုလည်း မစ္စတာ ဘန် ရုဒ်စ် က ဆိုသည်။

မစ္စ ဟီလာရီ ကလင်တန် ခရီးစဉ်တွင် ဥပဒေ အကြံပေး ချယ်ရီလ် မေးလ်စ်၊ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးများဖြစ်ကြ သော ကာ့တ် ကမ်းဘဲလ် နှင့် မိုက်ကယ် ပို့စနာ၊ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ် မစ်ချယ်၊ မူဝါဒချမှတ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိတ် ဆူလီဗန် တို့လည်း မစ္စ ကလင်တန်နှင့်အတူ လိုက်ပါသွား ကြမည်ဖြစ်သည်။လွန်ခဲ့သည့်အပတ်က သမ္မတ ဘားရက်အိုဘားမား က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ကျင်းပသော အရှေ့အာရှထိပ်သီးဆွေး နွေးပွဲတွင် မစ္စ ကလင်တန်အား မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့၏ ပထမဆုံး တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ မသွားရောက်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် အဆင့်မြင့် အရာရှိများ တက်ရောက်မည့် တောင်ကိုရီးယားနိုင်ငံ ဘူစန်မြို့တွင် ကျင်းပသော အကူ အညီ ပေးရေးဆိုင်ရာ ၄ ကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Tuesday, November 22, 2011

တိုင်မလားဆိုတော့တိုင်မယ်လေ ပြည်ပ အေဂျင်စီများ မရိုးသားလျှင် Online မှ တစ်ဆင့် တိုင်ကြားခွင့်ပြု


ပြည်ပ ထွက်ခွာ လုပ်ကိုင်မည့် အလုပ် သမားများ အနေနှင့် ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်နိုင်ရန် ချိတ်ဆက် လုပ်ကိုင် ရသော ပြည်ပ အလုပ် အကိုင် အေဂျင်စီ များက မရိုးမသားလုပ်ဆောင်မှုများရှိလာလျှင် အလုပ်သမားဝန်ကြီးဌာနသို့ Online မှတစ်ဆင့် တိုင်ကြားခွင့်ပြုကြောင်း နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ www.mol.gov.mm Website ကနေ တိုင်ကြား နိုင်ပါတယ်။ အတတ်နိုင်ဆုံး ဖြေရှင်းပေးမှာပါ”ဟု ၄င်းကရှင်းပြသည်။

Online မှတစ်ဆင့် တိုင်ကြားနိုင်သကဲ့သို့ ရုံးအမှတ် ၅၁၊ နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့လည်း စာဖြင့် တိုင်ကြားနိုင်ကြောင်း နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

“တိုင်နိုင်တာတော့သိတယ်။ ဘယ်လိုတိုင်ရမလဲဆိုတာ မသိတာခက်တာ။ အခုသိပြီ။ အခက်အခဲပေါ်လာရင်တော့တိုင်ကြားမှာပါ” ဟု မလေးရှားသို့ ထွက်ခွာရန် ပြင်ဆင်နေသူမြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်၊ နွယ်သာကီ ၆ လမ်းနေ မလေးရှားသို့ နှစ်ကြိမ်ထွက်ခွာဖူးသူ အသက် ၂၃နှစ်ရှိ ကိုဟိန်းဇေယျာကျော်ကဆိုသည်။

ယခုနှစ်တွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်မညီသော ဂရင်းဝေး၊ မြန်မာ့အေး၊ ဘားတက်စ်ပဲလေ့စ်၊ ကောင်းဆက်၊ Royal Myanmar၊ Golden Cambel စသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ခြောက်ခုကို အရေးယူခဲ့ကြောင်း၊ ယင်းအေဂျင်စီများသည် အလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ စေလွှတ်ခြင်း၊ လေဘာကတ်မယူခြင်း၊ အခွန်မဆောင်ခြင်းအမျိုးသမီးများကိုပြည်ပသို့ပို့ခြင်း၊ ပြောထားသည့် အလုပ်နှင့် အမှန်တကယ် လုပ်ကိုင်ရသည့်အလုပ်မှာ ကွဲလွဲနေခြင်းတို့ကြောင့် အလုပ်သမားများက မကျေနပ်သဖြင့် တိုင်ကြားပြီး အရေးယူမှုအများဆုံးပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။

ယခုနှစ်တွင် တရားဝင် လုပ်ကိုင်ခွင့်ပေးထားသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၁၃ ခုရှိပြီး ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၀ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

