Monday, May 30, 2011

လွတ်လပ်မှ အနမ်းခြွေ
အလှကို ဆောင်ကြဉ်းပေးဖို့
လောကကြီးက မင်းကို
ဒီနေရာမှာ တာဝန်ချပေးလိုက်တယ် ။
မင်းကို နက်ရှိုင်းစွာ ချစ်ဖို့
လောကကြီးက ငါ့ကို
ဒီနေရာမှာ တာဝန်ချပေးလိုက်တယ်
ချစ်မိတဲ့ အခါ လူတွေ နမ်းကြတယ်။
အချို့ကို သူတို့ လက်လွတ်မခံကြ
ငါ့နှလုံးသားက မင်းကို
ပြင်းပြစွာ တမ်းတနေပေမယ့်
စစ်မြေပြင်ကိုလည်း
ငါသွားရဦးမယ်။
အချစ်ရေ . . . တိုက်ပွဲမှာ
ငါကျဆုံးသွားခဲ့ရင်
ငါ့နှုတ်ခမ်းတွေက ကျည်ဆံဒဏ်ရာကြောင့်
စုတ်ပြဲဖွာလန်ပြီး
မင်းနှုတ်ခမ်းတွေကို ဘယ်သောအခါမှ
မနမ်းနိုင်တော့မှာလဲ ဖြစ်နိုင်တာပဲ။
အချစ်ရေ . . . ငါသေသွားခဲ့သော်မှ
ငါကတော့မင်းကို ချစ်မြဲပါ။
ဒါပေမယ့် ကျွန်တစ်ယောက်ရဲ့
နှုတ်ခမ်းတွေနဲ့ မင်းကို ငါနမ်းဖို့
မဖြစ်နိုင်လို့ပါ။ ။

ငုယင်ဂီယက် (ဗီယက်နမ်

No comments:

Post a Comment