Sunday, January 30, 2011

Saturday, January 29, 2011

hote tel hote

how u see..

Friday, January 28, 2011

Wednesday, January 26, 2011

Monday, January 24, 2011

Sunday, January 23, 2011

Saturday, January 22, 2011

bowtaw moe kaunn and phot kyar myar.. cartoons

page2

page3

page 4

page 5

Wednesday, January 19, 2011

DKBA

Monday, January 17, 2011

Dateline Irrawaddy

Sunday, January 16, 2011

for my friend...

Thursday, January 13, 2011

Monday, January 10, 2011

အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရ ပြဋ္ဌာန်း

အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာ ဖြစ်ပေမဲ့ လွှတ်တော် မခေါ်ခင်မှာ စစ်အစိုးရက ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာက ဥပဒေနဲ့ မညီဘူးလို့ သုံးသပ်တာတွေ ရှိပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ပြဋ္ဌာန်းလိုက်တယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။ စစ်အစိုးရ သတင်းစာတွေမှာတော့ ဒီဥပဒေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးမယ့် အစိုးရသစ် မပေါ်ပေါက်ခင်မှာ အခုလို လုပ်ဆောင်တာက ဥပဒေချိုးဖောက်မှုတခု ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။

“ဒါမျိုးတော့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးက စစ်အာဏာရှင်စနစ် ဆက်ကျင့်သုံးနေတဲ့ စစ်အစိုးရဆိုရင်တော့ သူတို့ဥပဒေအရပေါ့ဗျာ၊ သူတို့ပါးစပ်ထဲကထွက်တာ ဥပဒေဆိုတော့ သူတို့ပြဋ္ဌာန်းချင်ရင် ပြဋ္ဌာန်းလို့ ရတာပေါ့။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ အဲဒီအချက်တွေကို လွှတ်တော်မှာ တင်ပြီးတော့ပေါ့လေ ဥပဒေပြုရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီ ဥပဒေပြုပြီးတော့မှပဲ ဒီဟာက ပြဋ္ဌာန်းရမယ့်ဟာမျိုးပေါ့ဗျာ။

“အခုကတော့ လွှတ်တော်တောင် မခေါ်ရသေးဘူး၊ အစိုးရတောင် မဖွဲ့ရသေးဘဲနဲ့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပါတယ်ဆိုပြီးတော့ အခုလို ပြဋ္ဌာန်းတာကတော့ ဒါ တရားဥပဒေဘောင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဘောင်မ၀င်ဘူးလို့ ကျနော်တော့ ထင်ပါတယ်။”

အခုကျင့်သုံးမယ့် ဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေက အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်း သက်တမ်းက ၂ နှစ်ကနေ ၃ နှစ်အထိ ဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းရေး စာရင်းပေးသွင်းဖို့ ပျက်ကွက်မယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။

အမြဲတမ်း စစ်တပ်အင်အားကို လျှော့ချဖို့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်တချို့မှာ ပြဋ္ဌာန်းထားပေမဲ့ မြန်မာစစ်အစိုးရကတော့ အမြဲတမ်း စစ်အင်အားကို မလျှော့ဘဲ အခုလို စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းတာ ဖြစ်တဲ့အတွက် စစ်အင်အားကြီးထွားအောင် လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့လည်း ဦးဌေးအောင်က ရှုမြင်ပါတယ်။

“အမြဲတမ်း စစ်အင်အားကို လျှော့ချနိုင်မယ်ဆိုရင် တိုင်းပြည်အတွက်၊ စစ်တပ်အတွက် အသုံးပြုနေရတဲ့ ငွေကြေးတွေမှာ ကျနော်တို့ အများကြီး လျှော့ချနိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ နောက်တခုကလည်း ပြည်သူလူထု တရပ်လုံးက ဒီစစ်ပညာကို တတ်ကျွမ်းထားခြင်းအားဖြင့်ပေါ့ဗျာ၊ ပြည်ပကျူးကျော်မှုကို ရင်ဆိုင်လာရတဲ့ အချိန်မျိုးမှာ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်နိုင်တဲ့ အနေအထားမျိုးရှိတော့ ဒါက တပိုင်းကကြည့်မယ် ဆိုလို့ရှိရင်လည်း ကောင်းတဲ့အနေအထား ရှိပါတယ်။

