Thursday, June 16, 2011
The Irrawaddy's Blog: လအပြည့်ကြတ်ခြင်း
The Irrawaddy's Blog: လအပြည့်ကြတ်ခြင်း: "ဇွန် ၁၅ ရက် ၂၀၁၁ ခုနှစ် ဒေသစံတော်ချိန် ၁၁း၃၀ မိနစ်ကနေ စပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ တွေ့မြင်လိုက်ရတဲ့ လ အပြည့်ကြတ်တဲ့ ပုံတွေပါ။..."
Tuesday, June 14, 2011
ချိန်ခါသင့်ပြီ

တရုတ်အစိုးရက ရေပြင်ပိုင်နက်အငြင်းပွားမှုဟာ သက်ဆိုင်ရာနိုင်ငံနှစ်ခုရဲ့ အရေးဖြစ်တာကြောင့် တခြား နိုင်ငံတွေ၊ ဒေသအဖွဲ့ အစည်းတွေ လက်ရှောင်နေဖို့  သတိပေးသံ ထွက်လာတာကို ကြားရတဲ့အခါ အလွန် အံ့သြမိပါတယ်။ မဆိုင်သူဘေးဖယ် ကြားညပ်သွားမယ် ဆိုတဲ့သဘောပါ။
ဗီယက်နမ်အနေနဲ့ ဒီအကြပ်အတည်းကို တစ်ကိုယ်တော်ကြိတ်တာထက်စာရင် သူ့ ဘက်ကရပ်တည်နိုင်မယ့် တခြားအစိုးရတွေကို ပါဝင်ပက်သက်စေချင်ပုံ ရပါတယ်။ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံနဲ့ ထိပ်တိုက် တွေ့ တော့မှာမို့ စာရွက်တွေပေါ်က စစ်ရေး၊ နိုင်ငံရေးထောက်ပံ့မှုကို လိုအပ်နေပါတယ်။ဗီယက်နမ်ရော၊ တရုတ်ရော တစ်ပါတီစနစ်နဲ့ မောင်းနှင်နေတဲ့ ကွန်မြူနစ်နိုင်ငံတွေပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုအတွင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကပါအာရုံစိုက်ခံလာရတဲ့ နိုင်ငံနှစ်ခု ဖြစ်ပါတယ်။
နိုင်ငံ ခြောက်နိုင်ငံလောက် သူပိုင်ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပြင် ပိုင်နက်မှာ ဗီယက်နမ်ဘူမိတိုင်းတာရေးသဘောင်္ကို တရုတ်ငါးဖမ်းလှေတွေက ၀င်တိုက်ခဲ့လို့နှစ်နိုင်ငံတင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အခုဆို ဗီယက်နမ်ရဲ့ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့ ကြီးတွေမှာ တရုတ်ဆန့် ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဗီယက်နမ်ကွန်မြူနစ်အစိုးရက အဲဒီဆန္ဒပြမှုတွေကိုခွင့်ပြု ထားပြီး တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ တရုတ်မျိုးနွယ်တွေနဲ့ တရုတ်အစိုးရကိုပါ ရည်ရွယ်ချက်ထားတဲ့ တရုတ်ဆန့် ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးက သူတို့ ရဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်သွားမယ်လို့ 
ကြေညာလိုက်ပြီး ဗီယက်နမ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ သေနတ်ကျည်ဆံအစစ်တွေကို အသုံးပြုသွားတယ်
လို့ လည်း နောက်ဆုံးသိရှိရပြီး တရုတ်စစ်တပ်က ဒီလကုန် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်မှာ လေ့ကျင့်
မှုတွေ စတင်မှာ ဖြစ်ပါတယ်။
ခွင့်ပြုချက်မရဘဲ ရေနံရှာဖွေဖို့ ကို လက်သင့်မခံနိုင်ဘူးလို့ တရုတ်ကပြောဆိုလိုက်ပြီး သံသယဖြစ်ဖွယ်
