Sunday, July 3, 2011

ကိုယ့်ဘာသာကိုယ်စဉ်းစားပါ

Sunday, July 3, 2011ကိုယ့်ဘာသာကိုယ်စဉ်းစားပါမလေးရှားမှာ
မလေးရှားရောက် မြန်မာအလုပ်သမားများ တရားဝင်နေထိုင်ခွင့်လက်မှတ် မပြုလုပ်လိုကြ


http://www.burmese.monnews.org/wp-content/uploads/2011/06/Malaysia-Re.gif
ကျလွန်းထော – မလေးရှားအစိုးရ ခွင့်ပြုချက်ဖြင့် ၄င်းတို့တွင် ရောက်ရှိနေသည့် နိုင်ငံအခြားမှ တရား မဝင် အလုပ်သမားများကို မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ သံရုံး၌ တရားဝင် နေထိုင်ခွင့် လက်မှတ် ပြုလုပ်ရန် ညွှန်ကြားထားသော် လည်း မြန်မာနိုင်ငံ အလုပ်သမား အများစုမှာ မပြု လုပ်လိုကြောင်း ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမားများ ငြင်းဆိုသည့် အကြောင်း အရင်းကား ငွေကြေးကုန်ကျမှု များခြင်းနှင့် မလေးရှားနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ တိကျသောအာမခံ မရသောကြောင့် ဖြစ်ကြောင်း တရားမဝင် နေထိုင် နေသူ မြန်မာ အလုပ်သမား တစ်ဦးက ပြောသည်။

“မလုပ်ချင်တဲ့ သူတွေက အများကြီးပဲ၊ ၄၅၀၀ ရင်းဂစ် (မြန်မာငွေကျပ် ၁၂ သိန်းခန့်) တောင် ပေးရမယ်၊ တကယ်မဟုတ်ဘဲ အလိမ်ခံထိသွားရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ မလေးအစိုးရက တကယ့်တိတိကျကျနဲ့ ဒီတရားဝင်ကဒ် လုပ်ဖို့ အတိအလင်း ကြေငြာထားတာ မတွေ့ရဘူး၊ အဖမ်းခံထိရင်လည်း ၉၀၀ ရင်းဂစ်နဲ့ ထိုင်းနိုင်ငံရောက်ပြီး၊ ပြန်လိုက်ယုံပဲ၊ ဒီလောက်ပိုက်ဆံနဲ့တော့ မလုပ်နိုင်ဘူး” ဟု ၄င်းက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့မှ စ၍ မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရရှိရန် မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် သွားရောက် လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံထုတ် သတင်းစာတွင် ဇွန်လ ပထမအပတ်က ကြေငြာခဲ့သည်ဟု ကိုယ်တိုင် ဖတ်ခဲ့ရသည့် မြန်မာအလုပ်သမား ကိုအောင်က ပြောသည်။ သို့သော် မြန်မာအစိုးရနှင့် မလေးရှား အစိုးရအကြား တရားဝင် သဘောတူညီချက်ကို မတွေ့ရပေ။

“အခုလည်း အဖမ်းအဆီးတွေ တော်တော်များနေတယ်၊ ဒီတရားဝင်ကဒ်လုပ်ခိုင်းဖို့နေမှာ၊ အဲဒီလို ဖမ်းလည်း မြန်မာ အလုပ်သမားတွေ လုပ်မှာ မဟုတ်ဘူး၊ ပြီးတော့ အဲဒီလက်မှတ်က ဒီနိုင်ငံမှာ တစ်ခုပဲ နေလို့ရတယ်၊ ပိုက်ဆံကလည်း များများပေးရ ကိုယ့်နိုင်ငံကိုလည်း တရားဝင် ပြန်လို့မရဘူး ဆိုတော့ ဒီမှာ လုပ်မယ့်အစား ကိုယ့်နိုင်ငံမှာပဲ ပတ်စပို့ (ဗီဇာ) သွားလုပ်မှာပေါ့” ဟု အလုပ်သမား ကိုအောင်က ပြောသည်။

