လစ်ဗျားက ပြင်သစ်မှတ်ပုံတင် ရဟတ်ယာဉ် နှစ်စဉ် မော်တာနိုင်ငံမှာခိုလှုံ Photo by: bbc
ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ လေတပ်ပိုင်းလော့နှစ်ဦးဟာ လစ်ဗျားမြို့တော် Tripoli မှာ အခြေစိုက်တဲ့ လေတပ်စခန်းကနေ ထွက်ခွာလာခဲ့ကြတာပါ။ အရာရှိတဦးကတော့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။
ပိုင်းလော့အရာရှိနှစ်ဦးကို မော်လ်တာနိုင်ငံ ရဲအဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့တော် Benghazi မှာ ရှိတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူများကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခံရပြီး နောက်ပိုင်းမှာ မော်လ်တာနိုင်ငံကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သူတို့နှစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ မော်လ်တာနိုင်ငံကို လစ်ဗျားနိုင်ငံကနေ ပြင်သစ်မှတ်ပုံတင် ရဟတ်ယာဉ်နှစ်စီး နဲ့ ဆင်းသက်ရောက်ရှိလာကြတဲ့ ခရီးသည် ခုနစ်ဦးကိုလဲ ရဲအဖွဲ့က စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။
ဒီရဟတ်ယာဉ်တွေဟာ လစ်ဗျားလေကြောင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မပါပဲ လစ်ဗျားနိုင်ငံကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပြီး၊ ပြင်သစ်နိုင်ငံသားလို့ ဆိုကြတဲ့ ခရီးသည်ခုနစ်ဦးအနက် ခရီးသည်တဦးတည်းမှာပဲ နိုင်ငံကူးလက်မှတ် ပါရှိလာပါ တယ်။
မော်တာနိုင်ငံထဲ ထွက်ပြေးလာတဲ့ လစ်ဗျား ဗုံးကြဲလေယာဉ် နှစ်စင်း photo by: bbc
ပြင်သစ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူကတော့ သတင်းအချက်အလက်တွေကို လေ့လာစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် ချက်ချင်းအတည်မပြုပေးနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
တနလာင်္နေ့မှာ မြို့တော် Tripoli ကို ပထမဆုံး ပျံ့နှံ့ရောက်ရှိလာခဲ့တဲ့ လူထုတိုက်ပွဲတွေဟာ အခုဆိုရင် လစ်ဗျားနိုင်ငံကို နှစ်လေးဆယ်ကြာ အုပ်ချုပ်ခဲ့တဲ့ လစ်ဗျားခေါင်းဆောင် Muammar Gaddafi ကို ခြောက်လှန့်နေပြီ ဖြစ်ပါတယ်။
No comments:
Post a Comment