စစ်မှုမထမ်းမနေရ စနစ်ဆိုသည်မှာ တပ်မတော်အတွင်းရှိ တပ်ဖွဲ့အသီးသီးတို့အတွက် အမိန့်အရ မဖြစ်မနေ ဝင်ရောက်အမှုထမ်းစေသည့် စနစ်ဖြစ်သည်။ ရှေးဟောင်း အထောက်အထားများအရ ဤသို့သော စနစ်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပေသည်။ ရှေးအခါက ဘာသာရေးဆိုင်ရာ အဆောက်အုံများ တည်ဆောက်မှုအတွက် မဖြစ်မနေ လာရောက် လုပ်အားပေးရန်အတွက် အရွယ်ရောက်သူတိုင်း မဖြစ်မနေ လာရောက်တာဝန်ထမ်းဆောင်စေခြင်း စနစ်ကို ကျင့်သုံးခဲ့ကြပြီး နောက်ပိုင်းတွင် အစိုးရအဖွဲ့အစည်းများမှ ၎င်းတို့၏ စည်းမျဉ်းများအရ တိုင်းပြည်အတွက် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ တပ်မတော်များသို့ နိုင်ငံသားများအား မဖြစ်မနေ အမှုထမ်းစေခြင်း စနစ်အဖြစ် အသွင်ပြောင်း အသုံးပြုခဲ့ကြသည်။
စစ်မှုမထမ်းမနေရ စနစ်သည် ဥပဒေ (သို့) စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ မဖြစ်မနေလုပ်ရသော အလုပ်ဖြစ်သည်။ စစ်မှုမထမ်းမနေရ စနစ်ကို အသုံးမပြုသော နိုင်ငံပေါင်းများစွာလည်ရှိသည်။ အခြား ဆင်တူရိုးမှား စနစ်များ ဖြစ်သည့် အပျော်တမ်းတပ်ဖွဲ့များ၊ အမြဲတမ်းမဟုတ်သည့် တပ်ဖွဲ့များ (စစ်ပွဲရှိချိန်မှသာ တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့များ) ဟူ၍လည်း ဖွဲ့စည်း ကျင့်သုံးကြသည်။
ဗြိတိန် နှင့် သြစတေးလျ နိုင်ငံများတွင် စစ်မှုမထမ်းမနေရ စနစ်ကို စစ်ပွဲဖြစ်စဉ် ကာလများတွင် ကျင့်သုံးသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် ဂျပန်နိုင်ငံ၌ အမျိုးသမီးများနှင့် ကလေးများ အားလုံးကို စက်ရုံများသို့ အမှုမထမ်းမနေရ ထမ်းဆောင်စေသည့် စနစ်ကို ကျင့်သုံးခဲ့သည်။
တပ်မတော်တွင် စစ်မှုမထမ်းမနေရစနစ်ကို ပထမဆုံး ကျင့်သုံးခဲ့သူဟု ယူဆရသူမှာ ပြင်သစ်ဘုရင် နပိုလီယန် ဖြစ်သည်။ နပိုလီယန်သည် ပထမ ပြင်သစ်အင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး ၁၇၆၉ တွင် မွေးဖွားကာ ၁၈၂၁ တွင် ကွယ်လွန်ခဲ့သည်။ နပိုလီယန်လက်ထပ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ပြင်သစ်တပ်မတော်ကြီးသည် ဥရောပတွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။
စစ်မှုမထမ်းမနေရ စနစ်သည် တိုင်းတပါးနှင့် စစ်ဖြစ်ပါက အကောင်းဆုံး ရလဒ်တွေကို ရရှိစေနိုင်ပြီး ဒီမိုကရေစီ သို့ အမြင့်ဆုံးနည်းနှင့် ချဉ်းကပ်ခြင်းဖြစ်သည်။ ဥပမာ ပထမ ကမ္ဘာစစ်အတွင်းက ကနေဒါ၊ အောစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို ကြည့်နိုင်သည်။ ဗီယက်နမ်စစ်ပွဲသည် အကောင်းဆုံး သာဓက ဖြစ်ပြီး ရုရှားနှင့် တရုတ်တို့လည်း ဤစနစ်ကို ကျင့်သုံးလာကြသည်။