Source by :The Voice Journal

အိုင်ဒီ နဲ့ အချက်အလက်



ဖေ့စ်ဘုတ်ကနေ ရခဲ့တဲ့ တန်ခိုးရှင် ၀က်ဆိုက် လိပ်စာက
http://www.scrolllock.nl/passport/
အဲဒီမှာ ကိုယ့်နာမည်နဲ့ နိုင်ငံအမည် ရေးပြီး ရှာရင်
ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ အချက်အလက်တွေ ရမယ်လို့ အာမခံထားပါတယ်။

အဲဒါကို စမ်းသပ်ကြည့်တော့ အချက်အလက်တင် မကဘူး အိုင်ဒီတခုကိုပါ ရလိုက်တယ်။
စမ်းသပ်ကြည့်နိုင်ပါတယ်။နိုင်ငံ နေရာမှာ Burma ကို ရွေးပါ။ (Myanmar မရှိသေးလို့)
ကံကောင်းပါစေ။

Monday, November 21, 2011

ဆင်ဖြူဖြူ အမည်ပေးနည်း နိဿရည်း


အစိုးရမင်းများ ဘုန်းတော်ကြီးမားလို့ ရရှိလာတဲ့ ဆင်ဖြူတော်တွေကို မနေ့က ကင်ပွန်းတပ်ပွဲ လုပ်ပါတယ်။

နေပြည်တော်က နိုင်ငံခေါင်းဆောင်တွေ တယောက်ချင်းစီက ဆင်နာမည်ကို ၃ ကြိမ် အော်ပေး ခေါ်ပေးတယ်လို့ နိုင်ငံတော်သတင်းစာများမှာ ရေးထားပါတယ်။

Friday, November 18, 2011

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သမ္မတ အိုဘားမား၏ မိန့်ခွန်း


7Day News ဂျာနယ်၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

(အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သော အမေရိကန်သမ္မတ၏ မိန့်ခွန်းကို 7Day News International Desk မှ ဘာသာပြန်ဆိုသည်။)

အားလုံး မင်္ဂလာနေ့လယ်ခင်းပါ။ ကျွန်တော့်အစိုးရသက်တမ်းတစ်လျှောက်နဲ့ ဒီခရီးစဉ်တစ်လျှောက် လုံးမှာ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကရဲ့ ယုံကြည်ချက်ကို အလေးအနက်ထား စဉ်းစားခဲ့ပါ တယ်။ ဒါ့အပြင် ဒီဒေသအတွင်း လူ့အခွင့်အရေးကိစ္စတွေရဲ့ အနာဂတ်ကိုရော အမေရိကန်ရဲ့ ယုံကြည်ရပ်တည်မှုအပေါ်ကိုပါ ကျွန်တော် အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ကနေ့မှာတော့ ကျွန် တော်ဟာ အဲဒီ့မျက်နှာစာနှစ်ဖက်စလုံးမှာ ရှေ့ကို တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေထဲက အရေးပါ တဲ့ခြေလှမ်းတစ်ရပ်ကို ကြေညာပါတော့မယ်။

ဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပဲ အမေရိကန်တွေဟာ မြန်မာပြည်သူတွေအတွက် အခြေခံလူ့ အခွင့်အရေး ကိစ္စတွေ ငြင်းပယ်ထားတာအပေါ် နက်ရှိုင်းစွာပူပန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးသမားတွေကို ဖိနှိပ်ထားမှု၊ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေအပေါ် ဦးတည်ပြသခဲ့တဲ့ရက် စက်မှုနဲ့ စစ်ခေါင်းဆောင်အနည်းငယ်ရဲ့ လက်ထဲမှာပဲ အာဏာကို ဆုပ်ကိုင်ထားမှုတွေဟာ (မြန်မာနိုင်ငံအပေါ်) ကျွန်တော်တို့ရဲ့ စဉ်းစားပုံကို စိန်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ အမေရိကရဲ့ (အဝေးမှာ) အထီးကျန်စေခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲပဲ မြန်မာပြည်သူတွေအပေါ် လေးစားမှုထားရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပါ လေးစားမှုထားခဲ့ပါတယ်။ (ဒီတိုင်းပြည်က) အရှေ့နဲ့ အနောက် ဆုံစည်းရာမှာတည်ရှိတဲ့ကြွယ်ဝတဲ့သမိုင်းနဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ပြည်သူလူထုကလည်း တည်ငြိမ်တဲ့ဂုဏ်သိက္ခာ နဲ့ ထူးခြားပြီး အလားအလာကောင်းတွေရှိ တဲ့ ပြည်သူတစ်ရပ်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ကိုပဲ မြန်မာပြည်သူတွေရဲ့ ဖိနှိပ်ခံရမှုနဲ့ ကတိစကားကို အောင်ဆန်းစုကြည်ဆိုတဲ့(နာမည်နဲ့) သင်္ကေတ ပြုခဲ့ကြတယ်။ (ခေတ်သစ်) မြန်မာနိုင်ငံကို တည်ထောင်သူရဲ့ သမီးရင်းတစ်ဦးအနေနဲ့၊ သူမ ပြည်သူတွေအတွက် ခွန်အားကြီးမားစွာရပ်တည်ခဲ့သူတစ်ဦးအနေနဲ့ သူမဟာ အခြားသော ဖိနှိပ်ခံရတဲ့ မြန်မာလူမျိုးများလိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ရတယ်။

