Friday, December 9, 2011

DEMO ... CRACY

Monday, November 28, 2011

အသက်မပြည့်အမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်းသင်းပြီး ရောင်းစား သူ ချင်းအမျိုးသားတဦး ဖမ်းဆီး

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ Central Anti Drugs Squad (CADS) က အသက်မပြည့် သူအမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်းသင်းပြီး အခြားအမျိုးသားများထံ ပြန်လည်ရောင်းစားသူ အကြီးစား ချင်းအမျိုးသားတဦးကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

အဖမ်းခံရသူ ချင်းအမျိုးသားမှာ ဖလမ်းမြို့နယ် Lausau ကျေးရွာသား Mena ခေါ် Lalrozama (27) နဲ့ အတူ အသက်မပြည့်သူ မြန်မာအမျိုးသမီးတဦးကို အိုင်ဇောလ်မြို့ Tennis Court ၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ခန့် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ထုတ်သတင်းစာ ဖြစ်သည့် The Zozam Time တွင် ဖော်ပြသည်။

“နိုဝင်ဘာလဆန်းလောက်က Lalrozama နဲ့ သူငယ်ချင်းများသည် အိုင်ဇောလ်မြို့ တွင် အိမ်ဖော်အလုပ် လုပ်ကိုင်သူ အဆိပါအမျိုးသမီးကို ဘုရားကျောင်း အပြန်တွင် ဖမ်းဆီးပြီး အလိုမတူ ပေါင်းသင်းဆက်ဆံခဲ့ပြီးနောက်၊ အိမ်အပြင်မထွက်ရန် ချိမ်းခြောက်ခဲ့သည်ဟု” ၄င်းသတင်းစာ တွင် ဖော်ပြသည်။

ဒေသခံအိန္ဒိယအမျိုးသားများထံ တခါအိပ် ရှုပီးငွေ ၃၀၀ ဖြင့် ၂ ကြိမ် ရောင်းစားခဲ့ကြောင်း၊ အမျိုးသမီးအပေါ် ကိုယ်ထိလက်ရောက် စော်ကားခြင်း လည်းပြုလုပ်ခဲ့ပြီး ညအချိန်တွင် ကောင်း ကောင်းမအိပ်ခဲ့ကြောင်း တရာခံမြန်မာအမျိုးသမီးထွက်ဆိုချက်ကို ကိုးကားပြီးအဆိုပါ သတင်းစာတွင် ဖေါ်ပြထားသည်။

အဖမ်းခံခဲ့သူ Lalrozama သည် အမျိုးသမီးများကို အလိုမတူပေါင်းသင်းဆက်ဆံမှုကြောင့် ၃ ကြိမ် တိုင်တိုင် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်...KNG News
Posted by မြတ်လေးငုံ at Monday, November 28, 2011
Email ThisBlogThis!Share to TwitterShare to Facebook
Labels: မျှဝေခြင်း

အင်တာနက်

Saturday, November 26, 2011

NLD အတွက် ကော်မရှင်က ညှိပေး


NLD က ရွေးကောက်ပွဲ ကော်မရှင်ကို လျှောက်လွှာတင်တဲ့သတင်း ဒီနေ့ မြန်မာ့အလင်းမှာ ရေးထားပါတယ်။

ကော်မရှင်က NLD ဦးတင်ဦးတို့ ၂၁ ယောက် ပါတီမှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ညီမညီ စိစစ်ပေးပါအုံး ဆိုပြီး ၀န်ကြီးဌာနတွေကို မေတ္တာရပ်ခံ ညှိနှိုင်းထားတယ် တဲ့။

လွန်ခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်ကတော့ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်သူကမှ ကြိုတွက်ထားမိပုံ မရပါဘူး။

Friday, November 25, 2011

ပုံရိပ်


သောက်တော်ရေခွက်မှာ စွယ်တော်မြတ်ပုံရိပ် ပေါ်နေတယ် ဆိုတဲ့ အကြောင်း နိုင်ငံတော်အစိုးရသတင်းစာ မြန်မာ့အလင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မနေ့ကလည်း ဒီသတင်းကို နိုင်ငံတော်အစိုးရရဲ့ ကြေးမုံမှာ ဖော်ပြပြီး ဖြစ်ပါတယ်။

ကိုကို လူညာကြီး

Thursday, November 24, 2011

ဟီလာရီ ကလင်တန် ယခုလကုန် မြန်မာနိုင်ငံသို့ သွားမည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သွားရောက်မည် ဖြစ်သည်။

၎င်း၏ ခရီးစဉ်သည် သမ္မတ အိုဘားမား အစိုးရအဖွဲ့၏ မြန်မာနိုင်ငံအပေါ်ထားရှိသော တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒ အ ရ သွားရောက်ခြင်း ဖြစ်သည်။“နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ဒီခရီး စဉ် ဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့အကြား နှစ် ၅၀ အတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မာ့ခ်တုန်နာက ပုံမှန် သတင်းထုတ်ပြန်ရာတွင် ထည့်သွင်း ပြောကြားသည်။

မာ့ခ်တုန်နာက ဆက်လက်ပြီး“မစ္စ ကလင်တန်ဟာ အမေရိကန်က ချမှတ်ထားတဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ ပတ် သက်ပြီး အမေရိကန်ရဲ့၂ လမ်းသွား ဆက်ဆံရေးကို အလေးအနက်ထားပြောဆိုမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ မကြာသေး ခင် က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ကူညီသွားမယ်ဆိုတာလည်း ထပ်လောင်း အတည်ပြုမှာ ဖြစ်သလို နောက်ထပ် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြော ဆိုသည်။

မစ္စ ဟီလာရီ ကလင်တန်က ခရီးစဉ်အတွင်း လူထု အခြေပြု အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမှာဖြစ်ပြီး တိုင်းပြည်တိုးတက်ရေးဆိုင်ရာ အမြင်များကို စုစည်းရယူကာ အကြံပြုသွားမည်လည်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ယခု ခရီးစဉ်တွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ရုပ် သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သမ္မတ အိမ်ဖြူတော် ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘန်ရုဒ်စ် (Ben Rhodes) က ၀ါရှင်တန်နိုင်ငံခြားသတင်းစာဆရာများ အသင်းတိုက်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားထားသည်။

“ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ ကျနော်ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီး စဉ် တစိတ်တပိုင်း အားဖြင့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အရှိန်အဟုန် ပိုကောင်းလာအောင် လုပ်ဆောင် သွားဖို့ ဖြစ်သလို၊ ရှေ့မှာ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို စူးစမ်းဖို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိတ်ဆို့မှုတွေကို အခု အချိန်မှာ ပြန်ပြီး ရုပ်သိမ်းဖို့တော့ အစီအစဉ် မရှိသေးပါဘူး”ဟုလည်း မစ္စတာ ဘန် ရုဒ်စ် က ဆိုသည်။

မစ္စ ဟီလာရီ ကလင်တန် ခရီးစဉ်တွင် ဥပဒေ အကြံပေး ချယ်ရီလ် မေးလ်စ်၊ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးများဖြစ်ကြ သော ကာ့တ် ကမ်းဘဲလ် နှင့် မိုက်ကယ် ပို့စနာ၊ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ် မစ်ချယ်၊ မူဝါဒချမှတ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိတ် ဆူလီဗန် တို့လည်း မစ္စ ကလင်တန်နှင့်အတူ လိုက်ပါသွား ကြမည်ဖြစ်သည်။လွန်ခဲ့သည့်အပတ်က သမ္မတ ဘားရက်အိုဘားမား က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ကျင်းပသော အရှေ့အာရှထိပ်သီးဆွေး နွေးပွဲတွင် မစ္စ ကလင်တန်အား မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့၏ ပထမဆုံး တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ မသွားရောက်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် အဆင့်မြင့် အရာရှိများ တက်ရောက်မည့် တောင်ကိုရီးယားနိုင်ငံ ဘူစန်မြို့တွင် ကျင်းပသော အကူ အညီ ပေးရေးဆိုင်ရာ ၄ ကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Tuesday, November 22, 2011

တိုင်မလားဆိုတော့တိုင်မယ်လေ ပြည်ပ အေဂျင်စီများ မရိုးသားလျှင် Online မှ တစ်ဆင့် တိုင်ကြားခွင့်ပြု


ပြည်ပ ထွက်ခွာ လုပ်ကိုင်မည့် အလုပ် သမားများ အနေနှင့် ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်နိုင်ရန် ချိတ်ဆက် လုပ်ကိုင် ရသော ပြည်ပ အလုပ် အကိုင် အေဂျင်စီ များက မရိုးမသားလုပ်ဆောင်မှုများရှိလာလျှင် အလုပ်သမားဝန်ကြီးဌာနသို့ Online မှတစ်ဆင့် တိုင်ကြားခွင့်ပြုကြောင်း နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ www.mol.gov.mm Website ကနေ တိုင်ကြား နိုင်ပါတယ်။ အတတ်နိုင်ဆုံး ဖြေရှင်းပေးမှာပါ”ဟု ၄င်းကရှင်းပြသည်။

Online မှတစ်ဆင့် တိုင်ကြားနိုင်သကဲ့သို့ ရုံးအမှတ် ၅၁၊ နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့လည်း စာဖြင့် တိုင်ကြားနိုင်ကြောင်း နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

“တိုင်နိုင်တာတော့သိတယ်။ ဘယ်လိုတိုင်ရမလဲဆိုတာ မသိတာခက်တာ။ အခုသိပြီ။ အခက်အခဲပေါ်လာရင်တော့တိုင်ကြားမှာပါ” ဟု မလေးရှားသို့ ထွက်ခွာရန် ပြင်ဆင်နေသူမြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်၊ နွယ်သာကီ ၆ လမ်းနေ မလေးရှားသို့ နှစ်ကြိမ်ထွက်ခွာဖူးသူ အသက် ၂၃နှစ်ရှိ ကိုဟိန်းဇေယျာကျော်ကဆိုသည်။

ယခုနှစ်တွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်မညီသော ဂရင်းဝေး၊ မြန်မာ့အေး၊ ဘားတက်စ်ပဲလေ့စ်၊ ကောင်းဆက်၊ Royal Myanmar၊ Golden Cambel စသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ခြောက်ခုကို အရေးယူခဲ့ကြောင်း၊ ယင်းအေဂျင်စီများသည် အလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ စေလွှတ်ခြင်း၊ လေဘာကတ်မယူခြင်း၊ အခွန်မဆောင်ခြင်းအမျိုးသမီးများကိုပြည်ပသို့ပို့ခြင်း၊ ပြောထားသည့် အလုပ်နှင့် အမှန်တကယ် လုပ်ကိုင်ရသည့်အလုပ်မှာ ကွဲလွဲနေခြင်းတို့ကြောင့် အလုပ်သမားများက မကျေနပ်သဖြင့် တိုင်ကြားပြီး အရေးယူမှုအများဆုံးပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။