၎င်းတရားဝင် လက်မှတ် ပြုလုပ်မည့်သူများသည် မလေးရှားနိုင်ငံ မြန်မာသံရုံးနှင့် ကွမ်လာလမ်ပူမြို့ရှိ မဟာနန်း မြန်မာ စားသောက်ဆိုင်တွင် အမည်၊ မှတ်ပုံတင် အိမ်ထောင်စုစာရင်း၊ ရဲစခန်းထောက်ခံစာများ တင်သွင်းပေးရပြီး၊ ၄င်းမှတစ်ဆင့် မြန်မာသံရုံး တာဝန်ရှိသူများမှ အလုပ်ရှင်များနှင့် ဆွေးနွေးပြီးမှသာ တရားဝင် နေထိုင်ခွင့် လက်မှတ် ပြုလုပ် ခွင့်ပေးမည်ဟု မလေးရှားရောက် မြန်မာနိုင်ငံ အလုပ်သမားရေးရာ အကျိုးဆောင် မင်းသုမွန်က ပြောသည်။

“အမည်စာရင်းပေးပြီးရင် အလုပ်ရှင်နဲ့တွေ့ပြီး သေခြာဆွေးနွေးပြီးမှ လုပ်ပေးမယ်လို့ ပြောတယ်၊ အခုချိန်မှာ အလုပ်သမားအများစုက မယုံကြဘူး၊ သေခြာပေါက် အလိမ်ခံထိမယ်လို့ သူတို့ကပြောနေတယ်၊ မလေးရှားအစိုးရ ခွင့်ပြုချက်ပေးတယ် ဆိုရင် တခြားနိုင်ငံတွေသိအောင် ကျယ်ကျယ်ပြန့်ပြန့် ကြေငြာရမယ်၊ အခုဟာက အနည်းအကျင်း လောက်ပဲ ဆိုတော့ သိပ်မသေချာဘူး၊ ကောလဟာလ သဘောလို ဖြစ်နေတယ်” ဟု ကိုမင်းသုမွန်က ပြောသည်။

မြန်မာ အလုပ်သမာအများစုမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဝပ်ရှော့နှင့်ကားပြင် လုပ်ငန်း၊ ကုန်စုံဆိုင်နှင့် စတိုးလုပ်ငန်းနှင့် ကွန်ပြူတာပစ္စည်း လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။

၂၀၁၁ ခုနှစ် စာရင်းအရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၂ သိန်းကျော်ရှိပြီး ၃ ပုံ ၁ ပုံမှာ တရားဝင်နိုင်ငံကူး ပတ်စပို့ရှိသူများ ဖြစ်ပြီး ၂ ပုံမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်း မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး၏ ကြေငြာချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမားဗီဇာဖြင့် ဝင်ရောက်လုပ်ကိုင်မည့်သူများ အလုပ်ခေါ်စာ လျှောက်ထားခွင့်ကို ဇွန်လ ၁ ရက်နေ့မှစ၍ ၆ လကြာ ပိတ်ထားမည်ဟု မလေးရှားအစိုးရက ဇွန်လအတွင်းတွင် ထုတ်ပြန် ထားသည်။

Credit @ Mon News

“စစ်အစိုးရအလိုတော်ရိ လုပ်ငန်းရှင်များနှင့် ၀ါဒဖြန့်ချိရေးသမားများစာရင်း”






ထိုင်းနိုင်ငံတွင် ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည့် ယင်လပ် ရှင်နာဝပ်



ဒီကနေ့ပြီးသွားခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ညီမငယ်ဖြစ်တဲ့ ယင်လပ် ရှင်နာဝပ်ဦးဆောင်တဲ့ ဖွေထိုင်းပါတီ (Pheu Thai Party) က အပြတ်အသတ် အနိုင်ရရှိသွားကြောင်း ထိုင်းသတင်းမီဒီယာများက ထုတ်လွှင့်သွားပါတယ်။

Exit Polls Show Yingluck Shinawatra Wins Election And Tipped To Be First...

Friday, July 1, 2011

“ကျွန်တော်က ရှဲဒိုးစာရေးဆရာပါ။” (စိမ်းခက်စိုး)


“ကျွန်တော်က ရှဲဒိုးစာရေးဆရာပါ။” (စိမ်းခက်စိုး)

Posted: 01 Jul 2011 01:10 AM PDT
“ကျွန်တော်က ရှဲဒိုးစာရေးဆရာပါ။”

။၁။

“Do you approve of the do-it-yourself trend?” the side walk radio announcer asked a passer by, holding the microphone up to him.

“Positively not,” the man replied, with unexpected vehemence. “I’m definitely against it”

“Why are you so against it?” asked the surprised announcer.

“I’m a ghost writer,” was the reply.

