
မလေးရှားနိုင်ငံ UNHCR မှ ဒုက္ခသည်များအာ အရေးဖေါ်ကြေငြာချက်
မလေးရှားနိုင်ငံ Kuala Lumpur UNHCR ရုံးမှဒီကနေ့ အဖွဲ့ စည်းအားလုံးအားခေါ်၍ အရေးပေါ်အစည်းဝေးတရပ် ကျင်းပခဲ့ကြောင်းသိရှိရပါသည်၊၊
ထိုအစည်းဝေးနှင့်ပါတ်သက်၍ ကြေငြာချက်တရပ်ထွက်ပေါ်လာပါတယ်
ထိုကြေငြာချက်တွင် မလေးရှားနိုင်ငံ UNHCR မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားခံရသူအားလုံး (စာရွက် ကိုင်ဆောင်ထားသူ၊ကပ်ကိုင်ဆောင်ထားသူ၊ရီချက်
ထိထားသူ) အားလုံး (၃)ရက်အတွင်း
မလေးရှာနိုင်ငံ မြို့တော်ကွာလန်ပူမှာရှိတဲ့ လဝကရုံးဆိုက်ရာ PutraJaya
ရုံးချုပ်ကြီးသို့ လာရောက်၍ လက်ဗွေနှိပ်ရမည်ဖြစ်ကြောင်းနှင့် (၃)ရက်အတွင်း လက်ဗွေလာရောက်မနှိပ် သူများအား UNHCR မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ်မှ ပယ်ဖျက်ပြီးဖြစ်ကြောင်း အစည်းဝေးတွင်ပြောကြားပါသည်။
မလေးရှားနိုင်ငံ UNHCR နှင့် မလေးရှားအစိုးရ တစုံတခု ညီနေကြောင်းအစည်းဝေးသို့ တက်ရောက် သူများက သုံးသပ်ပြောကြားကြောင်းလည်းကြားသိရပါသည်၊၊
No comments:
Post a Comment