မရှိတဲ့ အချုပ်အချာအတွက် သေချာပေါက်ကာကွယ်သွားရလိမ့်မယ်လို့ ဗီယက်နမ်က တုန့် ပြန်လိုက်ပါ
တယ်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အရေးကို အာဆီယံအသင်းကြီးက ဘယ်လို
သဘောထားပေး ပါဝင်ပက်သက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဗီယက်နမ်- တရုတ်အရေးကို မြန်မာပြည်သူတွေလည်း နားစွင့်နေကြပြီး ဘယ်သူလွန်တယ် ဘယ်သူ
မလွန်ဘူးဆိုပြီး သုံးသပ်သံတွေ ထွက်ပေါ်လာပါတယ်။ အများစုက ဗီယက်နမ်ဘက်က ရပ်တည်ကြပြီး
တရုတ်လှေတွေက အသားလွတ်သွားတိုက် ရန်စတာလို့ ထင်မြင်နေကြပါတယ်။ အားနည်းတဲ့နိုင်ငံဘက်
က ဖေးမတဲ့စိတ်အပြင် တရုတ်နိုင်ငံနဲ့ ပက်သက်လို့ မြန်မာလူမျိုးတွေရဲ့ ရှုထောင့်က တစ်မျိုးတစ်မည်
ဖြစ်လာပုံလည်း ရပါတယ်။
မြန်မာနဲ့ တရုတ်အစိုးရတို့ မဟာဗျူဟာမြောက်ဆက်ဆံရေးအဆင့် တိုးမြှင့်လိုက်ပြီး မကြာခင်
ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒု-၀န်ကြီးချုပ်လည်း မြန်မာနိုင်ငံကို ရောက်လာပါတယ်။
စီးပွားရေးစာချွန်လွှာမြောက်မြားစွာကို လက်မှတ်ရေးထိုးသွားကြပါတယ်။ မြန်မာနဲ့ တရုတ်ဟာ အစိုးရချင်း နီးနီး ကပ်ကပ်ဖြစ်လွန်းတဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ အာဏာရကြံ့ခိုင်ရေးပါတီတို့ လည်း အပြန်အလှန် ကူညီဆက်သွယ်မှုတွေ လုပ်လာတာကို တွေ့ ရပေမယ့် အာဆီယံတစ်နိုင်ငံဖြစ်တဲ့၊ ဘက်မလိုက် မူဝါဒ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့  ဗီယက်နမ်-တရုတ် ရေပြင်ပိုင်နက်အရေးအခင်းမှာကြားနေပြီး မျှမျှတတရပ်တည်သွားတာကို မြန်မာပြည်သူတွေက မျှော်လင့်နေကြပါတယ်။ အာဆီယံနိုင်ငံတွင်း အဖွဲ့ ဝင်ဖြစ်လာဖို့  မြန်မာနိုင်ငံကို ဗီယက်နမ်က နိုင်ငံရေးအရ ကျားကန်ပေးခဲ့ဖူးပါတယ်။
အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့ မှုတွေကြောင့်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့မူဝါဒတွေကြောင့် မြန်မာဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြီးနဲ့ အခုလို ပူးကပ်လွန်းသွားရတာလို့ ဝေဖန်ကြတဲ့ နိုင်ငံရေး သမားတချို့ ရှိပါတယ်။ တရုတ်နိုင်ငံကြီး အခုလိုစီးပွားရေးကြီးထွားလာပြီး နိုင်ငံရေးနဲ စစ်ရေးမှာ ကမ္ဘာ့ ရှေ့ တန်းကို တမုဟုတ်ချင်း ချဉ်းနင်းလာတာကို သွားရည်တမျှားမျှားနဲ့ အားကျနေကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။
တရုတ်ရဲ့ စီးပွားရေးအားကောင်းမောင်းသန်ဖြစ်လာရတာဟာ လွန်ခဲ့တဲ့ (၂၅)နှစ်လောက်က စပြီး တရုတ်အစိုးရ ခေါင်းဆောင်အဆက်ဆက်ရဲ့ တရုတ်ပြည်တရုတ်သားတွေ အပေါ်ထားတဲ့ တကယ့်ရိုးသား
တဲ့ စိတ်ရင်းစေတနာကြောင့်ပါ။ ဗီယက်နမ်လည်း ထို့ အတူပါဘဲ။ အခုလောက် မြန်မြန်ဆန်ဆန်ကြီး