“ဒါပေမဲ့ ဒီစစ်အာဏာရှင်တွေ အခုလို အတင်းအကျပ် ပြဋ္ဌာန်းတာကျတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်၊ နောက်တခုကလည်းပဲ ပြည်သူလူထု ကိုယ်နှိုက်က ဒီစစ်တပ်ရဲ့ ပုံစံအရ သူတို့ရဲ့အမိန့်တွေကို နာခံတတ်တဲ့အကျင့် ဖြစ်လာအောင် သူတို့က ရည်ရွယ်ပြီး လုပ်ဆောင်တာ ဆိုရင်တော့ ဒါ သူတို့ရဲ့ ရည်ရွယ်ချက်က မှားနေတယ်၊ ဒီလုပ်ဆောင်ချက်က အကျိုးမရှိဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

နိုင်ငံတကာက ကျူးကျော်ရန်စမှုကို တွန်းလှန်နိုင်ဖို့နဲ့ စစ်တပ်အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ နိုင်ငံတချို့က ဒီဥပဒေကို ကျင့်သုံးလေ့ ရှိကြပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းရင်းသား လက်နက်ကိုင် တပ်တွေလည်း ရှိနေသေးတာကြောင့် စစ်တပ်အင်အား တိုးချဲ့ဖို့ ကြိုးစားလာတာက ပြည်တွင်းစစ်မီး တိုးပွားလာမယ့် အရေးကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

အခုလို စစ်မှုမထမ်းမနေရ လုပ်လိုက်တာကလည်း တပ်မတော်အတွက်ရော ပြည်သူအတွက်ရော ကောင်းတဲ့ အကျိုးရလဒ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဦးဌေးအောင်က ဆိုပါတယ်။

“လူတွေရဲ့ စိတ်ဆန္ဒ မပါဘဲနဲ့ အတင်းအကျပ် လုပ်ခိုင်းလို့ လုပ်ရတဲ့ ကိစ္စမှန်သမျှက အကျိုးသက်ရောက်မှု ရှိသင့်သလောက် ရှိမယ်လို့ ကျနော် မထင်ပါဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို ချစ်မြတ်နိုးလို့ တိုင်းပြည်ကို ကာကွယ်ဖို့ ကိုယ့်ရဲ့စိတ်ဆန္ဒ ဆုံးဖြတ်ချက်နဲ့ တပ်မတော်ထဲကို ၀င်တာမျိုးမှသာလျှင် ဒါဟာ တိုင်းပြည်အတွက် တကယ်လည်း အကျိုးရှိမယ်လို့ ကျနော် ယူဆပါတယ်။ တပ်မတော်အတွက်လည်း ဒါမျိုးမှ အကျိုးရှိမှာ ဖြစ်ပါတယ်။”

လတ်တလော အနေအထားမှာတော့ မြန်မာ့တပ်မတော်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားစုဆောင်းမှုတွေ ရှိနေတဲ့အတွက် ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်မှုတွေ ဖြစ်နေတာ ရှိပါတယ်။

KNU AND DKBA

KNU AND DKBA


စစ်မှုမထမ်းမနေရ စနစ်ဆိုသည်မှာ တပ်မတော်အတွင်းရှိ တပ်ဖွဲ့အသီးသီးတို့အတွက် အမိန့်အရ မဖြစ်မနေ ဝင်ရောက်အမှုထမ်းစေသည့် စနစ်ဖြစ်သည်။ ရှေးဟောင်း အထောက်အထားများအရ ဤသို့သော စနစ်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပေသည်။ ရှေးအခါက ဘာသာရေးဆိုင်ရာ အဆောက်အုံများ တည်ဆောက်မှုအတွက် မဖြစ်မနေ လာရောက် လုပ်အားပေးရန်အတွက် အရွယ်ရောက်သူတိုင်း မဖြစ်မနေ လာရောက်တာဝန်ထမ်းဆောင်စေခြင်း စနစ်ကို ကျင့်သုံးခဲ့ကြပြီး နောက်ပိုင်းတွင် အစိုးရအဖွဲ့အစည်းများမှ ၎င်းတို့၏ စည်းမျဉ်းများအရ တိုင်းပြည်အတွက် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ တပ်မတော်များသို့ နိုင်ငံသားများအား မဖြစ်မနေ အမှုထမ်းစေခြင်း စနစ်အဖြစ် အသွင်ပြောင်း အသုံးပြုခဲ့ကြသည်။

