Monday, May 30, 2011

လွတ်လပ်မှ အနမ်းခြွေ
အလှကို ဆောင်ကြဉ်းပေးဖို့
လောကကြီးက မင်းကို
ဒီနေရာမှာ တာဝန်ချပေးလိုက်တယ် ။
မင်းကို နက်ရှိုင်းစွာ ချစ်ဖို့
လောကကြီးက ငါ့ကို
ဒီနေရာမှာ တာဝန်ချပေးလိုက်တယ်
ချစ်မိတဲ့ အခါ လူတွေ နမ်းကြတယ်။
အချို့ကို သူတို့ လက်လွတ်မခံကြ
ငါ့နှလုံးသားက မင်းကို
ပြင်းပြစွာ တမ်းတနေပေမယ့်
စစ်မြေပြင်ကိုလည်း
ငါသွားရဦးမယ်။
အချစ်ရေ . . . တိုက်ပွဲမှာ
ငါကျဆုံးသွားခဲ့ရင်
ငါ့နှုတ်ခမ်းတွေက ကျည်ဆံဒဏ်ရာကြောင့်
စုတ်ပြဲဖွာလန်ပြီး
မင်းနှုတ်ခမ်းတွေကို ဘယ်သောအခါမှ
မနမ်းနိုင်တော့မှာလဲ ဖြစ်နိုင်တာပဲ။
အချစ်ရေ . . . ငါသေသွားခဲ့သော်မှ
ငါကတော့မင်းကို ချစ်မြဲပါ။
ဒါပေမယ့် ကျွန်တစ်ယောက်ရဲ့
နှုတ်ခမ်းတွေနဲ့ မင်းကို ငါနမ်းဖို့
မဖြစ်နိုင်လို့ပါ။ ။

ငုယင်ဂီယက် (ဗီယက်နမ်

Sunday, May 29, 2011


ဒီပရင်္ဂ(ဒီပဲယင်း)-၂၀၀၈ ဇွန်လ ချယ်ရီမဂ္ဂဇင်းမှ ကြည်မောင်သန်းကဗျာ





















ပုံပြင်ထဲက မြို့လည်း မဟုတ်။
ဒဏ္ဍာရီထဲ မြို့လည်း မဟုတ်။
ရာဇ၀င်ထဲက မြို့တမြို့။
ပုဂံခေတ်ထဲက မြို့တမြို့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက ရှိတဲ့ မြို့တမြို့။
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်။
အလောင်းစည်သူမင်း
တိုင်းခန်း လှည့်လည်ရင်း
မြောက်ဘက်အရပ် အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့် ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေ ပေါများ
ရဟန်း ပညာရှိ လူပညာရှိ တွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားရေး ကူးသန်း သွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသဓာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာ အရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
-----------------------------

-----------------------------

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန် ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဘူးတယ်။
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမုန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။
http://bp1.blogger.com/__LW5cz-2ofU/SGribEZhC0I/AAAAAAAAAjs/dIv01sj1VNs/s400/97763214.j2Q5KC4A.jpg











ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင် ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ
အမျိုးသမီးတယောက်
သေကံ မရောက် သက် မပျောက် ဖြစ်ခဲ့ရတယ်။
ဒီမြို့မှာ
အံကြိတ်ရ တောက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်း အခါသမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီး ရွာချလိုက်တယ်။
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုး မို့
အညာအခေါ်
ဆင်ရာတိမ်မိုး တဲ့ လေ။
http://bp0.blogger.com/__LW5cz-2ofU/SGribRDPpwI/AAAAAAAAAj0/LOIb01VQWSI/s400/86759920.Y4GsDk2I.jpg











မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်း ကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။

(ရေးသူ-ကြည်မောင်သန်း )
(၂၀၀၈ ဇွန်လ ထုတ် ချယ်ရီ မဂ္ဂဇင်းမှ)




--
အဓိပတိဘွား ... (:-...)

cartoon

cartoon

cartoon

ဒီပဲယင်းလုပ်ကြံမှုကြီး

မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၁
http://3.bp.blogspot.com/-HUTOo9-YrnI/TdOGp7Gum3I/AAAAAAAAAoI/cxWQ9GwDm1I/s400/DEPAEYIN2752011.gif

မိတ်ဆွေများခင်ဗျာ ...