ကွန်မြူနစ်စနစ်အောက်မှာ စီးပွားရေး အင်မတန်သန်စွမ်းခဲ့ရတာ ဗီယက်နမ်ခေါင်းဆောင်တွေရဲ့ ဥာဏ်အမျော်အမြင်ကြီးမှုနဲ့ ပြည်သူတွေအပေါ်ထားတဲ့ ရိုးစင်းဖြောင့်မှန်တဲ့ စိတ်ကောင်းစေတနာကြောင့်
ဘဲ ဖြစ်ပါတယ်။
ဒီနှစ်နိုင်ငံစလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိပါသေးတယ်။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက်မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားတဲ့အချက်က အမေရိကန်နိုင်ငံနဲ့ စိမ်းလန်းတဲ့ဆက်ဆံရေး ရှိနေဖို့ ပါဘဲ။ မြန်မာပြည်သူတွေအနေနဲ့  မြန်မာ- အမေရိကန်ဆက်ဆံရေး အထူးကောင်းမွန်ဖို့ လိုလားနေကြတာဟာ ယုတ္တိရှိသလို ချိန်ခါလည်း သင့်နေပါပြီ။ သိသိကြီးနဲ့ ခံနေရတဲ့ ဘ၀များမှ လွန်မြောက်လိုပါပြီ။
အောင်မျိုးထွန်း
၁၄- ၆- ၂၀၁၁
( Weekly Eleven News - Vol 6 , No 37 မှ ကာတွန်းပုံဖြစ်ပါသည် )
အကယ်ဒမီ နွဲ့နွဲ့မူ ခရစ်တော်၌ အိပ်ပျော်ပြီ

မင်းသမီးကြီး နွဲ့နွဲ့မူကို ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့က ဟင်္သာတမြို့တွင် မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးသော် (ပညာရေးဌာန၀န်ထမ်း) နှင့် မိခင်ဖြစ်သူ အကယ်ဒမီ ဒေါ်သိန်းရှင် တို့၏ တတိယမြောက်သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်မြသန်းနွဲ့ဖြစ်သည်။
နွဲ့နွဲ့မူသည် အသက် ၁၄ နှစ်အရွယ်တွင် အနုပညာလောကထဲသို့ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် “မေတ္တာမိုးမြေ” ဇာတ်ကားဖြင့် စတင်ဝင်ရောက်ခဲ့ပြီးနောက် ဇာတ်ကားရိုက်ကူးမှုများ မရှိခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ်တွင် “သမန်းကျား” ဇာတ်ကားဖြင့် အနုပညာလောကသို့ တကျော့ ပြန်လည်ရောက်ရှိကာ ပရိသတ်များ၏ အသိအမှတ်ပြုမှု ရရှိခဲ့သည်။
၁၉၇၀ ပြည့်နှစ် ဝန်းကျင်ကာလက မြန်မာ့ရုပ်ရှင်လောကတွင် ၀င်းဦး၊ ခင်သန်းနု၊ မြင့်မြင့်ခင်၊ ၀ါဝါ၀င်းရွှေ၊ ညွန့်ဝင်း၊ ဒေစီကျော်ဝင်း၊ ထွန်းဝေ၊ ကျော်ဆွေ၊ ချိုပြုံး၊ ကောလိပ်ဂျင်နေဝင်း၊ အောင်လွင် အစရှိသည့် မင်းသားမင်းသမီးများနှင့်အတူ နွဲ့နွဲ့မူသည်လည်း မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ အကြား ရေပန်းစား အောင်မြင် ကျော်ကြားသည့် သရုပ်ဆောင်တဦး ဖြစ်သည်။
ဒရာမာ (ဘဝအလွမ်းအမော) ဇာတ်ကားများတွင် သရုပ်ဆောင်ရာ၌ အားသန်သည့် မင်းသမီးတဦး ဖြစ်သူ နွဲ့နွဲ့မူသည် သရုပ်ဆောင်ရာတွင်လည်း လိုအပ်သည့် အခန်း၌ လိုအပ်သလို ပိုင်နိုင်စွာ ခံစားချက် ထည့်သွင်း သရုပ်ဆောင် တတ်ကြောင်း၊ သဘာဝကျကျ သရုပ်ဆောင်တတ်သူ တဦးဖြစ်ကြောင်း ရွှေအမြုတေ အနုပညာ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောသည်။