ယခုနှစ်တွင် တရားဝင် လုပ်ကိုင်ခွင့်ပေးထားသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၁၃ ခုရှိပြီး ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၀ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

Source by :The Voice Journal

အိုင်ဒီ နဲ့ အချက်အလက်



ဖေ့စ်ဘုတ်ကနေ ရခဲ့တဲ့ တန်ခိုးရှင် ၀က်ဆိုက် လိပ်စာက
http://www.scrolllock.nl/passport/
အဲဒီမှာ ကိုယ့်နာမည်နဲ့ နိုင်ငံအမည် ရေးပြီး ရှာရင်
ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ အချက်အလက်တွေ ရမယ်လို့ အာမခံထားပါတယ်။

အဲဒါကို စမ်းသပ်ကြည့်တော့ အချက်အလက်တင် မကဘူး အိုင်ဒီတခုကိုပါ ရလိုက်တယ်။
စမ်းသပ်ကြည့်နိုင်ပါတယ်။နိုင်ငံ နေရာမှာ Burma ကို ရွေးပါ။ (Myanmar မရှိသေးလို့)
ကံကောင်းပါစေ။

Monday, November 21, 2011

ဆင်ဖြူဖြူ အမည်ပေးနည်း နိဿရည်း


အစိုးရမင်းများ ဘုန်းတော်ကြီးမားလို့ ရရှိလာတဲ့ ဆင်ဖြူတော်တွေကို မနေ့က ကင်ပွန်းတပ်ပွဲ လုပ်ပါတယ်။

နေပြည်တော်က နိုင်ငံခေါင်းဆောင်တွေ တယောက်ချင်းစီက ဆင်နာမည်ကို ၃ ကြိမ် အော်ပေး ခေါ်ပေးတယ်လို့ နိုင်ငံတော်သတင်းစာများမှာ ရေးထားပါတယ်။

Friday, November 18, 2011

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သမ္မတ အိုဘားမား၏ မိန့်ခွန်း


7Day News ဂျာနယ်၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

(အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သော အမေရိကန်သမ္မတ၏ မိန့်ခွန်းကို 7Day News International Desk မှ ဘာသာပြန်ဆိုသည်။)

အားလုံး မင်္ဂလာနေ့လယ်ခင်းပါ။ ကျွန်တော့်အစိုးရသက်တမ်းတစ်လျှောက်နဲ့ ဒီခရီးစဉ်တစ်လျှောက် လုံးမှာ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကရဲ့ ယုံကြည်ချက်ကို အလေးအနက်ထား စဉ်းစားခဲ့ပါ တယ်။ ဒါ့အပြင် ဒီဒေသအတွင်း လူ့အခွင့်အရေးကိစ္စတွေရဲ့ အနာဂတ်ကိုရော အမေရိကန်ရဲ့ ယုံကြည်ရပ်တည်မှုအပေါ်ကိုပါ ကျွန်တော် အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ကနေ့မှာတော့ ကျွန် တော်ဟာ အဲဒီ့မျက်နှာစာနှစ်ဖက်စလုံးမှာ ရှေ့ကို တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေထဲက အရေးပါ တဲ့ခြေလှမ်းတစ်ရပ်ကို ကြေညာပါတော့မယ်။

ဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပဲ အမေရိကန်တွေဟာ မြန်မာပြည်သူတွေအတွက် အခြေခံလူ့ အခွင့်အရေး ကိစ္စတွေ ငြင်းပယ်ထားတာအပေါ် နက်ရှိုင်းစွာပူပန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးသမားတွေကို ဖိနှိပ်ထားမှု၊ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေအပေါ် ဦးတည်ပြသခဲ့တဲ့ရက် စက်မှုနဲ့ စစ်ခေါင်းဆောင်အနည်းငယ်ရဲ့ လက်ထဲမှာပဲ အာဏာကို ဆုပ်ကိုင်ထားမှုတွေဟာ (မြန်မာနိုင်ငံအပေါ်) ကျွန်တော်တို့ရဲ့ စဉ်းစားပုံကို စိန်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ အမေရိကရဲ့ (အဝေးမှာ) အထီးကျန်စေခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲပဲ မြန်မာပြည်သူတွေအပေါ် လေးစားမှုထားရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပါ လေးစားမှုထားခဲ့ပါတယ်။ (ဒီတိုင်းပြည်က) အရှေ့နဲ့ အနောက် ဆုံစည်းရာမှာတည်ရှိတဲ့ကြွယ်ဝတဲ့သမိုင်းနဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ပြည်သူလူထုကလည်း တည်ငြိမ်တဲ့ဂုဏ်သိက္ခာ နဲ့ ထူးခြားပြီး အလားအလာကောင်းတွေရှိ တဲ့ ပြည်သူတစ်ရပ်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ကိုပဲ မြန်မာပြည်သူတွေရဲ့ ဖိနှိပ်ခံရမှုနဲ့ ကတိစကားကို အောင်ဆန်းစုကြည်ဆိုတဲ့(နာမည်နဲ့) သင်္ကေတ ပြုခဲ့ကြတယ်။ (ခေတ်သစ်) မြန်မာနိုင်ငံကို တည်ထောင်သူရဲ့ သမီးရင်းတစ်ဦးအနေနဲ့၊ သူမ ပြည်သူတွေအတွက် ခွန်အားကြီးမားစွာရပ်တည်ခဲ့သူတစ်ဦးအနေနဲ့ သူမဟာ အခြားသော ဖိနှိပ်ခံရတဲ့ မြန်မာလူမျိုးများလိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ရတယ်။

ဒါပေမဲ့ မှောင်အတိနှစ်များစွာပြီးတဲ့နောက်မှာတော့ ဟောဒီရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ တိုးတက်မှုအရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ အရေးပါတဲ့ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။

အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားအချို့ကို အစိုးရက လွှတ်ပေးခဲ့တယ်။ ပြီးတော့ ဥပဒေပြုရေးကဏ္ဍကလည်း နိုင်ငံရေးပတ်ဝန်းကျင်ကိုပွင့်လင်းဖို့ အတည်ပြုပေးခဲ့တယ်။ ဒါ့ကြောင့် ဒါတွေအားလုံးကို ခြုံကြည့်ရင် ဒါတွေဟာ နှစ်များစွာအတွင်း ကျွန်တော်တို့ မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ အရေးကြီးဆုံး ခြေလှမ်းတွေ ဖြစ်ပါတော့တယ်။

တကယ်တမ်းတော့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပိတ် ထားတဲ့နိုင်ငံရေးစနစ်၊ ၄င်းရဲ့ လူနည်းစု(တိုင်းရင်းသား)တွေအပေါ် ဆက်ဆံပုံနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ၄င်းရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေအပေါ် စိုးရိမ် ပူပန်ဆဲရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ် လာနိုင်တဲ့အရာကို ဆုပ်ကိုင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်စီပြုပြင်ပြောင်းလဲရေး လမ်း ကြောင်းပေါ် ဆက်လက်လျှောက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တစ်ရပ် ပုံသွင်းနိုင်မယ်ဆိုတာလည်း ရှင်းလင်းစွာဖော်ပြချင်ပါတယ်။

မနေ့ညက ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး သူမကလည်း ဒီဖြစ်စဉ် ရှေ့ဆက်တိုးတက်ရေးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကိုထောက်ခံကြောင်း အတည်ပြုခဲ့ ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်ဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံ သွားရောက်ဖို့ပြောခဲ့ပါတယ်။ သူမဟာ ရာစုနှစ်တစ်ဝက်ခန့်ကာလအတွင်း ဒီတိုင်းပြည်ကို သွားရောက် တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပါလိမ့်မယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု က မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကာလတစ်ရပ်ဖြစ်ဖို့ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို နည်းလမ်းရှာဖွေပြီး ကျွန်တော်တို့နှစ်နိုင်ငံ အကြား စာမျက်နှာသစ် စတင်ဖွင့်လှစ်ပါလိမ့်မယ်။

အဲဒီဖြစ်နိုင်ခြေဟာ မြန်မာအစိုးရက ပိုပြီးလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်တဲ့အပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လျှောက်ဖို့ ပျက်ကွက်ခဲ့ရင် ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှုတွေကို ဆက်လက်ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ဟာ ဒီအချိန်မှာ (အပြောင်းအလဲကို) ဖမ်းဆုပ်နိုင်ရန် အဲဒီနောက်မှာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားကောင်းစေနိုင်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝမှုနဲ့ လွတ်လပ်မှုတွေကို ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ ရရှိပြီး၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်နိုင်ခြေဟာ မသိကျိုးကျွံပြုလို့ မရအောင် သိပ်အရေးပါလှပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနဲ့ အမေရိကန်ရဲ့ တွေ့ဆုံမှုမှာ ဒီသတင်းစကားတွေကို ထပ်မံပြောကြားသွားပါဦးမယ်။ ဒီအတောအတွင်း မစ္စဟီလာရီကလင်တန်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို ခရီးထွက်ရင် သူမဟာလည်း ဒီသတင်း စကားကို ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ (မြန်မာ) အစိုးရကိုပါ ပေးအပ် ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

ထပ်ပြောချင်တာကတော့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ အသစ် တစ်ဖန် ပြန်လည်စတင်ရေး အနာဂတ်ကိုရရှိဖို့ ဆက်လက်လုပ်ဆောင်စရာတွေရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှု များကို တုံ့ပြန်သောအားဖြင့် ဒီခြေလှမ်းကိုစတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ အားလုံးလွှမ်းခြုံ နိုင်တဲ့ ယူနီဗာဆယ်တန်ဖိုးတွေနဲ့ သတ္တိရှိတဲ့ပြည်သူတစ်ရပ်၊ တစ်မူ ထူးခြားတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ယုံကြည်ခံယူချက်ကို ရှင်းလင်းစွာသရုပ်ဖော်ဖို့ ကျွန်တော်ဆုံးဖြတ် ချက်ချခဲ့ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။