။၂။

ဒီဟာသလေးကို ဘာသာပြန်မပြခင်မှာ အလျင် ၁၀စုနှစ်တစ်ခုကျော်ကျော်ကို ပြန်သွားကြည့်ရအောင်။ အဲဒီအ ချိန်က နိုင်ငံရဲ့ ဒီမိုကရေစီ အရေးကို ရှေ့ဆောင်လုပ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ကျောင်းသား ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင် တော်တော် များများက အကျဉ်းထောင်တွေထဲမှာ..။ အဲဒီလို ဦးဆောင် သူတွေ ထင်ရှားသူတွေ အဖမ်းဆီးခံအဖိနှိပ်ခံထားရလို့ အရှိန်ကျိုးနေတဲ့ နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ကို အသွင် တစ်ခုနဲ့ရှေ့တိုးရွေ့ချဉ်းကပ်လာတာပါဘဲ။

ဆေဗယ်ဆိုဆိုင်ယတီတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေများလာရင်လည်း နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီအ သွင်ကူးလာတတ်တယ်။ ဟိုနိုင်ငံကြည့်ပါလား။ ဒီနိုင်ငံကြည့်ပါလားဆိုပြီး ဥပမာတွေ၊ ဖလော်တွေ၊ ဒိုင်ယလော့ တွေ၊ အက်ရှင်ပလန်တွေနဲ့ ဝင်တိုးလာခဲ့တယ်။ အဲလိုတိုးလာခဲ့တာဟာ ကျွဲခိုပေါ်နွားခိုးပေါ်သလို ခိုးကြောင်ခိုး ဝှက်မှသည် ပေါ်ပေါ်တင်တင် လုပ်လာကြရတဲ့ လူမှုရေးလုပ်ငန်းတွေဟါ ၁၀စုနှစ်တစ်စုကျော်ဖြတ်သန်း လာ ပြီးတဲ့နောက် မြွေမသေတုတ်မကျိုးနဲ့ တချို့နေရာတွေမှာ ရွှေမိုးငွေမိုးရွာခဲ့သလို တချို့နေရာတွေမှာ သဲထဲရေ သွန်ဖြစ်လာခဲ့ပါတော့တယ်.။

အဲလိုပြင်လိုက် ပျက်လိုက် ထပ်ပြင်လိုက်နဲ့ ရှေ့တိုးရင်း ပြည်တွင်းမှာ အသွင်အမျိုးမျိုးနဲ့ အားသွန်လုပ်ကိုင် အောင်မြင်လာကြတာမှာ နောက်ပိုင်း ယခုဒီမိုကရေစီအစိုးရရဲ့ ကျေးဇူးရှင် ယခင်စစ်အစိုးရ ကိုယ်တိုင် နောက် ပိုင်းမှာ ကြံ့ခိုင်ရေးအဖွဲ့အစည်းဆိုတာမျိုးတွေ လုပ်လာပြီး နေရာဝင်လုလာခဲ့တာပါဘဲ။ ဒါပေမယ့် ပြည်သူ့ရဲ့ယုံ ကြည်ချက်တွေ၊ မေတ္တာတွေကတော့ သူတို့အပေါ်သီးပွင့်မ သွားခဲ့ရှာ ပါဘူး။

အဲဒီလို ကျွဲခိုးနွားခိုးပေါ်သလိုလုပ်နေရတဲ့ လူမှုရေးအဖွဲ့တွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေထဲကနေ ထင်ထင် တောက်တောက်ဖောက် ထွက်လာတာကတော့ စာရေးဆရာ၊ တေးဆို၊ တေးရေး၊ သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ဘဘဦးသုခတည်ထောင်ပြီး ရုပ်ရှင်မင်း သား ကိုကျော်သူ၊ စာရေးဆရာမသန်းမြင့်အောင်နှင့် အနုပ ညာရှင်အသီးသီးနဲ့ လူမှုရေးဝန်ထမ်းကြီးငယ်များက မိမိတို့နိုင်ရာတာဝန်များ ကနေ အသီးသီးတာဝန်ယူ ဝန်းရံ ထိန်းသိမ်းပြီး ယနေ့အထိအောင်မြင် ထင်ရှားကာ ပြည်သူတွေအားလုံးရဲ့ အားကိုးရာ စံပြအဖွဲ့အ စည်းဖြစ်လာတဲ့ “နာရေးကူညီမှုအသင်းကြီး” ဖြစ်ပါတယ်။