“ဒရာမာဘက်မှာ အားသန်တဲ့ မင်းသမီးမျိုးပါ။ အနုပညာမျိုးရိုး ရှိတဲ့ သရုပ်ဆောင်တဦးလည်းဖြစ်တယ်။ သူ့အမေ ဒေါ်သိန်းရှင် ဆိုရင် အသက်ကိုနှင်း၍ ဆိုတဲ့ ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆု ရခဲ့တဲ့ အပြင် အကယ်ဒမီလေးထပ်ကွမ်း ပိုင်ရှင် ဒေါ်ကြည်ကြည်ဌေး ဟာလည်း သူရဲ့ အဒေါ်အရင်းဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ အမူအရာကောင်းပြီး သဘာဝ ကျကျ သရုပ်ဆောင် နိုင်တယ်၊ မျက်ရည်ကို လိုအပ်တဲ့နေရာမှာ ချပြနိုင်စွမ်းရှိပါတယ်။ စကားပြောခန်း တခန်းမှာ မျက်ရည် ပေါက်ခနဲ ကျပြရမယ်ဆို ကျပြနိုင်တဲ့ အရည်အချင်းရှိပါတယ်။ အခုလိုမျိုး ဆုံးပါးသွားတော့ နှမြောရပါတယ်” ဟု သူက ဆိုသည်။
ဒေါ်နွဲ့နွဲ့မူသည် ၁၉၇၀ ခန့်တွင် စတင် အောင်မြင်ခဲ့သူဖြစ်ကြောင်း ၎င်း၏ နာမည်ကြီး ဇာတ်ကားများဖြစ်သော “နော်ကူးမ” နှင့် မင်းသားထွန်းဝေ၊ ညွန့်ဝင်း၊ ဦးနေစိုးတို့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အေ၀မ်းမောင်လှမျိုး ရိုက်ကူးခဲ့သော “ချောင်း” ဇာတ်ကားမှာ အောင်မြင်မှုရရှိခဲ့သည့် ဇာတ်ကားကြီးများ ဖြစ်ကြောင်း ဦးဝင်းငြိမ်းက ဆက်ပြောသည်။
“ဒီဇာတ်ကားတွေက အောင်မြင်တဲ့အပြင် ပရိသတ်တွေ နှစ်သက် လက်ခံကြတဲ့ ဇာတ်ကားတွေပါ။ ချောင်း ဇာတ်ကားဟာ မိသားစု ဒရာမာ ဇာတ်လမ်းလေးဖြစ်ပြီး နွဲ့နွဲ့မူက ကရင်တိုင်းရင်းသူ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ဇာတ်လမ်းများ သရုပ်ဆောင်ရာတွင် ရင်ထဲမှ အမှန်တကယ်ခံစား သရုပ်ဆောင်လေ့ရှိသည့် နွဲ့နွဲ့မူသည် ၁၉၇၄ ခုနှစ်တွင် “နော်ကူးမ” ဇာတ်ကားဖြင့် အကယ်ဒမီ ရွှေစင်ရုပ်တုကို ပိုင်ဆိုင်ခဲ့သည်။
“အဲဒီနှစ်က ထူးထူးခြားခြား အောင်လွင်နဲ့ နွဲ့နွဲ့မူ နှစ်ယောက်တည်း အကယ်ဒမီဆု ရရှိခဲ့တဲ့ အပြင်၊ သူတို့နှစ်ယောက် ဆုရခဲ့တဲ့ နှစ်က အကယ်ဒမီ ဆုပေးပွဲကို အင်းလျားလိတ်မှာ ပထမဦးဆုံး ကျင်းပခဲ့တဲ့ ပွဲလေးလည်းဖြစ်တယ်” ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပြသည်။
နွဲ့နွဲ့မူသည် ဒါရိုက်တာကြည်စိုးထွန်း ရိုက်ကူးခဲ့သည့် သမီးနှင့်အမေများ (၁၉၉၀ ခုနှစ်) ဇာတ်ကား အပါအ၀င် သူငယ်ချင်း သုံးယောက် ရှိလေသည် (ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ ခင်သီတာထွန်း)၊ ချစ်တဲ့ရက်ကိုကြိုနေမယ် (ကောလိပ်ဂျင်နေ၀င်း၊ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ စံရှားတင်)၊ နေခြည်ဖြာမှနွေးသောကြောင့် (အောင်လွင်၊ နွဲ့နွဲ့မူ)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ)၊ စံရွှေမြင့် လေးခင်ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ နော်ကူးမ (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ ဒူးမထောက်လက်မမြှောက် (ညွန့်ဝင်း၊ မြင်းစိုင်းသားအောင်အောင်၊ ဆွေဇင်ထိုက်၊ နွဲ့နွဲ့မူ) အစရှိသည့် ဇာတ်ကားများမှာ ထိုခေတ်အခါက အောင်မြင်ခဲ့ပြီး ပရိသတ်များ လက်ခံ အားပေးခဲ့သည့် ဇာတ်ကားများဖြစ်သည်။