ကန်ကြီးအချက်.. ဝ, အခက်.. ရွှေတို့အကွက်

Monday, November 14, 2011

ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်


ပြည်သူ့ဂုဏ်ရည်ဆုရှင်တစ်ဦးဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ပြုလုပ်သော ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် ၄၁၁၊ မဟာဗန္ဓုလလမ်းရှိ ဧမာနွေလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၏ ၂၁ နှစ်မြောက် မဟာဓမ္မသဘင်ပွဲတွင် ယင်းသို့ လူမှုရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် ဦးကျော်သူ (ခ) ဦးကျော်ဝင်း အား Doctor of Humane Social Services (D.H.S.S) ဘွဲ့၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား Master of Humane Social Services (M.H.S.S) ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပြီး သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev. Dr. Paul F. Johns က ပေးအပ်ခဲ့သည်။ ထို့ပြင် ဆရာမကြီး ဒေါ်မေမေခင်အား Doctor of Divinity (D.D) ဘွဲ့ ပေးအပ်ခဲ့ပြီး ဒေါ်မော်မော် (စာရေးဆရာမ လမင်းအိမ်)၊ ဒေါ် Peggy Gyaw၊ ဒေါ် Rowena Hein တို့အား Master of Humane Social Services (M.H.S.S) ဘွဲ့များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဦးကျော်သူအား D.H.S.S ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ဧမာနွေလ နှစ်ခြင်းအသင်းတော်၏ သိက္ခာတော်ရဆရာတော်ကြီး ပေါလ်အက်ဖ် ဂျွန်စ် က “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကို ပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့အလုပ်ကို လုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရား တွေ့မှပဲ လူတွေက မျက်ရည်ကျတာ များတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေးတာက တကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့အလုပ် ကိုကျော်သူက လုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား M.H.S.S ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်း “ခင်ပွန်းဖြစ်သူနှင့်အတူ လူမှုရေးလုပ်ငန်းများကို ‘မောင်တထမ်း မယ်တရွက်’ တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံ့သြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိ ဤဘွဲ့အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်ကြောင်း၊ နိုင်ငံတော်အစိုးရအား မိမိတို့ တဖက်တလမ်း လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ နယ်စပ်ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့် ရရှိကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်ခင်ဖေ ကလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါတယ်။ မိမိတို့လို ဘာသာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျမ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကို အမြန်ဆုံး စည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျမ ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများက ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင် နှင့် မွေးနေ့ အထူးဖယောင်းတိုင်များ ထွန်းညှိဆုတောင်းခြင်း၊ ပရိသတ်များက ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့က ဓမ္မတေးများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ။


ပြည်သူ့ဂုဏ်ရည် အင်တာနက် စာမျက်နှာ - http://2011.citizenofburma.org/en/coba-press-release/2011-11-08-09-33-36/370-2011-11-14-01-00-38 ရှိ သတင်းကို ကူးယူ ဖော်ပြသည်။








.

Sunday, November 13, 2011

မြန်မာသတင်းစာတောင် မြန်မာစာမတတ်ကြတော့ဘူး။သနားစ၇ာကောင်းလိုက်တာ။:(


မြန်မာသတင်းစာတောင် မြန်မာစာမတတ်ကြတော့ဘူး။သနားစ၇ာကောင်းလိုက်တာ။:(

Thursday, November 10, 2011

မြှား


ပြောခွင့်

Sunday, November 6, 2011

မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်နှင့် ခိုလှုံသူများ ဇန်န၀ါရီလတွင် မှတ်ပုံတင်ရန်


မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်နှင့် ခိုလှုံသူများ ဇန်န၀ါရီလတွင် မှတ်ပုံတင်ရန်

မလေးရှားအစိုးရအနေနှင့် UNHCR အထောက်အထားကိုင်ဆောင်ထားကြသည့် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများကို ဇန်န၀ါရီလ၊ ၂၀၁၂ တွင် စတင် မှတ်ပုံတင်ပေးသွားမည်ဖြစ်ကြောင်း UNHCR ကိုယ်စားလှယ်မှ ပြောကြားသည်။

ယခုကိစ္စသည် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းအပေါ် မလေးအစိုးရနှင့် UNHCR တို့၏ သဘောတူညီမှုတခုဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ နှင့် UNHCR တို့ ပူးပေါင်းအားထုတ် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဒုက္ခသည်များ အများဆုံးနေထိုင်ရာ နေရာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်းပြုလုပ်မည့် အချိန်နှင့်နေရာတို့ကို UNHCR မှနေ၍ ဒုက္ခသည်အဖွဲ့အစည်းများသို့ ဆက်သွယ်ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ပြီး UNHCR အထောက်အထားရှိသည့် ဒုက္ခသည်နှင့် ခိုလှုံသူများအားလုံး မလေးအစိုးရနှင့် မှတ်ပုံတင်ခြင်းပြီးဆုံးသည်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း UNHCR ၏ မလေးရှားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Alan Vernon မှ ပြောကြားသည်။

ယခုပြုလုပ်မည့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းသည် တရားမ၀င်နိုင်ငံခြားသားများအတွက် မလေးရှားပြည်ထဲရေးဌာနမှ ဆောင်ရွက်လျက်ရှိသော 6P အစီအစဉ်နှင့် ပတ်သတ်မှုမရှိဘဲ သပ်သပ်စီဖြစ်ကြောင်း Alan Vernon မှ ရှင်းလင်းပြောကြားသည်။

ယခုအချိန်အထိ UNHCR-Malaysia နှင့် မှတ်ပုံတင်ထားပြီးသော ဒုက္ခသည်နှင့် ခိုလှုံသူစုစုပေါင်း ၉၅၀၀၀ ခန့် ရှိပြီး ၄င်းတို့မှာ မြန်မာ၊ သီရိလင်္ကာ၊ ဆိုမာလီ၊ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့အပါအ၀င် နိုင်ငံပေါင်းများစွာမှ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။

ယခုမလေးရှားအစိုးရနှင့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းကိစ္စသည် အခြားသောနိုင်ငံများနှင့် UNHCR တို့ သဘောတူထားကြသည့်အချက်ဖြစ်သော UNHCR အထောက်အထား ကိုင်ဆောင်သူ ဒုက္ခသည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သက်ဆိုင်သည့်အစိုးရနှင့် UNHCR တို့မှ လုံခြုံစွာ ထိန်းသိမ်းကာကွယ်ကြရန် ဟူသည့် သဘောတူညီချက်အတိုင်း ပူပေါင်းဆောင်ရွက်သွားကြမည် ဖြစ်သည်။

Saturday, November 5, 2011

amay eain

Wednesday, November 2, 2011

human right...........

စိုစိုစွတ်စွတ် မက်ဒေါ်နယ်





ဘန်ကောက်မြို့ ဒွန်မောင်းရပ်မှာရှိတဲ့ မက်ဒေါ်နယ်ဆိုင်
ရေ ဒူးဆစ် ကျော်နေပေမယ့် ဆိုင်ရှေ့က မက်ဒေါ်နယ်အရုပ်က အပြုံးမပျက်ပါ
အောက်တိုဘာ ၂၃ ရက်နေ့ကပုံပါဒွန်မောင်းမှာ ရေမကျသေးဘူး ဆိုတာ မနေ့တုန်းကထွက်ပေါ်လာတဲ့ AP ဓာတ်ပုံက ပြနေပါတယ်လာမယ့်ရေဘေးကို ကြံ့ကြံ့ခံရပ်တွေ့ဖို့ သဲအိတ်တွေနဲ့ စောင့်နေတဲ့ ဘန်ကောက်မြို့လယ်က မက်ဒေါ်နယ်ဆိုင်တဆိုင်ရေဘေးကြောင့် ထိုင်းမှာရှိတဲ့ မက်ဒေါ်နယ် ဆိုင်ခွဲတချို့ကို ပိတ်ထားရပါတယ်
ဆိုင်တွေပိတ်ရတာ အသစ်အဆန်းမဟုတ်ပါဘူး
နိုင်ငံရေးမတည်ငြိမ်တဲ့ဘန်ကောက်မှာ M တံဆိပ် မုန့်ကကြီးဆိုင်ခွဲတွေ တကြိမ်မက ပိတ်ရပြီးပါပြီ

နိုင်ငံပေါင်း တရာကျော်မှာ မုန့်ကကြီး ဆိုင်ခွဲတွေ ရောက်နေပေမယ့်
မြန်မာပြည်ကိုတော့ ရောက်မလာသေးပါ
ရန်ကုန်မှာတော့ သူ့လိုမျိုးမုန့်တွေ ရောင်းတဲ့ မက်ဘာဂါဆိုင်တော့ ရှိပါတယ်

Wednesday, October 26, 2011

ခေါင်းစဉ်


ကာတွန်းတစ်ပုံရဲ့ အနှစ်သာရဟာ ခေါင်းစဉ်ပေးမှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ အခုတင်ထားတဲ့ ကာတွန်းလေးကို ဒီခေါင်းစဉ် တစ်ခုစီ ပြောင်းလဲကြည့်ရှု့လိုက်ပါ။ အရသာတွေပါ ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

(၁)သတင်းပေး
(၂) ဒါမျိုးတွေ ရိုးနေပြီ..
(၃)များလိုက်ပါတဲ့ လက်ကိုင်ဖုန်း
(၄)ဒုက္ခကနောက်မှ စားရဖို့က အရင်....