အောင်မြင်ထင်ရှားလာပြီးတဲ့နောက် အမျိုးမျိုးသော အတိုက်အခံ တွေ၊ အတွန်းအပိတ်တွေကို ခါးစည်းခံပြီး ခုနောက်ဆုံး အမေရိကန်ရဲ့အမြင့်ဆုံးကိုယ်စားလှယ် မစ္စတာဂျွန် မက်ကိန်း ကိုယ်တိုင် လာရောက်လည်ပတ်ခြင်းဖြင့်ချီးမြောက်ခံရတဲ့အထိကို စံပြုဖွယ်အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အဲလိုပြည်ပ တိုင်းတစ်ပါးကလူတွေကတောင် အသိမှတ်ပြုအားပေးနေခဲ့တဲ့သည့် နာရေးကူညီမှု လိုအဖွဲ့စည်းမျိုးကို သန့်စင်သောခံယူချက်နဲ့ အားပေးအားမြောက်မပြုနိုင်တဲ့အပြင် မသာပါးစပ်ထဲက ငွေတစ် မတ်ကို ဝင်လုချင်တဲ့ အဖွဲ့အစည်းတွေလည်းရှိခဲ့သလို ပြည်သူတွေလည်းသိခဲ့ပါတယ်။

ပြည်သူ့မေတ္တာ၊ ပြည်သူ့ယုံကြည်မှုဆိုတာ အဲလိုဖြတ်လမ်းကယူလို့မရဘူးဆိုတာတောင် မဝေခွဲတတ်တဲ့သူမျိုး တွေက နိုင်ငံ့ဒီမိုကရေစီအရေးလုပ်ဆောင်မယ်ဆိုတော့ ကျွန်တော်ဖျော့တော့တော့ လေးရယ်မိတယ်။ ငါတို့ ကံဆိုးဦးမှာဘဲလို့လည်း သက်ပြင်းချမိတယ်။ နောက်တော့လည်း ကိုယ့်အတွေးဟာ သူတို့အလုပ်တွေဖြစ်လာ တာပါဘဲ ထူးမခြားနားပတ်ပျိုးကို ကိုယ်တို့တိုးတိုးလေး အသံထပ်မြှင့်ဆိုကြရပြန်ရော။

။၃။

ဒီနေရာမှာ ကျွန်တော်အငေါ်တူးတွေးချင်တာလေးတစ်ခုက အရင်တုန်းကလူတွေလိုဘဲ၊ အခုလွှတ်တော်တက် နေတဲ့ ဝန်ကြီး၊ ဝန်ငယ်၊ ဝန်လတ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုမူဝါဒရေးရာအရ ယှဉ်ပြိုင်အနိုင်ယူဖို့မ ကြိုး စားဘဲ။ အငြိုးအတေး အခုအခံကြီးနဲ့ ရန်ရှာနေ သလိုလုပ်နေတာက ဘယ်သူပြောင်းပြောင်း၊ ဘယ်မူပြောင်း ပြောင်း ပေါ်လွင်နေတာပါဘဲ။ တကယ်တော့ သူတို့လိုလုပ်ပိုင်ခွင့် ရှိနေ သူ တွေ ဟာ အိမ်ထဲကထွက်တာနဲ့ နောက် ယောင်ခံအလိုက်ခံ၊ လာနုတ်ဆက်သူကို အိမ်အထိလိုက်ဖိအားပေးခံနေရရှာတဲ့ ဒေါ်အောင် ဆန်းစုကြည် လိုလူ မျိုးထက် အဘက်ဘက်မှာသာလွန်စွာနဲ့ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေကို လုပ်နိုင်ပါရက်နဲ့ မိန်းမတစ် ယောက်ကို ခေါင်းပေါင်းစတလူလူနဲ့ယောက်င်္ကျားကြီးတွေက သဘောထားမကြီးနိုင်ဘဲ ဖိအားပေး ရက်စက်နေတာဟာ ဒီမို ကရေစီစနစ် ကို အကောင်ထည်ဖော်နေတဲ့ လူကြီးလူကောင်းတွေပါဆိုပြီး လူရှေ့ထွက်ပြောနေတာ သူတို့အစား သည်းသည်းခါခါကိုရှက်မိတယ်။