နွဲ့နွဲ့မူသည် သရုပ်ဆောင်ရာတွင် အလွန်ကြိုးစားပြီး ဒရာမာဇာတ်လမ်းများ ပိုင်နိုင်သကဲ့သို့ ဒူးမထောက် လက်မမြှောက် ဇာတ်ကားကဲ့သို့ ဇာတ်ကြမ်းများတွင်လည်း သရုပ်ဆောင်နိုင်သူ ဖြစ်သည်ဟု ဦးကြည်စိုးထွန်းက ဆိုသည်။
“သူ့ရဲ့သိသာတဲ့ အရည်အချင်းတခုက သဘာဝကျအောင် သရုပ်ဆောင်နိုင်တဲ့ အပြင် ရင်ထဲကနေ တကယ်ခံစားပြီး သရုပ်ဆောင်လေ့ ရှိတယ်။ အရမ်းလည်း ကြိုးစားပါတယ်။ သူကိုယ်တိုင်လည်း သရုပ်ဆောင်ပညာ ပိုင်နိုင်သလို တခြားမင်းသမီး တွေကိုလည်း စိတ်နဲ့ခံစားပြီးတော့ကို သင်ပေးနိုင်တာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။
မျိုးဆက်သစ် သရုပ်ဆောင်များအား သင်တန်းပေးမည့် အစီအစဉ်တခုတွင် နွဲ့နွဲ့မူကို သင်ကြားသူအဖြစ် ဖိတ်ခေါ်ရန် အစီအစဉ် ရှိကြောင်းလည်း သူက ဆိုသည်။
“အခုလို သူကွယ်လွန်သွားခဲ့တဲ့ အတွက် အနုပညာလောကမှာ ဆုံးရှုံးမှု တခုပါပဲ” ဟု ဦးကြည်စိုးထွန်းက ပြောသည်။
ဒူးမထောက်လက်မမြှောက်၊ ချစ်တဲ့ရက်ကိုကြိုနေမယ် အစရှိသည့် ဇာတ်ကားများတွင် နွဲ့နွဲ့မူနှင့် အတူ တွဲဖက် သရုပ်ဆောင်ဖူးသည့် အနုပညာညီအစ်မ တဦးဖြစ်သူ အကယ်ဒမီ ဆွေဇင်ထိုက်ကလည်း နွဲ့နွဲ့မူ၏ အသံမှာ ဆွဲဆောင်မှုရှိပြီး သရုပ်ဆောင် ပညာကိုလည်း ပိုင်နိုင်ကျွမ်းကျင်သူ တဦးဖြစ်ကြောင်း၊ မဟုတ်မခံစိတ်ရှိကာ စိတ်ဆတ် လွယ်သည့်အတွက် တချို့က အထင်လွဲကြသော်လည်း နွဲ့နွဲ့မူသည် စိတ်ရင်းကောင်းသူ တဦးဖြစ်ကြောင်း၊ စိတ်မာသူ တဦးဖြစ်ပြီး အတိုက်အခိုက်၊ အက်ရှင် ဇာတ်ကားများက အစ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူ တဦးဖြစ်ကြောင်း ပြောပြသည်။
“အစ်မနွဲ့နွဲ့မူနဲ့အတူ ဒူးမထောက် လက်မမြှောက် ဇာတ်ကား ရိုက်တုန်းကဆိုရင် မန္တလေးက ရိုက်ကွင်းတခုမှာ သျှောင်ထုံးတွေ၊ ရာဇ၀င် အ၀တ်အစားတွေ ၀တ်စားပြီး တနေ့လုံး နေပူထဲမှာ ရိုက်ခဲ့ရတာ တွေကလည်း အမှတ်တရပါပဲ” ဟု ဆွေဇင်ထိုက်က ဆိုသည်။
နွဲ့နွဲ့မူသည် ပြီးခဲ့သည့် မေလက နေမကောင်းဖြစ်ကာ ဆေးရုံတင်ခဲ့ ရသေးကြောင်း၊ ထိုစဉ်က သက်သာသွားသောကြောင့် ဆေးရုံက ဆင်းခဲ့ကြောင်း၊ မကြာသေးမီက ရောဂါသည်းကာ အရေးပေါ်ခန်းတွင် တင်လိုက်ရပြီး ယမန်နေ့က ဆုံးပါး သွားခဲ့ကြောင်း၊ ထို့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဆွေဇင်ထိုက်က ပြောသည်။
အကယ်ဒမီ နွဲ့နွဲ့မူ၌ သား ၁ ဦး၊ သမီး ၁ ဦး ထွန်းကားခဲ့ပြီး မကွယ်လွန်မီ အချိန်အထိ စမ်းချောင်းမြို့နယ် ဝေဠုဝန်အိမ်ရာ တိုက် (၁၂) အခန်း(၂) တွင်နေထိုင်ခဲ့သည်။