ကာတွန်း - ဟာဂျူလီ (ကသာ) ဖေ့စ်ဘုတ်မှ

Tuesday, October 25, 2011

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၆၊ ၂၀၁၁ 0 ကိုဇာဂနာရဲ့ တထောင်ဝင်တထောင်ထွက်နိုင်ငံရေးအကျဉ်းသား ကူညီရေးခရီးစဉ်







ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၆၊ ၂၀၁၁

ကိုဇာဂနာရဲ့ တထောင်ဝင်တထောင်ထွက်နိုင်ငံရေးအကျဉ်းသား ကူညီရေးခရီးစဉ်


သာယာဝတီမှာ..မိတ်ဆွေတွေနဲ့ ..တွေ့ ပါတယ်.။ခရိုင်တခုလုံးမှာရှိကြတဲ့..ရှစ်( ၈ )မြို့ နယ်က..လူမှုရေးအဖွဲ့ ( NLD ) လူငယ်တွေနဲ့ လည်း..တွေ့ ရပါတယ်..။

သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်းအဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။

Sunday, October 23, 2011

NLD Art Show - Charity Fund Raising

ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား ( ထွန်းအောင်ကျော်)


ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား
ထွန်းအောင်ကျော်
Posted: 22 Oct 2011 10:24 PM PDT

ဗိုလ်ချုပ်မြကို ၁၉၉၇ ခုနှစ်ကတောထဲမှာတွေ့တဲ့အခါသူက DABရဲ့သဘောတူညီချက်ကိုမလိုက်နာဘဲ တော်လှန်ရေးအဖွဲ့တွေတဖွဲ့ခြင်းငြိမ်းချမ်းရေးယူကြလို့ အင်အားချိ့နဲ့သွားခဲ့တာကိုထောက်ပြသွားတယ်၊ အခုUNFC ဟာအရင်ကအမှားတွေကိုသင်္ခန်းစာယူပြီး ဖဲ့စည်းရုံးတာမခံဘဲအဖွဲ့လိုက်ဆွေးနွေးပွဲကိုခိုင်ခိုင် ရပ် ပြီးတောင်းဆိုနိုင်ဘို့လိုတယ်။ ဗိုလ်ချုပ်မြက ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တွေကိုခေါင်းဆောင်နဲ့ ငယ်သားခွဲ ပစ်လိုက်တော့ ခေါင်းဆောင်လုပ်သူတွေကိုစီးပွားရေးလုပ်ကွက်တွေပေးပြီးဖျက်စီးလိုက်တော့သာယာပြီး ငယ်သားတွေနဲ့ကွာဟသွားတယ် တဲ့ဒီစကားဟာသွေးထွက်အောင်မှန်တယ်လို့ဆိုရမယ်၊ အခုကြည့် ဗိုလ် စောချစ်သူဘယ်လောက်ချမ်းသာနေလဲ၊ DKBA တွေအခုမတရားတာကိုငုံမခံဘဲပြန်ချတော့မပါတော့ဘူး မရဘူးတဲ့စည်းစိမ်ကိုမစွန့်နိုင်တော့ဘူးလေ။

ရာထူးကြီးကြီး ၂ခုယူထားတဲ့ ဟန်ညောင်ဝေဟာအခုရန်သူနယ်မြေမှာ အေးအေးချမ်းချမ်းရှမ်းပြည် အထိသွားပြီးလည်ပတ်နေပြီ၊ စဉ်းစားကြပါ၊ EBO ရဲ့ညွှန်ကြားရေးမှူး၊ DVB ရဲ့ ညွှန်ကြားရေးမှူး (ပူပူ နွေးနွေး ဖြစ်ခါစ) အနေနဲ့ အစိုးရဆန့်ကျင်ရေးအတွက်အောက်ခြေမဟုတ်ဘဲ ထိပ် ဆုံးကနေရာယူထားသူက ဘာသဘောတူညီချက်မှပေးစရာမလိုဘဲ ပြန်သွားနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မ လား၊ UNFC အနေနဲ့ အထူးသတိထားဘို့လိုပြီ၊ ENC လည်းသတိရှိဘို့လိုပြီး၊ တပ်ပေါင်းစုမူအတိုင်းသွား နိုင်ဘို့လိုသည်။

ထွန်းအောင်ကျော်

Friday, October 21, 2011

Muammar Gaddafi killed

Monday, October 17, 2011

Sunday, October 16, 2011

Saturday, October 15, 2011

Thursday, October 13, 2011

the lady,,

ပြည်သူ့ အနုပညာရှင် ကျော်သူ ဆံပင် ညှပ်ပါပြီလားတဲ့ .by Thida သီတာ on Thursday, October 13, 2011 at 11:08am.


အင်္ဂါနေ့  နေ့ လည့်  လန်ဒန်က ပြန်ရောက်ရောက်ခြင်း မနားတော့ပဲ အလုပ်တန်းဝင်လိုက်တယ် .. ညနေကျတော့ အိမ်ပြန်မယ်အလုပ် နောက်နေ့ သီတင်းကျွတ်လပြည်နေ့မှာ ထူးမယ်ဆိုတော့ မျှော်သူ ပျော်သူတွေနဲ့  တပြေးညီရှိဘို့ နော်ဝေအချိန် မနက် အစောကြီး ၂ နာရီခွဲထဲကနေ Live လွှင့်ကြမယ်တဲ့ .. ဒါနဲ့  အိမ်မပြန်ဖြစ်ပဲ တာဝန်ယူထားတဲ့ အလုပ်တွေ ဆက်လုပ်နေဖြစ်သွားတယ် .. - ခရီးကလဲ ပန်း အလုပ်ကလဲ ဆက်တိုက်ဆိုတော့ နေ့ တာရှည်သလိုဖြစ်သွားတော့ ည ၁၂ နာရီလောက်ကျတော့ မျက်လုံးက မတတ်နိုင်တော့တာနဲ့ ရုံးက စားပွဲအောက် ချောင်ထဲ ခဏ တိုးအိပ်လိုက်တယ် -- - ၂ နာရီ- ၃ နာရီ လောက် အိပ်ပြီး စိတ်လှုပ်ရှားစရာ အခြေအနေတွေအတွက် နိုင်တဲ့ဘက်ကနေ လုပ်နေတာ မမောနိုင် မပန်းနိုင်ပေါ့..



Talk2DVB အကောင့်မှာဖြေရင်း ဘယ်သူတွေ လွတ်တယ် -- ဘယ်ကို ဖုံးဆက်လို့ ရမလဲ လိုက်မေးရတာကလဲ လက်ကိုညောင်းလို့  .. နောက် ဘယ်ထောင်က ဘယ်သူ လွတ်တယ် .. Generation Wave က ဘယ်သူ လွတ်တယ်.. ကိုသူရ တော့ ရန်ကုန်လေဆိပ်ရောက်ပြီ စတဲ့ စတဲ့ စိတ်လှုပ်ရှားစရာတွေကနေ မျှော်သူ - ပျော်သူ - အော်သူ တွေကြားက ကျော်သူ ဆိုတာကို သတိရသွားတယ် .. ဒါနဲ့  ဖုံး လှမ်းဆက်မိတယ်..



အဟဲ -- စစချင်းတော့ သီတင်းကျွတ် ကန်တော့လိုက်သေးတယ်.. (မုန့် ဘိုးလေး ရလို ရငြားပေါ့ -- ဖုံးကနေကန်တော့တော့ ဖုံးကနေပဲ လိုချင်တဲ့ မုန့် ဘိုး တွေ ပေးပါတယ်.. :P ) --



ပြီးတော့ မေးမိတာက ဆံပင်ညှပ်လိုက်ပြီလားပေါ့ ...



မညှပ်ပါဘူးတဲ့ ..

(အဲ မညှပ်ဘူးဆိုတော့ ကိုယ့်ဘာသာ ကောက်ချက်တခု ချလိုက်မိပေမယ့် -- ကိုယ်က ဆံပင် အရှည်လေးတွေ ချစ်တဲ့သူဆိုတော့ ထူးထူး ခြားခြားတော့ မခံစားမိလိုက်ဘူး )

ဘာလို့  မညှပ်တာလဲဆိုတော့ ယုံကြည်ချက်တခုကြောင့်တဲ့ ..

ဘာရယ်ဆိုတာတော့ မေးမနေတော့ပါဘူး..



အဓိပါယ်ရှိတဲ့ လူတိုင်းမှာ ယုံကြည်ချက်ဆိုတာ ရှိကြတယ်လေ..



ဒီနေ့ ကြာသပတေး ညနေကတော့ ဆံပင်လေး နည်းနည်း တိ ထားတယ်တဲ့ ...

ကြည့်ချင်လိုက်တာ -- ပုံလေးတွေ ပို့ ပေးပါဦးဆိုတော့ ပို့ လာတယ်..

အဲ ပုံတွေမှာ ဆံပင်လေးတွေ တိထားတာ --

နောက် ဆံပင်ဆေးအနက် ဆိုးထားတာ တွေ့ တယ်...

ထူးထူးခြားခြား သတိထားမိတာက အကျီအဖြူတွေနဲ့ ပဲ တွေ တွေ့ နေရတဲ့ ဦးမောင်ကို T shirt အနက် နဲ့  တွေ့ ရတဲ့အပြင် ဦးမောင် မဟုတ်ပဲ အရင်ကတည်းက crazy ဖြစ်ခဲ့တဲ့ ကျော်သူ ပုံစစ်စစ် တွေ့ လိုက်ရတယ် (ပဲ လေးနဲ့ ပေါ့ :P) .. ဒီလို မတွေ့ ရတာ ၃-၄ နှစ်လောက်ရှိသွားဘီလေ
ကိုယ်ကိုယ်တိုင်က အနုပညာဝါသနာပါပြီး ဘာမှမယ်မယ်ရရ မတတ်လို့  ကျော်သူတို့ လို ပြည်သူ့ အနုပညာရှင်တွေဆိုရင် အဲ့လို အသေးစိတ်လေးတွေကအစ ဂရုထား ချစ်ခင်လေးစားတာ ..



လက်မောင်းက တက်တူးကြီးကလဲ မိုက်မှမိုက် ...

ဝတ်ထားတဲ့ T shirt က အမေရိကန်ရောက် မြန်မာတွေဂုဏ်ပြုထားတဲ့ ပြည်သူ့ ဂုဏ်ရည်ဆု အထိမ်းအမှတ် ထုတ်ထားတဲ့ T shirt တဲ့ ..

ဆံပင်ကတော့ နဂိုကောက်ကို ဆေးအနက်ရောင် ဆိုးထားတာပေါ့..

အင်း ဒီလိုဆိုတော့ ကျိန်းသေတယ် ဦးမောင် စိတ်နည်းနည်း ရွှင်နေပုံရတယ်..



အပြုံးလေးတွေ - အကြည့်လေးတွေကလဲ ရွှန်းနေပြီး စတိုင် တွေကလဲ လန်းနေတာနဲ့ ပဲ ကျော်သူ့ ကိုချစ်တဲ့ ပရိသတ်အတွက် ဝေငှလိုက်မိပြန်ဘီ ..



ဆံပင် ရှည်ရှည် တိုတို -- မုတ်ဆိတ် ရှိရှိ - မရှိရှိ ကျော်သူ ခေါ် ဦးမောင်ရဲ့  လူမှုရေးစိတ်ဓါတ်လှလှတွေကို လေးစား အတူယူတာမို့  အမြဲ အားပေးနေမှာပါ...



