Tuesday, August 9, 2011

ရုတ်ရုတ်သဲသဲ လန်ဒန် နဲ့ မှတ်သားစရာတချို့






လန်ဒန်မြို့ ရပ်ကွက် အများအပြားမှာ လူငယ်တွေနဲ့ ရဲတွေအကြား ၃ ည ဆက်တိုက် အဓိကရုဏ်းဖြစ်ကြတာကြောင့် အဆောက်အအုံ၊ မော်တော်ယာဉ်တွေ မီးလောင်၊ ဆိုင်တွေ လုယက်ခံနေရပါတယ်။

The Guardian သတင်းစာ ၀က်ဆိုက်မှာတော့ လူပေါင်း ၄၅၀ ကို ထိန်းသိမ်းထားတယ်၊ ၆၉ ယောက်ကို တရားစွဲလိုက်ပြီ၊ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ပြန်စစ်ပြီး ပြစ်မှုကြီး ကျူးလွန်နေသူတွေကို အရေးယူဖို့ လုပ်နေတယ်လို့ သတင်းရကြောင်း ရေးထားတယ်။

ရဲအရာရှိ ၄၄ ယောက် ထိခိုက်ဒဏ်ရာရတယ် တဲ့။

အလုပ်လက်မဲ့ပြဿနာ၊ လူမှုဖူလုံရေးအစီအစဉ်ကို မကျေနပ်ချက်တွေကနေ မြစ်ဖျားခံလာပါတယ်။ အစိုးရက လာမယ့်နှစ် အိုလံပစ်ပွဲတော်အတွက် ဘီလျံနဲ့ချီ သုံးနေတယ်လို့ အပြစ်တင်ကြ ဒေါသထွက်ကြသူတွေလည်း ရှိပါတယ်။

အဓိကရုဏ်းတွေရဲ့ လတ်တလော အကြောင်းရင်းက အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး ရဲ လက်ချက်နဲ့ သေဆုံးသွားတာကို အေးအေးဆေးဆေး ဆန္ဒပြရာကနေ ဖြစ်လာတာလို့ သတင်းတွေက ဆိုပါတယ်။

ခုတော့ နိုင်ငံတကာ ရုပ်မြင်သံကြားတွေမှာ လန်ဒန်မြို့ အဓိကရုဏ်းနယ်မြေတွေမှာ မီးလောင်မှု၊ ရဲတွေရဲ့ နှိမ်နင်းမှုတွေပဲ ဆက်တိုက် ပြနေတာ တွေ့နေရပါတယ်။

No comments:

Post a Comment