ဇွန် ၁၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗားကရာ ခရစ်ယာန် ဘုရားကျောင်းတွင် ၀တ်ပြု ကိုးကွယ် ပြီးမှ အကယ်ဒမီ နွဲ့နွဲ့မူ၏ ကျန်ရစ်သော ရုပ်ကြွင်းကို ရေဝေး ခရစ်ယာန်သုဿာန်သို့ ပို့ဆောင်ဂူသွင်းမည် ဖြစ်သည်။
Monday, June 13, 2011
The Irrawaddy's Blog: မက်ကိန်းကို ရိုက်ကြသည်
The Irrawaddy's Blog: မက်ကိန်းကို ရိုက်ကြသည်: "ဖြူဖြူသင်းတို့ တောင်ဒဂုံ ၁၈ အိမ်ကအပြန် ကားပေါ်တက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း။ ဓာတ်ပုံဆရာတွေ အရပ်ရှစ်မျက်နှာကနေ ပတ်ပတ်လည် ၀..."
ထာဝရ နှင်းဆီ ( သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် - ရေးသူ-( မောင်မောင်ဝမ်း )

- ပန်းဆိုတာ နွမ်းတတ်တယ်
ပန်းဆိုတာ ညှိုးတတ်တယ်
ဒါပေမဲ့……
မညှိုးတဲ့ ပန်း…မနွမ်းတဲ့ နှင်းဆီဆိုတာ ရှိတယ်…
အဲဒါ……ထာဝရ နှင်းဆီ
ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ဆသာသွားပြီ …ဟုတ်တယ်…..နှစ်ဆသာသွားပြီ
ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ ၊ အခု အန်တီစု အသက်က ၆၆ ဆိုတော့ဘာပဲဖြစ်ဖြစ်ဖခင်ဗိုလ်ချုပ်ထက်တော့လူ့ဘ၀မှာနှစ်ဆနေခွင့်ရသွားပြီ..(နေခွင့်ရသွားပြီလို့ပြောလိုက် တာက နေခွင့်မရအောင်ကြိုးစားတဲ့သူတွေရှိလို့ပါ )
အငြိုးအတေးများနဲ့ ဦးနေ၀င်း
ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့ န.၀.တ အတွင်းရေးမူး ( ၂ ) ဗိုလ်ချုပ်ကြီး တင်ဦး
သေနတ်နဲ့သေအောင်ပစ်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်မြင့်အောင်
တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်စိုးဝင်း
သူတို့တတွေ…….သူတို့တတွေ ငရဲပြည်မှာဆုံစည်းနေကြရင်….တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲနေရှာရော့မယ်……
“တို့တွေကသူ့ကိုမသေသေအောင်သတ်တာ….သူကမသေဘူး…..ငါတို့ကအရင်သေကုန်ကြတယ်….. အောင်မာ…၆၆ နှစ် မွေးနေ့ပွဲတောင် ကျင်းပနေပါ့လား….တောက် ”
သူတို့ထက် ပိုခံစားရမှာက………မကျယ့်တကျယ်နဲ့ နေနေရတဲ့….ဗိုလ်ချုပ်ထွန်းကြည် တို့…..ကျော်ဘ တို့လိုလူတွေ
ထောင်ထဲမနေရယုံတမယ် နေနေရတဲ့ ……မာယာများတတ်တဲ့…..ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေ
သူတို့တတွေကတော့ပြောနေရော့မယ်…..“လူကြီးသူမတွေပြောတဲ့…ဆံပင်ဆိုတာဒါမျိုးများလား..ရိတ်လေ.. သန်လေ တဲ့… ရိတ်တဲ့သူတွေသာ အရိတ်ခံလိုက်ရတယ်…ဆံကတော့ သန်ဆဲပါပဲလား……”
နေပြည်တော်ဆိုတဲ့အရပ်ဒေသရဲ့…..လုံခြုံရေးအစောင့်ရှောက်များ(နောက်များမကြာမှီသူတို့တတွေ ဟာ ထောင်ဝန်ထမ်း အစောင့်များလည်း ဖြစ်လာကောင်းဖြစ်လာနိုင်ပါသည် )ကြားက စံနန်းတော်ကြီး ပေါ်မှာ ဗိုလ်ချုပ်မူးကြီးဟောင်း သန်းရွှေ ကတော့……..ဖြစ်ပျက် တရားကိုရှုရင်း…….