ယုံကြည်ချက် လက်ကိုင်ထားပြီး တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ဦးမောင် ယုံကြည်ချက်တွေ အောင်မြင်ပါစေ ဆုတောင်းရင်း..
သီတာ (face book)

(Yangon Press International က ထောင်က ပူပူနွေးနွေးလွတ်စ ဦးဇာဂနာနဲ့ အင်တာဗျူးထားတာပါ။ ဦးဇာဂနာရဲ့ အဖြေမှာပါတဲ့ မြန်မာ တရားစီရင်ရေးစနစ်ကို ရှုတော်မူကြပါ



(Yangon Press International က ထောင်က ပူပူနွေးနွေးလွတ်စ ဦးဇာဂနာနဲ့ အင်တာဗျူးထားတာပါ။ ဦးဇာဂနာရဲ့ အဖြေမှာပါတဲ့ မြန်မာ တရားစီရင်ရေးစနစ်ကို ရှုတော်မူကြပါကုန်။)

YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။

ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။ အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။

နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊

ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊

နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။

အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။

ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

Cartoon Show in Light Festival

Wednesday, October 12, 2011

သီးလေးသီးရဲ့ အတွင်းသရုပ်။


ပြည်တော်ပြန်ဝင်လာစတွင် အစ်ကိုဆရာဇာဂနာ့ဆီ သွားတွေ့မည်ဟု ဆိုခဲ့သော သီးလေးသီးမှာ ယခုချိန်ထိ ဇာဂနာရှိရာ ထောင်တွင်းသို့ မဆိုထားနှင့် ဇာဂနာ့မိသားစုထံသို့ပင် သတင်းသွားမေးခြင်းမရှိကြောင်း သိရသည်။

လွန်ခဲ့သော တစ်ပတ်က ဇာဂနာက မိသားစုထံ ဆက်သွယ်ခွင့်ရစဉ် သီးလေးသီးလာတွေ့သေးလားဟု သတိတရမေးမြန်းရှာသော်လည်း မိသားစုအတွက်မူ ပြောစရာအဖြေမရှိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ထိုအခါ ဇာဂနာက သီးလေးသီးရဲ့ခေါင်းဆောင်ဟာ ဇာဂနာမဟုတ်ရင် ဂေါ်ဇီလာလည်း မဟုတ်ဘူးလို့ပြောလိုက်ပါဟု မှာကြားကြောင်း ကြားသိရလေသည်။

သီးလေးသီးထိုကဲ့သို့ ဇာဂနာရှိရာ အကျဉ်းထောင်သို့ သွားမတွေ့ရဲခြင်းမှာ အာဏာပိုင်များ၏ ငြိုငြင်မှုကို ခံရမှာစိုး၍ဖြစ်နိုင်ပြီး ယခုအခါ ၄င်းတို့မှာ ဆရာ့ကျေးဇူးမသိတတ်များအဖြစ် အနုပညာလောက၏ ချဉ်ဖတ်ဖြစ်နေကြောင်း သဘင်ပညာရှိကြီးတစ်ဦးကဆိုသည်။



--

လေးစားစွာဖြင့်



အေးနန္ဒာအောင်

http://www.lanpyakye.com

http://nandarnihon.blogspot.com/

http://ayenandaraung-general.blogspot.com/



.

နွေးထွေးမှု


ရမည်းသင်းထောင်ကနေ ပူပူနွေးနွေးလွတ်လာပြီး သီတင်းကျွတ် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဂါရဝပြုပွဲကို ရောက်လာတဲ့ မနိုးနိုးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နွေးထွေးမှုပါ ...။ (ဓာတ်ပုံ - မြင့်မောင်ကျော်)

စွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် ပူပူနွေးနွေး တွေ့ဆုံခြင်း


စွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် ပူပူနွေးနွေး တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။

- စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။

ဘယ်သူတွေ ပါလဲ။

- ကျွန်တော်၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း

ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။

- မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။

လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။

- လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။

လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။

- မရှိပါဘူး။

လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။

- မရှိပါဘူး။

အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။

- လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင် ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။

အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလဲ။

- ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ ဖော်ပြထားတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။

- မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊ ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊ ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင် (ဘိုကလေး)။

ဒီလူတွေက စာရင်းထဲ မပါတာလား။ မလွှတ်သေးတာလား။

- ကျွန်တော်သိတာတော့ ဒီနေ့အထိပဲ။ နိုင်ငံတော်ရဲ့ စေတနာ ပိတ်သွားပြီ။

အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။

- မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။

လွတ်လာချိန်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးဖို့ အစီအစဉ် ရှိသလား။

- ရှိတယ်။ ဒီကိစ္စ ဆက်ပြောဦးမယ်။ တောင်းဆိုထားတဲ့ ကိစ္စတွေကို၊

အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။

- အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။ ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊ ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ သဘောထားကြီးတယ် ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။ ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။

တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။ နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။ အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။

- လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ … မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင် လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။

ဘာများ ထပ်ပြောချင်တာ ရှိသေးလဲ။

မရှိပါဘူး။ ကျွန်တော်လည်း အသံတွေ နာနေပါပြီ

ကျေးဇူးတင်ပါတယ်။
by The Voice Weekly
ပြည်းတွင်းမှ ပေးပို့ ပေးသူ မို့ မို့ မြင့်မို့ ကျေးဇူးတင်ပါသည်။

လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများများစာရင်း

လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများများစာရင်း
အင်းစိန်ထောင် လွတ်စာရင်း

၁။မအေးသီခိုင်၊
၂။မအေးချမ်း၊
၃။မယဉ်ကြည်၊
၎။ ဒေါ်သန်းသန်းဌေး
၅။အောင်မိုးလွင်
၆။ စောကလဲထူး
၇။ စောသန်းရွှေ
၈။ ဖိုးခွါး(ခ)အောင်ကျော်စိုး
၉။ အောင်ကျော်မိုး
၁၀။ ကိုလတ်(ခ)မောင်မောင်လတ်(ဗကသ)
၁၁။ စပ်ခွန်အောင်
၁၂။ စောနိုင်
၁၃။ ဇော်လေး
၁၄။ ကိုဇော်လင်းထွန်း
၁၅။ ဦးဘတင့်
၁၆။ ထွန်းထွန်းဦး
၁၇။ ဒိုးလေး
၁၈။ နိုင်ဝင်း

သာယာဝတီထောင်လွတ်လူစာရင်း

၁။ထွန်းဇော်(ခ)ဇော်မြင့်ဦး၊
၂-စိုးမင်းဦး(ခ)ဇန်ဇန် ၊
၃-ကြည်လွင်၊
၎-ကိုမျိုး(ခ)ကျော်မျိုးမင်း၊
၅-အောင်မင်း၊
၆-စိုးလှိုင်၊
၇-ရဲမြင့်၊
၈-စောဖလူး ၊
၉-စောလှဝင်း၊
၁၀-မောင်မောင်အေး၊
၁၁-မိုးညွန့်ဇော် ၊
၁၂-ထန်ကိုဟောက်၊
၁၃-ဇော်လင်းဥိး၊
၁၄-စောသက်ထွန်း၊
၁၅-ကျော်သူရ(အသေးလေး)၊
၁၆-လှဝင်း၊ ၁၇-မြင့်ဦး၊
၁၈-အောင်ခိုင်၊
၁၉-ကျော်ဆန်း၊
၂၀-ရှမ်းပု၊
၂၁-မောင်မောင်လတ်(ခ)ကိုလတ်၊
၂၂-ပေါ်လွင်(ခ)ကိုပေါ်၊
၂၃-နိုင်ဝင်း(ခ)ဦးနန္ဒဝံသ၊
၂၄-နေမင်း(ခ)ဝင်းရွှေ၊
၂၅-နေဝင်းအောင်(ခ)ဦးတိက္ခ၊
၂၆-ကျော်မောင်
၂ရ-မငယ်
၂၈-စောပလိုလောလ



လားရှိုးအကျဉ်းထောင်

၁။ ဦးစိန္တိမာ၊
၂။ ဦးအောင်ဇော်ဦး (NLD)၊
၃။ ဦးအုန်းကျော် (NLD)၊
၎။တင်တင်ချို (NLD)

ပူတာအို အကျဉ်းထောင်

၁။ ဒေါ်ဝင်းမြမြ (NLD)။

ကသာအကျဉ်းထောင်

၁။ဦးစောလှိုင် (အင်းတော် လွှတ်တော်အမတ် - NLD)

ကျောက်ဖြူအကျဉ်းထောင်

၁။အာကာဗိုလ်(GW)
၂။ဇော်ထက်ကိုကို
၃။

ဘူးသီးတောင်အကျဉ်းထောင်

၁။ကိုကိုကြီး(စမ်းချောင်း)
၂။ကိုသန်းထွန်းဇင်

မိတ္ထီလာအကျဉ်းထောင်

၁။ဒေါ်စမ်းစမ်းတင်
၂။ကိုညွန့်ဝင်း

တောင်ကြီးအကျဉ်းထောင်

၁။ဦးကျော်ခင်(NLD)

တောင်ငူအကျဉ်းထောင်

၁။ကိုဇော်ရဲဝင်း
၂။အောင်ဇေဖြိုး ၊
၃။ဂျိမ်း
၎။ညီညီဦး

စစ်တွေအကျဉ်းထောင်

၁။SSPC ဥက္ကဌ ဗိုလ်ချုပ်ဆေထင်(ခ) စိုင်းကျော်စိန်

မြစ်ကြီးနားအကျဉ်းထောင်

၁။ကိုဇာဂနာ
၂။ကိုဇင်မင်းထွန်း၊
၃။ကိုကြင်စန်း၊
၎။ကိုမျိုးအောင်သန်း၊
ကလေးထောင်အကျဉ်းထောင်

၁။ ကိုမင်းအောင်
၂။ဦးအေးချို
၃။ဦးသိန်းလွင်ဦး
၎။ကိုလှိုင်မျိုး
၅။ကိုမြင့်နိုင်
၆။ ကိုအောင်အောင်


မအူပင် အကျဉ်းထောင်

၁။ နွဲ့နှင်းရည်


ပခုက္ကူ အကျဉ်းထောင်

၁။ချစ်ကိုလင်း

မြင်းခြံ အကျဉ်းထောင်

၁။ အောင်သိုက်စိုး၊
၂။သီဟ၀င်းတင်

လွိုင်ကော် အကျဉ်းထောင်

၁။ ဦးပီတာ

မော်လမြိုင်
၁။ ဖြိုးဖြိုးအောင်

Tuesday, October 11, 2011

ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့



မွေးနေ့ရှင် ကိုယ်တိုင် တက်ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ... ...

