Saturday, November 6, 2010

Friday, November 5, 2010

Thursday, November 4, 2010

မလေးရှားနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြပွဲ








Photobucket








ယနေ့ (၄. ၁၁. ၂၀၁၀ ) မနက် ၁၀ နာရီ မလေးရှားနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ရွေးကောက်ပွဲအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မလေးရှားနိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (မလေးရှားဌာနခွဲ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)၊ Burma Campaign Malaysia နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေကြသောသူများ ပူးပေါင်း၍ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုအဖြစ် ဖွဲ့စည်းကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မလေးရှားအာဏာပိုင်များမှ ဆန္ဒပြသူများအား မြန်မာသံရုံးရှေ့တွင် လုံးဝဆန္ဒပြခွင့်မပြုဘဲ သံရုံးအနောက်ဖက်ရှိ လက်ဖက်ရည်ဆိုင်ရှေ့၌သာ ပိုစတာကမ်ပိန်းပြုလုပ်ခွင့်ပေးခဲ့သည်။ အာဏာပိုင်များခွင့်ပြုခဲ့သောစည်းကမ်းအတိုင်းလိုက်နာ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာနေရာသို့ သံရုံးမှဝန်ထမ်းနှစ်ဦးမှ ဓာတ်ပုံလာရိုက်၍ မိုက်ရိုင်းစွာပြောဆိုမှုကြောင့် ဆန္ဒပြနေသောလူငယ်များနှင့် အခြေအတင်အနည်းငယ်ဖြစ်ခဲ့ပါသည်။

မလေးရှားအာဏာပိုင်များ၏ မည်သည့်အခွင့်အရေးမှ မပေးသည်ကို ထုတ်ဖော်လိုသောအားဖြင့် ဆန္ဒပြသူများသည် မိမိပါးစပ်အား လက်ဝါးနှင့်ပိတ်ကာ အသံတိတ်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လူအင်အားအယောက် ၁၀၀ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။


Photobucket

Moethee Zun on Federal Government1

Monday, November 1, 2010