Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှု ရှိကြောင်း ပြောဆို Posted: 20 Aug 2011 05:57 AM PDT


ဧရာဝတီအတွက်-သီးညီနောင် (ရုပ်/သံ)
0 Comments - 20 08 2011
Hip hop - တရုတ် - အိန္ဒိယ သံစဉ်လေးတွေနဲ့  ဧရာဝတီကို ကယ်တင်ကြမယ်-သီးညီနောင် (ရုပ်/သံ) (ဒီနေ့ တော့ Hip hop - တရုတ် - အိန္ဒိယ သံစဉ်လေးတွေနဲ့  ဧရာဝတီကို ကယ်တင်ကြမယ်) ဆည်ကြီးဆောက်တာ ရေကာတာ ဆောက်တာ မြန်မာပြည် နေရာတကာ .. လျှပ်စစ်မီးရရင် အလကားရရင် ယူမှာ ယူမှာ .. ပြန်ပေးလိုက်မယ် အလကား အိန္ဒိယထုတ် ပန်းကန်ပြား ... :P ရေကာတာကြီးပီးတော့ လျှပ်စစ်မီးဝယ် တရုတ်ကြီးကတော့ အရမ်းထောမယ် ... Gas နဲ့  လျှပ်စစ် --- ၀ယ်မယ်နော် ဈေးမဆစ် DVB entertainment...

More Link
Previous Pause Next
စနေနေ့၊ ဩဂုတ်လ ၂၀၊ ၂၀၁၁
0 ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှု ရှိကြောင်း ပြောဆို
Share3



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း
စုကြည် နေပြည်တော် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သောဓာတ်ပုံများ
ငြိမ်းဆက်လင်း(မြစ်မခ)

သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆှုံမှု ဆွေးနွေးမှုအပေါ်တွင် ကျေနပ်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်တွင်ကျင်းပနေသော စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များမှ အစည်းဝေးခန်းမမှအတွက် တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှု မရှိမရှိမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံမှုအပေါ်တွင် ကျေနပ်မှုရှိကြောင်း ဖြေဆိုခဲ့သည်။

ထို့နောက် နောက်ထပ်တွေ့ဆုံမှု ရှိမရှိ မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ်တွေ့ဆုံနိုင်ဖို့အတွက် မျှော်လင့်မိကြောင်း ပြောသည်ဟု နေပြည်တော်သတင်းကို စဉ်ဆက်မပြတ်လေ့လာရေးသားနေသော သတင်းထောက်တဦးက ပြောသည်။

နိုင်ငံတော်သမ္မတကြီးမှ ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘာထားအမြင်တို့ကို ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဆွေးနွေးပွဲသို့ ယနေ့နံနက် ၉နာရီတွင် တက်ရောက်ခဲ့ပြီး ၁၀ နာရီ ၃၀ မိနစ်တွင် အစည်းဝေးခန်းမမှ ပြည်ထွက်လာကြောင်း သိရှိရသည်။

ရန်ကုန်မြို့သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အန်အယ်ဒီအဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုသည်။

No comments:

Post a Comment