ဒီတပတ်ကျနော် ပြောချင်တာကတော့ မေလ သမိုင်းတကွက်ပဲ ဖြစ်ပါတယ်။ အရင်တပတ်က ပြောခဲ့တာ ကတော့ မေဒေးခေါ် အလုပ်သမားနေ့အကြောင်းတခုပဲဖြစ်ပါတယ်။ ခု ကျနော်ပြော မယ့် မေလသမိုင်း တကွက် ကတော့ မေ လုပ်ကြံမှုကြီး တစ်ခုအကြောင်းဖြစ်ပါတယ်။ ၁၉ ဇူလိုင် မမေ့နိုင်ဆိုသလို၊ ၃၀ မေလ မေ့မရ။ မေလ ၃၀ မမေ့ဖွယ်ဆိုတဲ့ မေ သမိုင်းတကွက်ပါ။ ၂၀၀၃ မေ ၃၀ က သွေးသံရဲရဲ လုပ်ကြံပွဲကြီးတခုကို ဗိုလ်ချုပ် မှူးကြီးသန်းရွှေကိုယ်တိုင်ဦးဆောင် စီစဉ်ညွန်ကြားခဲ့ပါတယ်။ ဒဗယင်းလုပ်ကြံမှုကြီးလို့ ရာဇ၀င်တွင်ပါလိမ့်မယ်။

၂၀၀၃ မေ ၃၀ ရက်နေ့က ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲဘော်မေများဟာ မန္တလေး မုံရွာကနေ ရေဦးမြို့ဆီကို ကားတန်းကြီးနဲ့ ခရီးဆက်ခဲ့ကြပတယ်။ ဒပယင်း မြို့နား ကိုရောက်တော့ အဖွဲ့ချုပ်ကားတန်းကြီးကို လူတစုက မယောင်မလည် မဟားဒရားနဲ့ တားဆီးပြီး ဒုတ်တွေ၊ ဓားတွေ ၀ါးချွန်တွေနဲ့ ရုတ်တရက် ထိုးခုတ်လုပ်ကြံကြပါတော့တယ်။ ကျောင်းသား လူငယ်တစုက ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလိုက်ပါလာတဲ့ကားတွေပေါ်မှာ မှောက်ပြီးကာကွယ်ကြရှာပါသတဲ့။ လုပ်ကြံ သူ တွေကြောင့် လူပေါင်း ၁၀၀ ၊ ၂၀၀ လောက်ကျဆုံးခဲ့ရပါတယ်။ စာရင်းအတိအကျတော့ ဒီနေ့အထိမသိ ရသေး ပါဘူး။ အဲဒီတုန်းက တာဝန်ရှိတဲ့ စစ်အစိုးအရကလဲ တရားခံတွေကို စစ်ဆေးစုံစမ်းဖော်ထုတ်တာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။ ကမ္ဘာ့အံ့ဖွယ်ဖြစ်ရပ်ပါ။

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့က သူတို့ရဲဘော်တွေ ရဲဘော်မတွေ လက်နက်မဲ့လုပ်ကြံခံနေရတာကို မရှု့ဆိတ်လို့ ကားပေါ်က ဆင်းကြမယ်လုပ်ပေမဲ့ ကားမောင်း တဲ့လူငယ်တွေက မဆင်းနိုင်အောင် ကားကိုဇွတ်မောင်းပြီး ထွက်ပြေးခဲ့လို့ လွတ်မြောက်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ ရေဦးရောက်တော့ အာ ဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းစေပြီး ရန်ကုန်ကို ခေါ်သွားကြပါတယ်။ လုပ်ကြံခံရသူများကို ထိန်းသမ်းထားလိုက်တာ ၇ နှစ် ၈ နှစ် လောက်ကြာခဲ့ပါတယ်။ တရားခံတွေကိုတော့ ဖမ်းဆီး စစ်ဆေးထိန်းသိမ်းတယ်လို့ မကြားမိလိုက်ပါဘူး။

