Saturday, June 18, 2011

အမေစု အတွက် ဇေယျာသော်၏မွေးနေ့ ကဗျာ(face book)မှ copy ယူသည်


အမေရေ....
နေရောင်မ၀င် လေ၇ာင်မလင်း
မှောင်မိုက်အခန်းကျဉ်းလေးရဲ.အကြား
အမေ.သတင်းများ ၀င်ရောက်လာတော.
ကျနော်လေ...
...မျက်ရည်များတောင် ၀ဲမိပါရဲ. ။ ။

မဲမှောင်မှုန်ကုပ်လို.နေတဲ.
အလျားရှည်ရှည် အနံမျောမျော
ကျောတစ်ခင်းစာ နေရာကလေးမှာ
ကျနော်ဟာ
ဒီနေ.ကို စောင်.မျှော်တမ်းတ နေခဲ.တာပါ။ ။

နေရောင်ခြည်ကိုမရ လအလင်းကမဖြာ
ကျနော်မရှုရှိုက်ရလဲ ရှိပါစေ...
ပြည်သူတွေအတွက် အလင်းရောင်
ပြည်သူတွေအတွက် မီးရှုးတန်ဆောင်
ဟိုး ဍ အမှောင်တိုက်တွေကို ဆုပ်ဖြဲလို.
ထွန်းပနေလိုက်ပုံများ
ကျနော်.အခန်းလေးထဲကြား
ဖြာလင်းသွားလေသလား....။ ။

ဇေယျာသော်
(ကော.သောင်းအကျဉ်းထောင်တွင်းဍ် ရေးဖွဲ.ပါသည်)

No comments:

Post a Comment