နိုင်ငံအများစုတွင် စစ်မှုမထမ်း ဥပဒေ ကို အမျိုးသားများအတွက်သာ ပြဌာန်းခဲ့ကြသည်။ အစ္စရေးကဲ့သလို့သော အချို့နိုင်ငံများတွင်တော့ အမျိုးသမီးများကိုပါ တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗြိတိန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့တွင် စစ်မှုမထမ်းမနေရစနစ်ကြောင့် တာဝန်ထမ်းဆောင်လျှက်ရှိသော အမျိုးသမီး အများအပြားကို တွေ့နိုင်သည်။ အမေရိကန် တို့အနေနဲ့လည်း စစ်မှုမထမ်းမနေရကြောင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေရသော အမျိုးသမီး စစ်သူနာပြု အများအပြားကို ဂျပန်နိုင်ငံသို့ စေလွှတ်ခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် တပ်မတော် စတင်ဖွဲ့စည်းစဉ်ကာလ ကတည်းက စစ်မှုမထမ်းမနေရစနစ်ကို မကျင့်သုံးခဲ့သော်လည်း ထိုအချိန်ကတည်းက မြန်မာ့တပ်မတော်ကို တည်ထောက်သူတစ်ဦးဖြစ်သည် ဗိုလ်ချုပ်အောင်ဆန်းမှ အခြေအနေအရ လိုအပ်လျှင်နိုင်ငံသားအားလုံး စစ်မှုထမ်းသင့်ပါက ထမ်းရမည်ဖြစ်ကြောင့် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ထိုစနစ်လည်း အကောင်အထည် မပေါ်နိုင်ခဲ့ပေ။ သို့သော် SSA ခေါ် ရှမ်းပြည် တပ်မတော် တွင် ရှမ်းပြည်သားတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ ၅ နှစ်ထိ စစ်မှုမထမ်းမနေရစနစ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကျင့်သုံးလျှက် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်မှ သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုး အစရှိသည့် ရွာပေါင်း (၇၂) ရွာတွင် နေထိုင်သော ကရင်ရွာသားများကို အမိန့်ထုတ်ပြန်၍ ကျင့်သုံးခဲ့သည်။
ယေဘုယျ အားဖြင့် စစ်မှုမထမ်းမနေရ ဥပဒေမှ ကင်းလွတ်ခွင့် ရသူများမှာ
စစ်မှုမထမ်းမနေရစနစ်နှင့် ဆန္ဒအလျှောက် စစ်မှုထမ်းစေသော စနစ်နှစ်ခုလုံး ကျင့်သုံးသော နိုင်ငံများမှာ
စိစစ်ရွေးချယ်၍သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ
အရပ်သား၊ လက်နက်မဲ့နှင့် စစ်မတိုက်ရသည့် စစ်မှုတမ်း စနစ် ကျင့်သုံးသော နိုင်ငံများ
စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသော နိုင်ငံများ
လက်နက်မဲ့မပါပဲ စစ်မှုထမ်းသီးသန့် တစ်နှစ်ခွဲ နှင့် အထက် ကျင့်သုံးသော နိုင်ငံများ
အနာဂါတ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျတ်သိမ်းဖို့ အစီအစဉ်ရှိနေသာ နိုင်ငံများ
Webliography
http://en.wikipedia.org/wiki/Conscription