ဒါပေမဲ့ မှောင်အတိနှစ်များစွာပြီးတဲ့နောက်မှာတော့ ဟောဒီရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ တိုးတက်မှုအရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ အရေးပါတဲ့ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။

အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားအချို့ကို အစိုးရက လွှတ်ပေးခဲ့တယ်။ ပြီးတော့ ဥပဒေပြုရေးကဏ္ဍကလည်း နိုင်ငံရေးပတ်ဝန်းကျင်ကိုပွင့်လင်းဖို့ အတည်ပြုပေးခဲ့တယ်။ ဒါ့ကြောင့် ဒါတွေအားလုံးကို ခြုံကြည့်ရင် ဒါတွေဟာ နှစ်များစွာအတွင်း ကျွန်တော်တို့ မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ အရေးကြီးဆုံး ခြေလှမ်းတွေ ဖြစ်ပါတော့တယ်။

တကယ်တမ်းတော့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပိတ် ထားတဲ့နိုင်ငံရေးစနစ်၊ ၄င်းရဲ့ လူနည်းစု(တိုင်းရင်းသား)တွေအပေါ် ဆက်ဆံပုံနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ၄င်းရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေအပေါ် စိုးရိမ် ပူပန်ဆဲရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ် လာနိုင်တဲ့အရာကို ဆုပ်ကိုင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်စီပြုပြင်ပြောင်းလဲရေး လမ်း ကြောင်းပေါ် ဆက်လက်လျှောက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တစ်ရပ် ပုံသွင်းနိုင်မယ်ဆိုတာလည်း ရှင်းလင်းစွာဖော်ပြချင်ပါတယ်။

မနေ့ညက ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး သူမကလည်း ဒီဖြစ်စဉ် ရှေ့ဆက်တိုးတက်ရေးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကိုထောက်ခံကြောင်း အတည်ပြုခဲ့ ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်ဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံ သွားရောက်ဖို့ပြောခဲ့ပါတယ်။ သူမဟာ ရာစုနှစ်တစ်ဝက်ခန့်ကာလအတွင်း ဒီတိုင်းပြည်ကို သွားရောက် တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပါလိမ့်မယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု က မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကာလတစ်ရပ်ဖြစ်ဖို့ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို နည်းလမ်းရှာဖွေပြီး ကျွန်တော်တို့နှစ်နိုင်ငံ အကြား စာမျက်နှာသစ် စတင်ဖွင့်လှစ်ပါလိမ့်မယ်။

အဲဒီဖြစ်နိုင်ခြေဟာ မြန်မာအစိုးရက ပိုပြီးလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်တဲ့အပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လျှောက်ဖို့ ပျက်ကွက်ခဲ့ရင် ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှုတွေကို ဆက်လက်ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ဟာ ဒီအချိန်မှာ (အပြောင်းအလဲကို) ဖမ်းဆုပ်နိုင်ရန် အဲဒီနောက်မှာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားကောင်းစေနိုင်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝမှုနဲ့ လွတ်လပ်မှုတွေကို ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ ရရှိပြီး၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်နိုင်ခြေဟာ မသိကျိုးကျွံပြုလို့ မရအောင် သိပ်အရေးပါလှပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနဲ့ အမေရိကန်ရဲ့ တွေ့ဆုံမှုမှာ ဒီသတင်းစကားတွေကို ထပ်မံပြောကြားသွားပါဦးမယ်။ ဒီအတောအတွင်း မစ္စဟီလာရီကလင်တန်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို ခရီးထွက်ရင် သူမဟာလည်း ဒီသတင်း စကားကို ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ (မြန်မာ) အစိုးရကိုပါ ပေးအပ် ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