တိုင်းပြည်ဆင်းရဲနေတာသိရှိပါတယ်ဆိုပြီး မိန့်ခွန်းပြောတဲ့ခေါင်းပေါင်းရဲ့လက်မှာစွပ်ထားတဲ့ လက်စွပ်က သိန်း ရာချီတန်တဲ့ အရည်ေ ကာင်းကျောက်ကြီးဋ္ဌာပနာလို့။ ပြည်သူတွေဘဝကို အသိမှတ်ပြုဖို့ ရထားတက်စီးပြတဲ့ ခေါင်းပေါင်းစီးတဲ့ရထားက ကျွန်တော်တို့နေ့တိုင်း ကြော်ခွဆင်းရတဲ့ပန်းသည်တွေ၊ ကုန်ထုတ်တွေမပါဘူး။ အဲဒီ ခေါင်းပေါင်းကို တစ်မနက်လောက် မြောက်ဥက္ကလာအဝိုင်းကြီးကနေ ဒါမှမဟုတ် လှိုင်သာယာမီးခွက်ဈေး ထိပ် ကနေ မြို့ထဲလောက်အထိ ကားတိုးစီးဖို့ဖိတ်ခေါ်ကြည့်ချင်စိတ်လည်း အူထဲမှာမြူးသွားတယ်။ သူငယ်ချင်းတစ် ယေက်ကတော့ ငါနဲ့တွေ့လို့ကတော့ ထောက်လှမ်းရေးလုပ်ပစ်လိုက်မယ်ဆိုပြီး ရယ်ဟဟကျိန်းတယ်။ ယိုသူမ ရှက်မြင်သူရှက် ဆိုတာ ဒါမျိုးထင်တာဘဲ။ မီဒီယာလွတ်လပ်ခွင့်မြင့်တင်မယ်လို့ ကတိပေးထားတဲ့ခေါင်းပေါင်းက ဘဲ သတင်းစာရှင်း လင်းပွဲလာရင် ကင်မရာ၊ ရီကော်ဒါ၊ ဖုန်းတွေကို ဂျာနယ်ပိုင်ပစ္စည်းဖြစ်ကြောင်း ထောက်ခံစာ ယူလာရမယ်ဆိုပြီးလည်း တခါမှမကြားဖူးတဲ့ ပါးစပ်ဥပဒေတွေထထုတ်တယ်။ တကယ်ဆို လုံခြုံရေးအခြေခံစနစ် တွေ တိုးမြှင့်လိုက်ယုံနဲ့ပြေလည်ရမှာကို ကိုယ့်ကိုပြည်သူနဲ့ ရွှေလမ်းငွေလမ်းဖောက်ပေးမယ့် မီဒီယာကို လည် ပင်းညှစ်ချင်တဲ့ အကျင့်နဲ့အဲလိုလူတွေက ဒီမိုကရေစီဂါထာ ထထကျူးတော့ ကိုယ်စိတ်ပျက်လက်ပျက် ဟက် ဟက်ပက်ပက်ရယ်ခဲ့ဖူးတယ်ဆိုတာ မလွန်းဘူးဗျနော်။ တကယ်ပါ ကင်မရာတို့၊ ဖုန်းတို့၊ အသံဖမ်းစက်တို့ကို ထောက်ခံစာ ရေးပေးရတယ်ဆိုတာ ဘယ်ကမ္ဘာက မီဒီယာလောကမှာမှမကြားဖူးတဲ့ စကားပါဗျာ..။

ဝါးလုံးသိမ်းရမ်းတဲ့အနေနဲ့ နိုင်ငံတကာကိုလည်းနည်းနည်းထည့်ပါရစေ။ နိုင်ငံတကာက ကိုယ်စားလှယ်တွေ လည်း အဲဒီကိစ္စမှာ ရှက်တတ်ရင်ရှက်လို့ရပါတယ်။ ဒီလိုလူတွေကို ပြုံးပြ လက်ဆွဲလာနုတ်ဆက်ပြီးအခွင့်အရေး ယူသွားတာဟာ ခင်ဗျားတို့ကိုယ်တိုင်လည်း အခြောက်စိတ်ရှိနေလို့ဘဲလို့ ပြောရတော့မှာဘဲ။ သူတို့ကတော့ ပြောမှာပေါ့ ငါ့ခေတ်မှာ ငါ့နိုင်ငံတော်အကျိုးငါသည်ပိုးဖို့ဘဲရှိတယ် မင်းတို့ငတုန်းတွေကိစ္စမင်းတို့ဖာသာနိုင် အောင် ရှင်းဆိုပြီးပေါ့။