http://en.wikipedia.org/wiki/Military_service
http://www.google.com/

- အချိန်ပြည့်ကျောင်းတက်နေရသူများ (ထိုသူများအနေဖြင့် ကျောင်းတက်နေစဉ် ကာလ တစ်လျှောက်တွင် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး။ ကျောင်းပြီးသွားလျှင်သော်လည်းကောင်း၊ ကျောင်းမှ ထွတ်လိုက်ရလျှင်သော်လည်းကောင်း ပြည်လည် စစ်မှုထမ်းရမည် ဖြစ်သည်။)
- သိပ္ပံဆိုင်ရာ အဆင့်မြင့် သုတေသန လုပ်ဆောင်နေသူများ၊ ပရဂူဘွဲ့ ရရှိထားသူများနှင့် ထိုထက် မြင့်သော ဘွဲများ ရရှိသူများ။
- ဆေးထောက်ခံချက် မရသူများ (သို့) ကျန်းမာရေးအရ ကင်းလွတ်ခွင့်ရသူများ။
- သားသမီး နှစ်ဦးထက် ပိုသည့် မိခင်များ
- သာသနာ့ဝန်ထမ်းများ
ကမ္ဘာပေါ်တွင် အမြဲတမ်း တပ်မတော် မရှိသော နိုင်ငံများ
- အန်ဒိုရာ
- ကော့စတာရီစာ
- မီခရိုနီးရှား
- ဂရိနေဒါ
- အိုက်စလန်
- ကီရီဘာတီ
- လိုက်ခ်ျတန်စတင်း
- မာရှယ်ကျွန်း
- မာရီယာကျုစ်
- မိုနာကို
- နာရူး
- ပလာဦး
- ပနားမား
- ဆာမိုရာ
- ဆန် မာရီနို
- ဆိုလိုမွန် ကျွန်း
- ကျူဗာလု
- ဗာတီကန်စီးတီး
စစ်မှုမထမ်းမနေရစနစ် မကျင့်သုံးသောနိုင်ငံများ
အရေးပေါ် အခြေအနေများတွင်သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ
စစ်မှုမထမ်းမနေရစနစ်နှင့် ဆန္ဒအလျှောက် စစ်မှုထမ်းစေသော စနစ်နှစ်ခုလုံး ကျင့်သုံးသော နိုင်ငံများမှာ
စိစစ်ရွေးချယ်၍သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ
|
အရပ်သား၊ လက်နက်မဲ့နှင့် စစ်မတိုက်ရသည့် စစ်မှုတမ်း စနစ် ကျင့်သုံးသော နိုင်ငံများ
- အန်ဂိုလာ
- အယ်ဂျီးရီးယား
- သြောစတီးယား (အရပ်သား စစ်မှုထမ်း ၉ လနှင့် တပ်မတော်တွင်း ၆ လ )
- ဘီလာရုစ်
- ဘူရ်ကီနာ
- ဆိုက်ပရက်စ်
- ဒိန်းမက်
- အိစတိုးနီးယား
- ဖင်လန် (အရပ်သား စစ်မှုထမ်း ၁ နှစ် နှင့် တပ်မတော်တွင်း တစ်နှစ် )
- ဂရိ
- နော်ဝေ
- ဆွတ်ဇာလန် (အရပ်သား စစ်မှုထမ်း ၁ နှစ်နှင့် ၁ လ၊ တပ်မတော်တွင်း ၉ လ )
စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသော နိုင်ငံများ
တစ်နှစ် အောက် စစ်မှုထမ်းရသော
|
|
တစ်နှစ်ခွဲ ထမ်းဆောင်စေသော နိုင်ငံများ
လက်နက်မဲ့မပါပဲ စစ်မှုထမ်းသီးသန့် တစ်နှစ်ခွဲ နှင့် အထက် ကျင့်သုံးသော နိုင်ငံများ
|
အနာဂါတ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျတ်သိမ်းဖို့ အစီအစဉ်ရှိနေသာ နိုင်ငံများ
Webliography
http://en.wikipedia.org/wiki/Conscription
http://en.wikipedia.org/wiki/Military_service
http://www.google.com/
No comments:
Post a Comment