ထပ်ပြောချင်တာကတော့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ အသစ် တစ်ဖန် ပြန်လည်စတင်ရေး အနာဂတ်ကိုရရှိဖို့ ဆက်လက်လုပ်ဆောင်စရာတွေရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှု များကို တုံ့ပြန်သောအားဖြင့် ဒီခြေလှမ်းကိုစတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ အားလုံးလွှမ်းခြုံ နိုင်တဲ့ ယူနီဗာဆယ်တန်ဖိုးတွေနဲ့ သတ္တိရှိတဲ့ပြည်သူတစ်ရပ်၊ တစ်မူ ထူးခြားတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ယုံကြည်ခံယူချက်ကို ရှင်းလင်းစွာသရုပ်ဖော်ဖို့ ကျွန်တော်ဆုံးဖြတ် ချက်ချခဲ့ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။

ကန်ကြီးအချက်.. ဝ, အခက်.. ရွှေတို့အကွက်

Monday, November 14, 2011

ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်


ပြည်သူ့ဂုဏ်ရည်ဆုရှင်တစ်ဦးဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ပြုလုပ်သော ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် ၄၁၁၊ မဟာဗန္ဓုလလမ်းရှိ ဧမာနွေလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၏ ၂၁ နှစ်မြောက် မဟာဓမ္မသဘင်ပွဲတွင် ယင်းသို့ လူမှုရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် ဦးကျော်သူ (ခ) ဦးကျော်ဝင်း အား Doctor of Humane Social Services (D.H.S.S) ဘွဲ့၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား Master of Humane Social Services (M.H.S.S) ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပြီး သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev. Dr. Paul F. Johns က ပေးအပ်ခဲ့သည်။ ထို့ပြင် ဆရာမကြီး ဒေါ်မေမေခင်အား Doctor of Divinity (D.D) ဘွဲ့ ပေးအပ်ခဲ့ပြီး ဒေါ်မော်မော် (စာရေးဆရာမ လမင်းအိမ်)၊ ဒေါ် Peggy Gyaw၊ ဒေါ် Rowena Hein တို့အား Master of Humane Social Services (M.H.S.S) ဘွဲ့များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဦးကျော်သူအား D.H.S.S ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ဧမာနွေလ နှစ်ခြင်းအသင်းတော်၏ သိက္ခာတော်ရဆရာတော်ကြီး ပေါလ်အက်ဖ် ဂျွန်စ် က “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကို ပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့အလုပ်ကို လုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရား တွေ့မှပဲ လူတွေက မျက်ရည်ကျတာ များတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေးတာက တကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့အလုပ် ကိုကျော်သူက လုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား M.H.S.S ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်း “ခင်ပွန်းဖြစ်သူနှင့်အတူ လူမှုရေးလုပ်ငန်းများကို ‘မောင်တထမ်း မယ်တရွက်’ တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံ့သြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိ ဤဘွဲ့အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်ကြောင်း၊ နိုင်ငံတော်အစိုးရအား မိမိတို့ တဖက်တလမ်း လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ နယ်စပ်ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့် ရရှိကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်ခင်ဖေ ကလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါတယ်။ မိမိတို့လို ဘာသာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျမ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကို အမြန်ဆုံး စည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျမ ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများက ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင် နှင့် မွေးနေ့ အထူးဖယောင်းတိုင်များ ထွန်းညှိဆုတောင်းခြင်း၊ ပရိသတ်များက ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့က ဓမ္မတေးများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ။


ပြည်သူ့ဂုဏ်ရည် အင်တာနက် စာမျက်နှာ - http://2011.citizenofburma.org/en/coba-press-release/2011-11-08-09-33-36/370-2011-11-14-01-00-38 ရှိ သတင်းကို ကူးယူ ဖော်ပြသည်။








.

Sunday, November 13, 2011

မြန်မာသတင်းစာတောင် မြန်မာစာမတတ်ကြတော့ဘူး။သနားစ၇ာကောင်းလိုက်တာ။:(


မြန်မာသတင်းစာတောင် မြန်မာစာမတတ်ကြတော့ဘူး။သနားစ၇ာကောင်းလိုက်တာ။:(

Thursday, November 10, 2011

မြှား


ပြောခွင့်

Sunday, November 6, 2011

မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်နှင့် ခိုလှုံသူများ ဇန်န၀ါရီလတွင် မှတ်ပုံတင်ရန်


မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်နှင့် ခိုလှုံသူများ ဇန်န၀ါရီလတွင် မှတ်ပုံတင်ရန်

မလေးရှားအစိုးရအနေနှင့် UNHCR အထောက်အထားကိုင်ဆောင်ထားကြသည့် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများကို ဇန်န၀ါရီလ၊ ၂၀၁၂ တွင် စတင် မှတ်ပုံတင်ပေးသွားမည်ဖြစ်ကြောင်း UNHCR ကိုယ်စားလှယ်မှ ပြောကြားသည်။