ဖြစ်လာခဲ့တဲ့ အရာတွေဟာ ပျက်တော့မှာ ပါ့လား….ဆိုတဲ့ သံဝေဃ လေသံအပြည့်နဲ့ မြည်တွန် နေဆဲ……အာရုံ ထဲမှာ သူ့လူတွေက သူ့ကို အာဏာဖီဆန် တော့မဲ့ နိမိတ်ပုံရိပ်….သူသတ်ခဲ့တဲ့ သံဃာင်္တွေ ရဲ့ခြောက်လှန့်နေမူ့များကြားက………အော်….မစုတောင်…..၆၆နှစ်ပြည့်ပြီပဲ….ငါတို့လည်းနေ၀င်ချိန်နီးပါပေါ့..ဆိုပြီးသင်ခန်းစာတွေရနေမလား…….အတိုက်အခံဆိုလက်ညှိုးထိုးကောင်ယုံလောက်ထား..ကျန်တာရှင်း..တလက်မ မှတက်မလာစေနဲ့ဆို….ဒေါသစိတ်တွေနဲ့ ကန်လန့်ကာနောက်ကွယ်က မုန်ယိုနေမလား
ဘယ်လိုပဲဖြစ်ဖြစ် ထာဝရနှင်းဆီရဲ့ရနံ့တွေကြိုင်သင်းနေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။
ကျနော် ၈၈ လူထုအရေးတော်ပုံကြီးဖြစ်နေတော့ ( ဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်ထွက်မလာသေးဘူး ) စိတ်ထဲမှာခွန်အားတခုဖြစ်မိတာရှိတယ်………မြန်မာပြည်လူထုအရေးတော်ပုံကြီးကိုဦးဆောင်ဘို့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသား အောင်ဆန်းဦး ရောက်လာတော့မယ်တဲ့ ကျနော်တို့ ၀မ်းသာမိခဲ့တာအမှန်ပါ…..ဒါပေမဲ့ဒါတွေဟာကောလဟာလတွေဖြစ်ပြီးသမိုင်းကိုပြောင်းပြန်ဖန်တီးသူဖြစ်သွား တယ်ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်အကြာမှာသိလိုက်ရပါတော့တယ်။ တကယ်တော့ မြန်မာ လူထုတော်တော်များများကဒေါ်အောင်ဆန်းစုကြည်ကိုသိပ်မျှော်တွေးမထားမိကြဘူး။အရင်ဆုံးမျှော်လင့်ခဲ့မိသူက အကိုဖြစ်သူ…ဦးအောင်ဆန်းဦး………….
လွဲတဲ့အခါလည်း….လွဲပေမပေါ့…………
ဒေါ်အောင်ဆန်းစုကြည်ဆိုဖြစ်တည်လာခဲ့မူ့မှာ…ဗိုလ်ချုပ်အောင်ဆန်း အရိပ်ပါ ပါတယ်…ဒါပေမဲ့ လုံးလုံးလျားလျားကြီးကြီးတော့မဟုတ်ပါဘူး…….