Monday, October 10, 2011

Generation Wave လျှို့ဝှက်မနေတော့


Generation Wave (GW) တည်ထောင်ခြင်း ၄ နှစ်မြောက်မွေးနေ့ကို အောက်တိုဘာ ၉ ရက်နေ့က စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ သီရိမင်္ဂလာရန်အောင် ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး မြေပေါ်နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေကို ထင်ထင်ပေါ်ပေါ် လုပ်ကိုင်မယ်လို့ GW အဖွဲ့က ပြောဆိုလိုက်ပါတယ်။

“အစပထမတုန်းကတော့ ကျနော်တို့ရဲ့ မတူတဲ့သဘောထား အမြင်တွေကို ရှင်သန်ခွင့် မပေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့တွေ မှန်တာတွေကို လုပ်နေပေမယ့်လည်း ပုန်းလျှိုးကွယ်လျှိုနဲ့ လုပ်ခဲ့ကြရပါတယ်။ ဒါပေမယ့် အခုချိန်မှတော့ လက်ရှိ အစိုးရသစ်အနေနဲ့ လက်ခံနားလည်ပေးမယ်လို့ ထင်မြင်ယူဆတဲ့ အတွက်ကြောင့်မို့လို့ ကျနော် Generation Wave ကို ပေါ်ပေါ်တင်တင်နဲ့ စတင်ရပ်တည်ပါပြီ” လို့ Generation Wave တည်ထောင်သူတဦးဖြစ်တဲ့ အဆိုတော် ကိုဇေယျသော်က ပြောပါတယ်။

လူငယ်များနဲ့ ဖွဲ့စည်းထားသည့်အတွက် GW အနေဖြင့် လူငယ်တွေရဲ့အကျိုးကို အဓိက ရှေးရှုလုပ်ဆောင်သွားမည်ဟု ကိုဇေယျာသော်က ဆိုပါတယ်။

“ကျနော်တို့နိုင်ငံက ပြောင်းလဲမှုအစလို့လည်း ပြောလို့ရပါတယ်။ ကျနော်တို့ လူငယ်တွေရဲ့ အခွင့်အရေးတွေအတွက် လုပ်ခွင့်ရတဲ့ အစပဲရှိပါသေးတယ်။ ဒါကြောင့် ကျနော်တို့ ရပိုင်ခွင့်တွေ တောင်းဆိုချင်တာကြောင့် အခုလို ပေါ်တင်လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ GW တည်ထောင်သူ နောက်ထပ်တဦးဖြစ်တဲ့ ကိုဝင်းထွဋ်က ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောင်းလဲဖို့အတွက် အများကြီး လိုအပ်နေသေးတာကြောင့် GW အနေနဲ့ မြန်မာပြည်သူတွေအကျိုးအတွက် တဖက်တလမ်းက တောင်းဆိုပေးသွားမှာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။
ယနေ့လူငယ်များဟာ ၁၉၈၈ အရေးအခင်းနဲ့ ၁၉၉၆ အရေးအခင်းများမှာ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကို အသက်ငယ်သေးတာကြောင့် မမြင်ဘူးပဲ ကြားဖူးရုံ ရှိခဲ့ပေမယ့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို မျက်ဝါးထင်ထင် မြင်ခဲ့ရကြောင်း၊ ဒါကြောင့် ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ မတရားမှုတွေကို တောင်းဆိုဖို့ Generation Wave အမည်နဲ့ လူငယ်တွေ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုချမ်းဦးသာက ပြောပြပါတယ်။

“၂၀၀၇ ရွေဝါရောင် တော်လှန်ရေးဟာ လူငယ်တွေအပေါ်ကို အများကြီး အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ ရက်စက်မှုတွေကို ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ကြရသလို အာဏာရှင်စနစ်အပေါ် မုန်းတီးမှုနဲ့ ဒီမိုကရေစီလိုလားမှုတွ မြင့်တက်လာပါတယ်။ ပြီးတော့ Generation Wave လို လူငယ်လှုပ်ရှားမှု အဖွဲ့တွေလည်းပေါ်ပေါက်လာပြီး နိုင်ငံရေး လူမှုရေတွကို တက်တက်ကြွကြွ လုပ်ဆောင်လာကြပါတယ်” လို့ ကိုချမ်းဦးသာက ဆက်ပြောပါတယ်။

ရွှေဝါရောင်တော်လှန်ရေးအပြီး အောက်တိုဘာ ၉ ရက်မှာ စတင်ဖွဲစည်းခဲ့တဲ့ Generation Wave အဖွဲ့ဝင် ၁၅ ယောက်ခန့် ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံနေဆဲဖြစ်ပါတယ်။ ပြည်တွင်းမှာ အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုကြောင့် အဖွဲ့ဝင်တချို့ ပြည်ပထွက် လှုပ်ရှားခဲ့ကြပါတယ်။

တည်ထောင်သူ အဖွဲ့ဝင်တဦးဖြစ်တဲ့ အဆိုတော်ဇေယျာသော် မနှစ်က ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း လှုပ်ရှားမှုများကို လူသိရှင်ကြား စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ကိုဆောင်း

Saturday, October 8, 2011

သိန်းစိန်ကို အယုံမလွယ်မိစေဖို့ (သို့) မောင်ပါလမှ မောင်ပါလသို့ အသိပေးအပ်ပါသည်











သိန်းစိန်ကို အယုံမလွယ်မိစေဖို့ (သို့) မောင်ပါလမှ မောင်ပါလသို့ အသိပေးအပ်ပါသည်
>> Saturday, October 8, 2011

(ခေါင်းစဉ်ကတော့ အဆီအငေါ်မတည့်စွာ နှစ်ခုဖြစ်သွားတယ်။ ဖတ်ပြီးရင် နားလည်နိုင်ကြမယ်လို့ ထင်ပါတယ်။)

သိန်းစိန်ကို အယုံမလွယ်ကြဖို့ ပို့စ်လေးတပုဒ်လောက် ရေးမယ်ကြံရင်း အွန်လိုင်းဝင်လိုက်ခါမှ တို့သမ္မတ တို့ရံမှ ဆိုသည့်ခေါင်းစဉ်နှင့် ပို့စ်တပုဒ်တွေ့မိသဖြင့် ဘာများရံရမှာပါလိမ့် ဆိုပြီး ၀င်ဖတ်ကြည့်မိပါသည်။ ကောင်းပါသည်။ ညီညီညွတ်ညွတ်နှင့် တရုတ်ရန်ကို တွန်းလှန်ဖို့၊ သမ္မတလည်း ဒီထက်ပိုကောင်းလာဖို့ တိုက်တွန်းထားသည်။ ဖတ်ပြီးအဆုံး ရေးသူနာမည်ကြည့်လိုက်တော့မှ ဟိုက်ရှာလပတ်ရည် (အီကြာကွေးစကား) ဖြစ်သွားမိသည်။ ရေးသူနေရာမှာလည်း မောင်ပါလ ဖြစ်နေတော့ ဖတ်မိသူ မောင်ပါလ ခမျာ ဟိုက်ရှာလပတ်ရည် ဖြစ်သွားရသည်မှာ မဆန်း။

လူတူမရှား နာမည်တူမရှား ဆိုသကဲ့သို့ ပညတ်သဘောသာဖြစ်သော နာမည်များ တယောက်နှင့်တယောက် တူနေသည်မှာ အဆန်းတကြယ်မဟုတ်သော်လည်း စာရေးနေကြသူများအတွက်မူ အမြင်၊ သဘောထားမတူကြသည့်အလျောက် ရေးသည့်စာများလည်း ကွာခြားသွားလေ့ရှိသည်။ စာဖတ်သူများအတွက်လည်း ''မောင်ပါလတယောက်တည်းက ဟိုလိုရေးလိုက် ဒီလိုရေးလိုက် လုပ်နေတယ်" ဟု ထင်ယောင်ထင်မှား ဖြစ်သွားနိုင်သည်။

ယခု တို့သမ္မတ တို့ရံမှ ဆိုသည့် ပို့စ်တွင်ပင် သဘောထားခြင်းမတူသည့်အချက်များ ရှိနေပါသည်။ မောင်ပါလ အမြင်အရဆိုလျှင် တရုတ်ရန်ကို စုပေါင်းတွန်းလှန်ရမည်မှာ မှန်သော်လည်း အရပ်သားအစိုးရသမ္မတ သိန်းစိန်သည် ယုံကြည်ရသည့်အဆင့် လုံးဝ (လုံးဝ) မရောက်သေးပါ။ လက်ရှိသမ္မတ သိန်းစိန်သည် အရပ်သားအရေခြုံ အာဏာရှင်အဆက်အနွယ်သာ ဖြစ်သည်။ ၁၉၆၂ နေ၀င်းအစိုးရလက်ထက်မှသည် ယနေ့ သိန်းစိန်အစိုးရအထိ နှစ်ပေါင်း ၅၁-နှစ်အတွင်း အစိုးရအဆက်ဆက်သည် ပြည်သူများအပေါ် ယခုတကြိမ်သာ ကောင်းပါသေးသည်။ တကြိမ်ကောင်းသည်ဆိုသော်လည်း ဆန့်တငင်ငင်ကောင်းခြင်းသာ ဖြစ်ပါသေးသည်။ တကြိမ်ကိုပင် အလုံးစုံကောင်းခြင်းမဟုတ်သေးပါ။

ပထမဆုံးစဉ်းစားရမည်မှာ လက်ရှိအရပ်သားအစိုးရ အကြီးအကဲ သမ္မတသိန်းစိန်မှာ ယနေ့မြန်မာ့နိုင်ငံရေးကို အစိုးရဖက်မှနေ၍ ကြိုးကိုင်အကွက်ရွေ့နေသူလား၊ သို့တည်းမဟုတ် သူကိုယ်တိုင်ပင် တည်ကြက်တကောင်အဖြစ် အကွက်ရွှေ့ခံနေရသူလား ဆိုသည်ကိုပင် ဖြစ်ပါသည်။ မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သတ်၍ တိုင်းပြည်၏အမျိုးသားအကျိုးစီးပွား များစွာထိခိုက်နစ်နာနိုင်သည်ကို မခံမရပ်နိုင်ဖြစ်နေကြသော ပြည်သူများ ပေါက်ကွဲရန် တာစူနေသည့်အချိန်တွင် ပျားရည်နှင့်ဝမ်းချခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ မြစ်ဆုံဆည်နှင့် တရုတ်အရေးဟု ယခုအော်နေကြရခြင်းမှာလည်း လူတွင်ပါ၍ နွားကျားကိုက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ဒု-သမ္မတ ၈-လုံးနှင့် ၀န်ကြီးများ တရုတ်နိုင်ငံသွား၍ အသနားခံကြပါအုံးမည်။ ရှေ့အလားအလာ မည်သို့ဖြစ်မည်ကို မသိနိုင်သေးပေ။