ယခုကိစ္စသည် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းအပေါ် မလေးအစိုးရနှင့် UNHCR တို့၏ သဘောတူညီမှုတခုဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ နှင့် UNHCR တို့ ပူးပေါင်းအားထုတ် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဒုက္ခသည်များ အများဆုံးနေထိုင်ရာ နေရာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်းပြုလုပ်မည့် အချိန်နှင့်နေရာတို့ကို UNHCR မှနေ၍ ဒုက္ခသည်အဖွဲ့အစည်းများသို့ ဆက်သွယ်ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ပြီး UNHCR အထောက်အထားရှိသည့် ဒုက္ခသည်နှင့် ခိုလှုံသူများအားလုံး မလေးအစိုးရနှင့် မှတ်ပုံတင်ခြင်းပြီးဆုံးသည်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း UNHCR ၏ မလေးရှားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Alan Vernon မှ ပြောကြားသည်။

ယခုပြုလုပ်မည့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းသည် တရားမ၀င်နိုင်ငံခြားသားများအတွက် မလေးရှားပြည်ထဲရေးဌာနမှ ဆောင်ရွက်လျက်ရှိသော 6P အစီအစဉ်နှင့် ပတ်သတ်မှုမရှိဘဲ သပ်သပ်စီဖြစ်ကြောင်း Alan Vernon မှ ရှင်းလင်းပြောကြားသည်။

ယခုအချိန်အထိ UNHCR-Malaysia နှင့် မှတ်ပုံတင်ထားပြီးသော ဒုက္ခသည်နှင့် ခိုလှုံသူစုစုပေါင်း ၉၅၀၀၀ ခန့် ရှိပြီး ၄င်းတို့မှာ မြန်မာ၊ သီရိလင်္ကာ၊ ဆိုမာလီ၊ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့အပါအ၀င် နိုင်ငံပေါင်းများစွာမှ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။

ယခုမလေးရှားအစိုးရနှင့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းကိစ္စသည် အခြားသောနိုင်ငံများနှင့် UNHCR တို့ သဘောတူထားကြသည့်အချက်ဖြစ်သော UNHCR အထောက်အထား ကိုင်ဆောင်သူ ဒုက္ခသည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သက်ဆိုင်သည့်အစိုးရနှင့် UNHCR တို့မှ လုံခြုံစွာ ထိန်းသိမ်းကာကွယ်ကြရန် ဟူသည့် သဘောတူညီချက်အတိုင်း ပူပေါင်းဆောင်ရွက်သွားကြမည် ဖြစ်သည်။

Saturday, November 5, 2011

amay eain

Wednesday, November 2, 2011

human right...........

စိုစိုစွတ်စွတ် မက်ဒေါ်နယ်





ဘန်ကောက်မြို့ ဒွန်မောင်းရပ်မှာရှိတဲ့ မက်ဒေါ်နယ်ဆိုင်
ရေ ဒူးဆစ် ကျော်နေပေမယ့် ဆိုင်ရှေ့က မက်ဒေါ်နယ်အရုပ်က အပြုံးမပျက်ပါ
အောက်တိုဘာ ၂၃ ရက်နေ့ကပုံပါဒွန်မောင်းမှာ ရေမကျသေးဘူး ဆိုတာ မနေ့တုန်းကထွက်ပေါ်လာတဲ့ AP ဓာတ်ပုံက ပြနေပါတယ်လာမယ့်ရေဘေးကို ကြံ့ကြံ့ခံရပ်တွေ့ဖို့ သဲအိတ်တွေနဲ့ စောင့်နေတဲ့ ဘန်ကောက်မြို့လယ်က မက်ဒေါ်နယ်ဆိုင်တဆိုင်ရေဘေးကြောင့် ထိုင်းမှာရှိတဲ့ မက်ဒေါ်နယ် ဆိုင်ခွဲတချို့ကို ပိတ်ထားရပါတယ်
ဆိုင်တွေပိတ်ရတာ အသစ်အဆန်းမဟုတ်ပါဘူး
နိုင်ငံရေးမတည်ငြိမ်တဲ့ဘန်ကောက်မှာ M တံဆိပ် မုန့်ကကြီးဆိုင်ခွဲတွေ တကြိမ်မက ပိတ်ရပြီးပါပြီ

နိုင်ငံပေါင်း တရာကျော်မှာ မုန့်ကကြီး ဆိုင်ခွဲတွေ ရောက်နေပေမယ့်
မြန်မာပြည်ကိုတော့ ရောက်မလာသေးပါ
ရန်ကုန်မှာတော့ သူ့လိုမျိုးမုန့်တွေ ရောင်းတဲ့ မက်ဘာဂါဆိုင်တော့ ရှိပါတယ်