သတ္တိတွေ၊ရိုးသားမူ့တွေ၊အနစ်နာခံမူ့တွေမရှိခဲ့ရင်…….လူထုခေါင်းဆောင်ဖြစ်လာနိုင်ပါ့မလား…. ဗိုလ်ချုပ်အောင်ဆန်းရင်သွေးမို့ဒေါ်အောင်ဆန်းစုကြည်ကိုလူထုကချစ်မြတ်နိုးလေးစားကြည်ညိုနေတယ်ဆိုရင်……သားကြီး ဦးအောင်ဆန်းဦးကိုရော လူထုက ဒီလိုသဘောထား တထပ်တည်းရှိပါသလား………
တခါမြန်မာ့ဒီမိုကရေစီလူတ်ရှားမူ့သက်တမ်းအနှစ်၂၀ကျော်ကာလရောက်လာတဲ့အခါသူ့အပေါ်အပစ်ဖို့သူတွေကဖို့……..ဆရာကြီးလေသံတွေနဲ့ဟိုဟာလုပ်ပါ့လား….ဒီဟာလုပ်ပါ့လား….ဟိုဟာမလုပ်ခဲ့လို…ဒီလိုဖြစ်တာပေါ့…ဒီဟာမလုပ်လို့…ဟိုဟာမဖြစ်တာပေါ့….စသည်..စသည်ဖြင့်……သေချာတာတခုကတော့….ယောက္ခမသေမယ်မှန်းသိရင်…နွားအကျွှေးဝယ် လိုက်တာပေါ့ဗျာ………..
တမျိုးက…ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက်ဘာတွေလုပ်ခဲ့လို့လည်းတဲ့………ဘာမှလုပ်ခွင့်မရအောင်လုပ်ထားမှတော့….တိုင်းပြည်ကို ချစ်တဲ့စိတ်….အနစ်နာခံမူ့တွေကလွဲလို့ဘာလုပ်ပြနိုင်မှာလည်း…………ပါးစပ်ကိုပိတ်ထားပြီးမှသီချင်းလည်းမဆိုဘူး ဆိုတာမျိုးလား……….မျက်စိဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းလိုလား………
တိုင်းပြည်အတွက် လုပ်ခွင့်ရအောင်….၀ိုင်းဝန်းပံ့ပိုးပေးကြပါ့လား…..ပြည်သူလူထုကြီးရေ………..
- သူလုပ်ပြပါလိမ့်မယ် ….. ကျနော်ပြောရဲတယ်ဗျာ….သူတကယ်လုပ်ပြပါလိမ့်မယ်……….
ဒါပေမဲ့……အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့တဲ့ ဂျော့ဝါရှင်တန်ကတော့ပြောခဲ့ဘူးတယ်…..စနစ်တခုကို ကူးပြောင်းဘို့တော်လှန်ရေးလုပ်တယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်…….ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ့ စနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ဘို့ အခွင့်အလမ်းတွေ သင့်ဆီကိုရောက်လာခဲ့ရင်……သင့်ရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံနိုင်မှာမို့ပါတဲ့…….
------ သူ့ကို ချစ်တဲ့သူ
သူ့ကို မုန်းတဲ့သူ
သူ့ကို ကြောက်တဲ့သူ
သူ့ကိုဘယ်လိုမှ မနေတဲ့သူ………အားလုံးအတွက်
ထာဝရနှင်းဆီရဲ့ရနံ့များသင်းပြန့်နေတာကတော့……..၆၆ နှစ်တိုင်ခဲ့လေပြီ။
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း
မြောက်ကိုးရီယား နယူကလီးယားသဘောင်္ မြန်မာ ဆီကိုလာ အမေရိကန် က တားဆီး ထားလိုက်ပြီ။

မြောက်ကိုးရီးယားနယူကလီးယားလက်နက်တင်ဆောင်ထားတဲ့သဘောင်္ မြန်မာ ပြည်ကိုလာနေတယ်။ အမေရိကန်ရေတပ်က ကြားဖြတ် တားဆီးလိုက်ပြီ။ ပြန်လှည့်ဖို့ ပြောနေတယ်။ တနင်္ဂနွေနေ့ က တားဆီးလိုက်တာလို့ သိရတယ်။ဒီလိုလာဖို့ ကြိုးစားတာဒုတိယအကြိမ်ဖြစ်တယ်။ သိန်းစိန် တရုပ်ပြည်အသွားမှာ မြောက်ကိုးရီယား ခေါင်းဆောင်နဲ့ လျိုလ်ဝှက်တွေ့ ဆုံမှု့ ရှိခဲ့ပါတယ်။
Sunday, June 12, 2011
Subscribe to:
Posts (Atom)