စစ်မှုမထမ်းမနေရ စနစ်သည် ဥပဒေ (သို့) စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ မဖြစ်မနေလုပ်ရသော အလုပ်ဖြစ်သည်။ စစ်မှုမထမ်းမနေရ စနစ်ကို အသုံးမပြုသော နိုင်ငံပေါင်းများစွာလည်ရှိသည်။ အခြား ဆင်တူရိုးမှား စနစ်များ ဖြစ်သည့် အပျော်တမ်းတပ်ဖွဲ့များ၊ အမြဲတမ်းမဟုတ်သည့် တပ်ဖွဲ့များ (စစ်ပွဲရှိချိန်မှသာ တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့များ) ဟူ၍လည်း ဖွဲ့စည်း ကျင့်သုံးကြသည်။

ဗြိတိန် နှင့် သြစတေးလျ နိုင်ငံများတွင် စစ်မှုမထမ်းမနေရ စနစ်ကို စစ်ပွဲဖြစ်စဉ် ကာလများတွင် ကျင့်သုံးသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် ဂျပန်နိုင်ငံ၌ အမျိုးသမီးများနှင့် ကလေးများ အားလုံးကို စက်ရုံများသို့ အမှုမထမ်းမနေရ ထမ်းဆောင်စေသည့် စနစ်ကို ကျင့်သုံးခဲ့သည်။

တပ်မတော်တွင် စစ်မှုမထမ်းမနေရစနစ်ကို ပထမဆုံး ကျင့်သုံးခဲ့သူဟု ယူဆရသူမှာ ပြင်သစ်ဘုရင် နပိုလီယန် ဖြစ်သည်။ နပိုလီယန်သည် ပထမ ပြင်သစ်အင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး ၁၇၆၉ တွင် မွေးဖွားကာ ၁၈၂၁ တွင် ကွယ်လွန်ခဲ့သည်။ နပိုလီယန်လက်ထပ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ပြင်သစ်တပ်မတော်ကြီးသည် ဥရောပတွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။

စစ်မှုမထမ်းမနေရ စနစ်သည် တိုင်းတပါးနှင့် စစ်ဖြစ်ပါက အကောင်းဆုံး ရလဒ်တွေကို ရရှိစေနိုင်ပြီး ဒီမိုကရေစီ သို့ အမြင့်ဆုံးနည်းနှင့် ချဉ်းကပ်ခြင်းဖြစ်သည်။ ဥပမာ ပထမ ကမ္ဘာစစ်အတွင်းက ကနေဒါ၊ အောစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို ကြည့်နိုင်သည်။ ဗီယက်နမ်စစ်ပွဲသည် အကောင်းဆုံး သာဓက ဖြစ်ပြီး ရုရှားနှင့် တရုတ်တို့လည်း ဤစနစ်ကို ကျင့်သုံးလာကြသည်။