။၎။

ဒီစကားတွေပြောနေရလောက်အောင် မင်းကဘာကောင်လဲဆိုရင်တော့ ကျွန်တော်ဘာကောင်မှမဟုတ်ပါဘူး။ ဒါပေမယ့် မဖြစ်မနေဖြေရ မယ်ဆိုရင်တော့ အကောင်တော့အကောင်ဘဲ ဒါပေမယ့် ဒီမိုကရေစီ စစ်စစ်ကိုဆာ လောင်နေတဲ့ကောင်ပါလို့ ဖြေလိုက်မှာပါဘဲ။ တိုင်းပြည် အတွက်အလုပ်လုပ်နေတယ်လို့ လေလုံးမထွားချင် ပေမယ့် ပြည်သူတစ်ဦးအနေနဲ့တော့ တိုင်းပြည် အ ရေးအရာကို လမ်းကြောင်း တစ်ခုပေါ်ကနေအမြဲ စောင့် ကြပ်ကြည့်ရှုခဲ့သလို သက်ပြင်းလည်း အမြဲထူထူပူပူ ရှိနေခဲ့သူပါ။ အဲဒါဆိုလည်း ခေါင်းပေါင်း ပေါင်းပြီး စင်ပေါ် တက်ခဲ့ကွာဆိုရင်လည်း မိန်းမတစ်ယောက် မျက်စောင်းခြောက်ခြောက်တွေထိုးပြီး ဇွတ်ကြောက်နေတဲ့ အ ခြောက်ကြီးေ တွနဲ့တစ်စားပွဲထဲ ထိုင်ပြီးပြုံး ရလောက်အောင် သတ္တိမရှိတဲ့အတွက်နိုးလို့ဘဲဖြေရမှာဘဲ..။ ဒါ ကျွန် တော့်ရဲ့ ခရမ်းရောင် သံမဏိခံယူချက်ဘဲ။ လိုအပ်ရင် အသက်ဓာတ်တွေ ယိမ်းချင်ယိမ်းသွားမယ်။

ခင်ဗျားတို့ အဟုတ်ဖြစ်တဲ့နေ့ ကျွန်တော်အပါအဝင်ပြည်သူတွေရဲ့လပ်ခုပ်သံလည်း တစ်ကယ်အုတ်အုတ်ကျယ် ကျယ်မြည်ထွက်လာပါ လိမ့်မယ်။

ကဲပါ အထက်ကကျွန်တော် ဘိုလိုကူးချပြထားတဲ့ ဟာသလေးကို စီလျော်အောင်ဘာသာပြန်ပြပါရစေတော့။ သူ့ အဓိပ္ပာယ်ကတော့ ရေဒီယိုအစီစဉ်တစ်ခုက အစီစဉ်ကြေငြာသူက လမ်းမှာ သူအစီစဉ်တင်ဆက်နေရာဘေး က ဖြတ်သွားသူတစ်ယောက်ကို မိုက်ခရို ဖုန်းထိုးပေးရင်း မေးလိုက်တာ “ခင်ဗျား ကိုယ်ထူကိုယ်ထလုပ်ရတဲ့ စနစ် ကို သဘောကျလားဗျ ”တဲ့..။ အဲဒါကို အမေးခံရတဲ့သူက ရေဒီယိုအစီစဉ်ကြေငြာသူ လုံးဝမျှော်လင့်မထား တဲ့ အဖြေဖြစ်တဲ့ “သဘော မကျဘူး။ လုံးဝလည်းမထောက်ခံဘူး” လို့ ပြန်ဖြေ လိုက် သတဲ့။ အဲတော့ အစီစဉ်ကြေ ငြာသူက “ဘာဖြစ်လို့ ဒီ လောက်တောင်မလိုလားရတာလဲဗျာ” လို့ပြန်မေးလိုက်တော့ ..သူက “ကျွန်တော်က ရှဲဒိုး စာရေးဆရာလေ” တဲ့…ခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ နိုင်ငံရဲ့ကောင်းရာကောင်းကြောင်းတွေကို လုပ်နေတဲ့ သူတွေကို တာဝန်ရှိသူတွေရဲကဆက်ဆံနေပုံ..သဘောထားနေပုံက အဲဒီဟာသလေးထဲက ရှဲဒိုးစာ ရေးဆရာလိုဖြစ်နေသလား လို့ တွေးပြုံးလေးပြုံးရင်း………………..။ ။

ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး

(သောကြာနေ့) ဇွန်လ ၃၀၊ ၂၀၁၁

နံနက် - ၁၂း ၃၉ နာရီ