သမ္မတသိန်းစိန်ကို ရံရမည့်အချိန်မှာ မြစ်ဆုံဆည်ဆောက်ရန်ကိစ္စနှင့်တကွ တရုတ်နှင့်သဘောတူထားသော ကျန်သည့် ဆည်ကိစ္စများအတွက်ပါ လုံးဝဥဿုံ အပြီးတိုင် ဖျက်သိမ်းလိုက်ပါသည် ဆိုသည့်ကြေငြာချက် ထွက်လာသည့်အချိန်မှသာ တရုတ်အရေးနှင့်ပတ်သတ်၍ ပြည်သူရော အစိုးရပါ တရုတ်ရန်ကို ၀ိုင်းဝန်းတိုက်ဖျက်ကြရပါလိမ့်မည်။

သို့ဖြစ်ပါ၍ တို့သမ္မတ တို့ရံမှ ဆိုသည့် ပို့စ်သည် မောင်ပါလနှင့် အမြင်မတူသည့် ပို့စ်တခုသာဖြစ်ပြီး မောင်ပါလရေးခြင်းလုံးဝမဟုတ်ပါ ကြောင်း စာဖတ်သူများအား ဦးစွာပထမ အသိပေးအပ်ပါသည်။

မောင်ပါလသည် မောင်ပါလ ကလောင်နာမည်ကို ၂၀၀၇-ခုနှစ် အတွင်းမှာပင် စတင်အသုံးပြုခဲ့ပြီး မလေးရှားနိုင်ငံတွင် ပထမဆုံးထုတ်ဝေသည့် လမ်းသစ်ဂျာနယ်တွင် စာ၊ ကဗျာတချို့ကို ရေးသားခဲ့ပါသည်။ mgpala@gmail.com အကောင့်ကို ၂၀၀၇-ခုနှစ်တွင်ပင် ဖွင့်ခဲ့ပြီး http://mgpala.blogspot.com/ ကို ၂၀၀၈-ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်ကာ နိုင်ငံအရေး၊ လူမျိုးအရေး၊ လူမှုရေးနှင့်ပတ်သတ်သည့် သတင်း၊ အမြင်၊ သဘောထား၊ ကဗျာများကို ရေးသားခဲ့ပါသည်။

အင်တာနက်လောကတွင် နာမည်တူနေသည့်အတွက် အငြင်းပွားကြသည်ကို မကြာခဏကြားဖူးနေခဲ့ပါသည်။ ဦးပါလဆိုသည့်နာမည်တခုကိုလည်း နေ့သစ်အင်တာနက် စာမျက်နှာတွင် မကြာခဏဆိုသလိုတွေ့ရသော်လည်း မောင်နှင့်ဦး ကွာခြားနေသည့်အတွက် ဆွေးနွေးမှုမပြုခဲ့ပါ။

နာမည်တခုအတွက် အငြင်းပွားမှုဖြစ်မည်ကို အမှန်တကယ် မလိုလားသည့်နည်းတူ ခုရှုပ်မှ နောင်ရှင်း ဟူသည့်စကားအတိုင်း အမြင်၊ သဘောထားမတူကြသည့်ပို့စ်များကို နာမည်တခုတည်းနှင့် ရေးသည်ကိုကြုံရသည့်အခါတိုင်း စာဖတ်သူများနှင့်တကွ မောင်ပါလကိုယ်တိုင် စိတ်အနှောင့်အယှက် ဖြစ်ရမည်ကိုလည်း မလိုလားပါ။

ထို့ကြောင့် တို့သမ္မတ တို့ရံမှ ပို့စ်ကို ရေးသားသူသည် မိမိ၏အမြင်အား စာဖတ်သူများကို ချပြလိုသည့် ရည်ရွယ်ရင်းသက်သက်ဖြင့်သာ ရိုးသားစွာရေးသားခဲ့သည်ရှိသော် ကလောင်တူဖြစ်လျက်ရှိသည့် မောင်ပါလနှင့် နာမည်ကိစ္စဆွေးနွေးတိုင်ပင်ပြီး နှစ်ဦးနှစ်ဝ သဘောတူညီမှုဖြင့် ဆက်လက်ရေးသားကြရန်အတွက် အထက်ပါ မေးလ်အကောင့်သို့ ဆက်သွယ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

မောင်ပါလ
၇.၁၀.၂၀၁၁

Friday, October 7, 2011

Generation Wave မျိုးဆက်သစ်လူငယ်များ၏ လေးနှစ်မြောက်မွေးနေ့


GENERATION WAVE ရယ်လို့  နာမည်ပေးဖို့  အိုင်ဒီယာပေးခဲ့တဲ့ထောင်ထဲက ကျွန်တော့်သူငယ်ချင်းကို သတိရတယ်။

မင်းတို့  မလွတ်သေးသမျှ အရင်အစိုးရနဲ့  ဒီအစိုးရ မတူဘူးလို့ ငါ မပြောနိုင်ဘူး။
အောင်မျိုးထွန်း

ဗျူးတီးစလွန်းလိုင်စင်ဖြင့်အလှပြင်ဆိုင်ဖွင့်လှစ်ထားသောအပစ်မဲ့ပြည်သူ(၇)ဦးမတရားသဖြင့် ဖမ်းဆီးအပြစ်ပေးခံရခြင်း

နေပြည်တော်ခရိုင်ပျဉ်းမနားမြို့

နေပြည်တော်ခရိုင်ပျဉ်းမနားမြို့၊ပေါင်းလောင်း(၂)ရပ်ကွက်မေတ္တာလမ်း၊ခြံအမှတ်(15/1080) နေအိမ်တွင် (အရိုင်းပန်း)အမည်ဖြင့်ဗျူးတီးစလွန်းဖွင့်ထားသောဆိုင်တွင်မန်နေဂျာ လင်မယားနှစ်ယောက် ဦးစီးပြီး ထမင်းချက်မိန်းခလေး(၁)ယောက်ခြံစောင့်ယောက်ကျားလေး(၁)ဦးနှင့်အလှပြင်ဆင်ပေးသူမိန်းခလေး (၃)ဦး ၄င်းတို့မှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်ပြီး ဧည့်စာရင်းတိုင်ကြားထားပြီးနေထိုင်ကြပါသည်။

ဆိုင်အတွင်း၌လည်း ဥပဒေနှင့် မလွတ်ကင်းသည့် အရက်၊ဘီယာ စသည့်ပစ္စည်းများ ရောင်းချခြင်းမရှိပါ။ အလှပြင်ဆိုင်သုံး ခေါင်းလျှော် ဆံပင်ညှပ် ဘေစင် (၅) လုံး၊ ဆံပင်ပေါင်းစက် ၊ ဆံပင်ဆွဲစက် တို့နှင့် အတူ အလှပြင်ဆိုင်တွင် အသုံးပြုသည့်  ပစ္စည်းမှ လွဲ၍ မည်သည့် ပစ္စည်းမှ မရှိပါ၊

သို့ပါလျှက် (၁၅-၉-၂၀၁၁) ည ၁၀ နာရီ မိနစ် ၂၀ အကျော်ခန့်တွင့် ပျဉ်းမနားရဲစခန်းမှ ဒု! ရဲအုပ်ရာဇာဟိန်း ဆိုသူ ဦးစီး၍ ၀န်ထမ်းတစ်ယောက်မှမကျန် ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ဆိုင်သုံးပစ္စည်းဖြစ်သော ခေါင်းလျှော်ဘေစင် ၂ လုံးနှင့် ခြံစောင် ၁ ထည် ခေါင်းအုံးသုံးလုံးကို ယူသွားပါသည်။

ရပ်ကွက်လူကြီးများမှ ရိုးသားသည်ကို သိ၍ ဖမ်းဆီး၍ မသင့်ကြောင်းကို တောင်းပန် ပြောကြားသော်လည်း လာဖမ်းသော ရဲအများစုမှာ အရက်သောက် မူးယစ်နေသဖြင့် အနှိပ်ခန်းပြုလုပ်သည်ဟု မတရားစွပ်စွဲကာ အပြစ်မဲ့ပြည်သူ (၇) ဦးအား ဖမ်းဆီးသွားပါသည်။ အမှုအား လေ့လာ လိုက်သည့်အခါ တရားခွင့် ရင်ဆိုင်လျှင် အနည်းဆုံး (၁ )လခွဲခန့် ကြာနိုင်ပြီး ၊ ၀န်ခံလျှင် ထောင်ဒဏ် (၁)လသာ ကျနိုင်ကြောင်း ဥပဒေ၌ နှံ့စပ်ကျွမ်းကျင်သော သူများနှင့် ဆွေးနွေးသိရှိရပါသည်။

ထိုနောက် အလုပ်သမားများ အပြစ်မရှိသော်လည်း အပြစ်ရှိသည်ဟု ၀န်ခံလိုက်၍ (၁၆-၉-၂၀၁၁ ) နေ့တွင် ထောင်တစ်လ ကျခဲ့ပြီး ၊ (၁၇-၉-၂၀၁၁) တွင် ရမည်းသင်းထောင်သို့ အပို့ခံလိုက်ရသည်။

ဒုရဲအုပ်ရာဇာဟိန်းမှာ ရဲအရာရှိတစ်ယောက် ဖြစ်သော် လည်း ရာထူးနှင့် လုပ်ပိုင်ခွင့်များကို အသုံးချ၍ ၄င်းမိသားစု စီးပွားရေးများကို ပျဉ်မနားမြို့နယ် ၊ မောင်ခင်လမ်း ၊ ရွှေချီရပ်နေ သံလမ်း ၁ ဂိတ်အနီး တရားမ၀င် စက်သုံးဆီရောင်းဝယ်ခြင်း၊ ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းခြင်း စသည့် ဥပဒေ နှင့် ညိစွန်းသော လုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိပါသည်။

ပေးပို့သော ဟိန်းထက်ကျော်အားကျေးဇူးတင်ရှိပါသည်..

