Thursday, August 4, 2011

ဟစ်ဟော့ အဆိုတော် ဇေယျာသော် စတိတ်ရှိုး သီဆိုခွင့် အပိတ်ခံရ




ရန်ကုန်၊ သြဂုတ် ၄၊ ၂၀၁၁ (YPI) - ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပရန် ရှိသည့်ဆည်းဆာရိပ်ဘိုဘွားရိပ်သာ ရန်ပုံငွေဖျောဖြေပွဲတွင် ဟစ်ဟော့ပ်အဆိုတော်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ဇေယျာသော်အား ၀င်ရောက်ဖျော်ဖြေခွင့် ပိတ်ပင်ခြင်းခံထားရသည်ဟု ၄င်းက YPI သို့ပြောသည်။

စာရေးဆ၇ာမ ဒေါ်သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲအဖြစ် စင်တင်တေးဂီတပွဲကို သြဂုတ်လ ၆ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌အခြားနာမည်ကြီး အဆိုတော်များနှင့် အတူ ဇေယျာ်သော်၊ ရန်ရန်ချမ်း၊ အနဂ္ဂတို့ ပါဝင်သော အက်စစ်အဖွဲ့ပါဝင်ကျင်းပရန် စီစဉ်ထားခြင်းမှ ယခုလို အပိတ်ပင်ခံရခြင်းဖြစ်သည်။

`ကျွန်တော် မနေ့ကမှ သိရတာပါ။ ကျွန်တော့်ဆီကို တိုက်ရိုက်ဆက်လာတာ မဟုတ်ပါဘူး။ စီစဉ်သူ ဆည်းဆာရိပ်ကိုပဲဆက်တာပါ။ လက်ရှိအနေနဲ့ ကျွန်တော်ကို တရားဝင်စာနဲ့ ပိတ်တာမဟုတ်ဘူး နောက်ပြီးတော့ ဂီတအစည်းရုံးကလဲ ကျတော့်ကို အနုပညာ လှုပ်ရှားခွင့် ပိတ်ထားတာမျိုး မရှိခဲ့ဘူး။ ဘယ်အဖွဲ့ အစည်းက ပိတ်တာမှန်း မသိလို့ ကျွန်တော့်အနေနဲ့ တရားဝင်တယ်လို့ မထင်ဘူး´လို့ ကိုဇေယျာသော်က YPI ကို ပြောပြသည်။

ပွဲစီစဉ်သူများကို မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ သြဂုတ်လ ၃ရက်နေ့တွင် ဆင့်ခေါ်ပြီး ဇေယျာသော်ကိုသီဆိုခွင့်မပေးနိုင်ဟု တားမြစ်လိုက်ခြင်းအပေါ် ဇေယျာသော်က ဘာကြောင့်တားမြစ်တယ်ဆိုတာ ဆက်စုံစမ်းမှာဖြစ်ပြီး နားလည်တတ်ကျွမ်းသူများနှင့် ဒီကိစ္စကို တိုင်ပင်သွားမည်ဟုပြောသည်။ ပွဲကျင်းပရေး အတွက် အနှောက်အယှက် ဖြစ်မည် စိုးသဖြင့် ယခုလောလောဆယ်စုံစမ်းမှုကို ရပ်ထားမည်ဟု ပြောသည်။

မဆုံတွေ့ရတာကြာပီ ဖြစ်သော အက်စ်အဖွဲ့၏ဆုံစည်းမှုကို စောင့်မျှော်နေသည့် ပရိတ်သတ်အပေါ် သူတောင်းပန်လိုကြောင်းပါ ပြောပြခဲ့သည်။

`ကျွန်တော်တို့ ပရိသတ်ကို ချပြဖို့ သီချင်းအသစ်ရော အဟောင်းပါ စီစဉ်ထားပါတယ်လို့ ပရိတ်သတ်ကို ပြောချင်ပါတယ်´ဟု မကြာမှီကာလ ကမှ ကော့သောင်းအကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ဟစ်ဟော့ပ်အဆိုတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဇေယျာသော်က ပြောသည်။

No comments:

Post a Comment