နိုင်ငံအများစုတွင် စစ်မှုမထမ်း ဥပဒေ ကို အမျိုးသားများအတွက်သာ ပြဌာန်းခဲ့ကြသည်။ အစ္စရေးကဲ့သလို့သော အချို့နိုင်ငံများတွင်တော့ အမျိုးသမီးများကိုပါ တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗြိတိန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့တွင် စစ်မှုမထမ်းမနေရစနစ်ကြောင့် တာဝန်ထမ်းဆောင်လျှက်ရှိသော အမျိုးသမီး အများအပြားကို တွေ့နိုင်သည်။ အမေရိကန် တို့အနေနဲ့လည်း စစ်မှုမထမ်းမနေရကြောင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေရသော အမျိုးသမီး စစ်သူနာပြု အများအပြားကို ဂျပန်နိုင်ငံသို့ စေလွှတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် တပ်မတော် စတင်ဖွဲ့စည်းစဉ်ကာလ ကတည်းက စစ်မှုမထမ်းမနေရစနစ်ကို မကျင့်သုံးခဲ့သော်လည်း ထိုအချိန်ကတည်းက မြန်မာ့တပ်မတော်ကို တည်ထောက်သူတစ်ဦးဖြစ်သည် ဗိုလ်ချုပ်အောင်ဆန်းမှ အခြေအနေအရ လိုအပ်လျှင်နိုင်ငံသားအားလုံး စစ်မှုထမ်းသင့်ပါက ထမ်းရမည်ဖြစ်ကြောင့် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ထိုစနစ်လည်း အကောင်အထည် မပေါ်နိုင်ခဲ့ပေ။ သို့သော် SSA ခေါ် ရှမ်းပြည် တပ်မတော် တွင် ရှမ်းပြည်သားတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ ၅ နှစ်ထိ စစ်မှုမထမ်းမနေရစနစ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကျင့်သုံးလျှက် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်မှ သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုး အစရှိသည့် ရွာပေါင်း (၇၂) ရွာတွင် နေထိုင်သော ကရင်ရွာသားများကို အမိန့်ထုတ်ပြန်၍ ကျင့်သုံးခဲ့သည်။



ယေဘုယျ အားဖြင့် စစ်မှုမထမ်းမနေရ ဥပဒေမှ ကင်းလွတ်ခွင့် ရသူများမှာ

  1. အချိန်ပြည့်ကျောင်းတက်နေရသူများ (ထိုသူများအနေဖြင့် ကျောင်းတက်နေစဉ် ကာလ တစ်လျှောက်တွင် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး။ ကျောင်းပြီးသွားလျှင်သော်လည်းကောင်း၊ ကျောင်းမှ ထွတ်လိုက်ရလျှင်သော်လည်းကောင်း ပြည်လည် စစ်မှုထမ်းရမည် ဖြစ်သည်။)
  2. သိပ္ပံဆိုင်ရာ အဆင့်မြင့် သုတေသန လုပ်ဆောင်နေသူများ၊ ပရဂူဘွဲ့ ရရှိထားသူများနှင့် ထိုထက် မြင့်သော ဘွဲများ ရရှိသူများ။
  3. ဆေးထောက်ခံချက် မရသူများ (သို့) ကျန်းမာရေးအရ ကင်းလွတ်ခွင့်ရသူများ။
  4. သားသမီး နှစ်ဦးထက် ပိုသည့် မိခင်များ
  5. သာသနာ့ဝန်ထမ်းများ
ဖြစ်သည်။





စစ်မှုမထမ်းမနေရစနစ် မကျင့်သုံးသောနိုင်ငံများ





အရေးပေါ် အခြေအနေများတွင်သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ






စစ်မှုမထမ်းမနေရစနစ်နှင့် ဆန္ဒအလျှောက် စစ်မှုထမ်းစေသော စနစ်နှစ်ခုလုံး ကျင့်သုံးသော နိုင်ငံများမှာ





စိစစ်ရွေးချယ်၍သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ




အရပ်သား၊ လက်နက်မဲ့နှင့် စစ်မတိုက်ရသည့် စစ်မှုတမ်း စနစ် ကျင့်သုံးသော နိုင်ငံများ




စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသော နိုင်ငံများ


တစ်နှစ် အောက် စစ်မှုထမ်းရသော





တစ်နှစ်ခွဲ ထမ်းဆောင်စေသော နိုင်ငံများ





လက်နက်မဲ့မပါပဲ စစ်မှုထမ်းသီးသန့် တစ်နှစ်ခွဲ နှင့် အထက် ကျင့်သုံးသော နိုင်ငံများ




အနာဂါတ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျတ်သိမ်းဖို့ အစီအစဉ်ရှိနေသာ နိုင်ငံများ



Webliography

http://en.wikipedia.org/wiki/Conscription

http://en.wikipedia.org/wiki/Military_service

http://www.google.com/