Thursday, October 6, 2011

Dateline Irrawaddy

Wednesday, October 5, 2011

ထိုင်းဝန်ကြီးချုပ် နေပြည်တော်သွား



ထိုင်းဝန်ကြီးချုပ် နေပြည်တော်သွား
ဧရာဝတီ Wednesday, 05 October 2011 14:56
E-mail Print
ထိုင်းဝန်ကြီးချုပ် မစ္စယင့်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်ပြီး ဆယ်စုနှစ်ငါးခုအတွင်း ပထမဆုံး ပေါ်ပေါက်လာသည့် အရပ်သားအစိုးရခေါင်းဆောင်ကို တွေ့ဆုံမည်ဖြစ်သည်။

Thai PM400ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်သည် ယနေ့ နေ့လယ် ၁း၃၀ နာရီတွင် စတင်ခဲ့သည်။ ဘန်ကောက်သို့ ည ၁၁း၃၀ နာရီတွင် ပြန်လည်ရောက်ရှိမည်ဟု ထိုင်းအစိုးရသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ဒီခရီးစဉ်ရဲ့ ပထမရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် မိတ်ဆက်ဖို့ပါပဲ” ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ပြောသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်က နေပြည်တော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အဓိက အကြောင်းအရာများထဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောခွင့်ရအရာရှိက ဆိုသည်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု ဝေဖန်ပြစ်တင်ခံနေရသည့် တနင်္သာရီဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အဝေးပြေးလမ်းမ ဖောက်လုပ်ရေး စီမံကိန်းများအကြောင်းလည်း ပြောဆိုကြမည်ဟု သိရသည်။

အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်သည်။

ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ဆွေးနွေးဖွယ် ရှိမရှိ မစ္စတီတီမာချိုင်စိန်က ပြောဆိုခြင်း မရှိသော်လည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထိုင်းက လေးစားပါတယ်” ဟု ဆိုသည်။

ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဂရုမစိုက်ရုံသာမက ရှိမှန်းပင် သိမည်မဟုတ်ကြောင်း ယခင် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူ ထိုင်းနိုင်ငံရေးသမား မစ္စတာ ကရိုင်းဆတ် ချွန်ဟာဗန်းက ဧရာဝတီကို ပြောသည်။

“(ထိုင်းဝန်ကြီးချုပ်ဟောင်း) မစ္စတာသက်ဆင်လက်ထက် မြန်မာစစ်အစိုးရနဲ့ ပုဂ္ဂလိက အကျိုးစီးပွားတွေ အခြေခံတဲ့ ဆက်ဆံမှုလိုမျိုးကို ဒီခရီးစဉ်မှာ ပြန်ထူထောင်မှာတော့ စိုးရိမ်မိတယ်” ဟု သူက ပြောသည်။

မစ္စတာသက်ဆင်အာဏာရှိစဉ်က မြန်မာစစ်အစိုးရနှင့် အငြင်းပွားဖွယ် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိခဲ့ပုံကို မစ္စတာ ကရိုင်းဆတ်က ရည်ညွှန်းခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး၏အဆိုအရ ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးကုန်သွယ်မှု ကြီးထွားလာနေခြင်းကို နှိမ်နင်းမည်ဟု ထိုင်းအစိုးရက ကြေညာထားသည့် စစ်ဆင်ရေး အကြောင်းကိုလည်း ဆွေးနွေးမည်ဟု သိရသည်။

မြန်မာနိုင်ငံအတွက် ဘတ် သန်း ၄၀ တန် မိုးလေ၀သဆိုင်ရာ အထောက်အကူပစ္စည်းများကို ခရီးစဉ်အတွင်း ပေးအပ်သွားမည်ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် မကြာသေးမီက ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို စသည့် အာဆီယံနိုင်ငံများကို သွားရောက်ခဲ့ပြီးဖြစ်သည်။

စာပေစိစစ်ရေး မူဝါဒတချို့ ပျော့ပျောင်းလာပြီလား

စာပေစိစစ်ရေး မူဝါဒတချို့ ပျော့ပျောင်းလာပြီလား
မြတ်မိုး Wednesday, 05 October 2011 18:47
E-mail Print
ယခုတပတ် တနင်္လာနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ပြည်ပ မီဒီယာတခုဖြစ်သည့် ဧရာဝတီ မီဒီယာ၏ အယ်ဒီတာချုပ် ကိုအောင်ဇော်နှင့် အင်တာဗျူး ဖော်ပြခွင့် ရရှိခြင်းသည် စာပေစိစစ်ရေး၏ မူဝါဒတချို့ ပျော့ပျောင်းလာခြင်းကြောင့် ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀န်းက သုံးသပ်နေကြသည်။

အင်္ဂလိပ် အက္ခရာ ABCD . . .

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို

နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။



၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်

၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .
စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

Tuesday, October 4, 2011

Face to Face (Irrawaddy)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ တစ်ဦး အသတ်ခံရ



ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူအဘဦးချစ်ဦး+အမိဒေါ်သန်းဦးတို့
၏သားဖြစ်သူ ယခုသုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့ မနက်(၃)နာရီခန့်တွင် နောက်စေ့ခေါင်းကွဲဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီးတွင် သေဆုံးနေသည်ကို သိရှိရပါသည်။

ကိုမောင်မောင်(သေဆုံးသူယောက်ဖ)မှသုံးခွမြို့နယ်လူငယ်တာဝန်ခံ(၁)ကိုဝင်ဇော်(ခ)ကိုတွတ်ပီထံကိုနိုင်ဝင်း
သေပြီ ဟုလာရောက် ပြောပါသည်။ ခေါင်းမှာလည်းဒဏ်ရာဒဏ်ချက်တွေနဲ့သေဆုံးနေတယ်လို့ပြောပါတယ် လူငယ်တာဝန်ခံမှ လိုက်ကြည်သည့်အခါ ကိုနိုင်ဝင်အားမှောက်ရပ် အနေအထားဖြင့် မနက်(၅)နာရီခွဲလောက်တွင်သေဆုံးနေသည်ကို တွေ့ရပါသည်။

မျက်နှာမှာ ရွံ့ဗွက်ထဲတွင်မှောက်ရက်ဖြစ်နေပြီးနောက်စေ့ တွင်တုတ်နှင့် ရိုက်ထားသည့် ဒဏ်ရာရှိပါသည်။ မျက်နှာကိုလှန်ကြည့်သည့်အခါမျက်နှာဖူးရောင်ကိုင်းနေပါသည်။နှာခေါင်းရိုးကျိုးပြီးသွေးတွေလည်းထွက်နေပါ
သည်။

ကိုဝင်းဇော်မှ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကို မယုံကြည်နိုင်လောက်အောင်ယူကြုံးမရဖြစ်ခဲ့ရပါသည်။ မနေ့က ၃ ရက်နေ့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင် ကျင်းပသည့် ရန်ကုန်တိုင်း အတွင်းမြို့နယ် လူငယ်များစုံညီအစည်းအဝေးကို သေဆုံးသူနှင့်ကိုဝင်းဇော်တို့တက်ခဲ့ပါသေးသည်။ ညဘက်မှ လမ်းခွဲခဲ့ခြင်းဖြစ်ပါသည်။


ကိုနိုင်ဝင်းအားသတ် သွားသည့် တရားခံမှာ (၉) ရပ်ကွက် တွင်နေထိုင်သူ အမှတ်(၈)မှော်ဘီရဲ တပ်ရင်းတွင် တာ
ဝန်ထမ်းဆောင်နေသူ ရဲတပ်သားဇင်မင်းထွန်း(ခ)ပြဿဒါး ဖြစ်သည်ဟု နောက်သိရှိရပါသည်။ တရားခံဖြစ်သူ
ဇင်မင်းထွန်းနှင့် ကိုနိုင်ဝင်းတို့မှာ နဂိုက ခင်မင်ရင်းနှီးကြပါသည်။ရဲတပ်ရင်းဝင်ပြီးနောက်ပိုင်းမှာ ခွင့်နှင့်ပြန်လာပြီးနောက်ပိုင်းတွေ့ရှိကြခြင်းဖြစ်ပါသည်။ ရဲတပ်သားဇင်မင်းထွန်းမှာ အရက် အလွန် အကျွံသောက်ထားသည်ဟုသိရှိရပါသည်။ နောက်ပိုင်းတွင် အဆိုပါ ရဲတပ်သား ဇင်မင်းထွန်းမှ သုံးခွမြို့နယ် ရဲစခန်းတွင် လာရောက် အဖမ်းခံသည်ဟုလည်းသိရပါသည်။ ညပိုင်း အဖြစ်အပျက်များ ကို အဆိုပါ ရဲတပ်သားမှ
ခံဝန်ချက်ပေးနေဆဲဖြစ်ပြီး အသေးစိတ်မည်သို့သေဆုံးသည်ကိုမသိရှိရသေးပါ။

သတင်းပေးပို့ ပေးသော အားဘီ အားကျေးဇူးတင်ရှိပါသည်.။

October 5, 2011 ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု

October 5, 2011
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု
နေပြည်တော်တွင် စက်တင်ဘာလ(၂၆) ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၅) ရက် မြောက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို တင်သွင်းသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို အောက်တိုဘာလ ၃ ရက် ပထမ အကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့တွင် ယင်းဥပဒေကြမ်းအား လွှတ်တော်မှအတည် ပြုခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားရာ နိုင်ငံသားများက ထို အခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန် ဤဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဤဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ပြင်ဆင်ချက်များတင်သွင်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၅၉ နည်းဥပဒေခွဲ(ဃ) အရ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ အတည်ပြုလိုက်သော ဥပဒေကြမ်းတွင် အခန်း (၈)ခန်းနှင့် အပိုဒ်ပေါင်း (၂၂) ခု ပါဝင်ကြောင်း သိရသည်။

မြနမာပြည်တွင်နိုင်ငံခြားငွေလဲဌာနဖွင့်လှစ်




















Monday, October 3, 2011
မြနမာပြည်တွင်နိုင်ငံခြားငွေလဲဌာနဖွင့်လှစ်



သိမ်ဖြူ နိုင်ငံခြားငွေလဲဌာန


ငွေလဲနှုန်းထားများပြသထားသည့် ဒစ်ဂျစ်တယ် ဆိုင်းဘုတ်အန...ီး စောင့်ကြပ်နေသည့် လုံခြုံရေး တာဝန်ကျသူ တဦးကို သိမ်ဖြူ ငွေလဲလှယ်ရေး ဌာနအတွင်း အောက်တိုဘာလ ၁ ရက်၊ ၂ဝ၁၁ ခုနှစ် မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဘဏ်လုပ်ငန်း သက်တမ်း သုံးနှစ်အထက်ရှိသည့် ပုဂ္ဂလိကဘဏ် ခြောက်ခုက ကောင်တာများ စုပေါင်း ဖွင့်လှစ်ထားသည့် သိမ်ဖြူ နိုင်ငံခြားငွေလဲဌာနတွင် အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ အမေရိကန်ဒေါ်လာ၊ အက်ဖ်အီးစီ၊ ယူရိုငွေကြေးနှင့် စင်္ကာပူဒေါ်လာ စသည့် ငွေကြေးလေးမျိုး အရောင်းအဝယ် စတင် ပြုလုပ်ခဲ့သည်။

Monday, October 3, 2011

Sunday, October 2, 2011