အဲဒါဒီပဲယင်းခေါ် ဒဗယင်းရဲ့သမိုင်းတကွက်ပါ။ ဗမာ့ဆိုရိုးစကားတခုရှိပါတယ်။ အရိုးတွန်တတ်တယ်တဲ့။ အရိုးဆို တာ အရေးအသားလို ဆွေးမြေ့ကြေပျက်သွားရိုးမရှိပေဘူး။
http://1.bp.blogspot.com/-ZFpwRPNaof4/TdOGqBUXDFI/AAAAAAAAAoQ/tF1GotgNOA4/s400/DEPAEYIN27520112.gif

ဒီပဲယင်းအ၀င်လမ်း

အဲ ..အဲဒီ ဒဗယင်းဟာ သမိုင်းလှခဲ့တဲ့ နယ်မြေတခုပါ။ ပုဂံခေတ် ကျောက်စာထဲမှာ ‘‘ထိဗေအံသျှင်” လို့ရေးထိုး ခဲ့ပြီး ဒီခေတ်မှာတော့ ဒီပဲယင်း လို့ ရေးလေ့ရှိပေမယ့် ကျနော်တို့ အညာဒေသမှာ ဒဗယင်းလို့ပဲ ခေါ်ပါတယ်။ ခုခေတ်စစ်ဗိုလ်ချုပ်ကြီးတွေ မော်ဖူးရတဲ့ ဗမာ့ဂုဏ်ဆောင်စစ် သူကြီး မဟာဗန္ဓုလဆိုတာ ဒဗယင်းမြို့ တော်ဝန်ဖြစ်ခဲ့ ဖူးပေသည်။ ငယ်နာမည်က မောင်ရစ်တဲ့။ မောင်ရစ်ရဲ့ဖွားရာဇာတိကလဲ ဒဗယင်းနား က ငပယင်းဆို တဲ့ရွာဖြစ်ပါတယ်။

ဗမာ့စာပေသမိုင်းကို နည်းနည်းလေးစူးစမ်းလေ့လာဖူးသူတွေတောင် ကြား သိဖူး တဲ့ ရဟန်းစာဆို ရှင်အဂ္ဂ သမာဓိအကျော်ရဲ့ဖွားရာဇာတိကလဲ ဒဗယင်းအနီးက ကန်ဖျားရွာတဲ့ခင် ဗျ။

ခေတ် သစ်ဗုဒ္ဓဘာသာသမိုင်းမှာ ရိုးရိုးရှင်းရှင်း ဗမာစကားပြေနဲ့ ဗုဒ္ဓအဘိဓမ္မာတွေကို ဖြန့်ချိခဲ့ကြတဲ့ လယ်တီ ဆရာေ တာ် ဘုရားကြီးက ဒဗယင်းနားက စိုင်းပြင်ရွာဇာတိပါတဲ့။

ဒဗယင်းဆရာတော်လို့ နာမည် ကျော် ကြား တဲ့ ဒုတိယရွှေကျင် သာသနာပိုင် ဆရာတော်ကြီးကလဲ ဒဗယင်းနားက ကန်ဖျားရွာဇာတိပါ ခင်ဗျ။

ခုခေတ်တောင် တန်းသာသနာပြု သမိုင်းမှာ ထိပ်ဆုံးကကျော်ကြားတဲ့ အရှင်ဦးဥတ္တမသာရ ဆရာတော်ကြီးကလဲ ဒဗယင်းနယ် မှာ ဆရာတော်ကြီး တပါးပါပဲတဲ့။

ဗမာ့တော်လှန်ရေးသမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့လယ်သမားသူပုန်ကြီးလို့ မော်ကွန်းရသူ ဂဠုန်ဆရာစံရဲ့ ဖွားရာ ဇာ တိကလဲ ဒဗယင်းနားက သရက်ကန်ရွာတဲ့။

အဲ့သလို အဖက်ဖက်က ထင်ရှားသူ ပုဂ္ဂိုလ်ေ ကျာ်ကြီးေ တွ ပေါ်ထွန်းရာ ဒဗယင်းနယ်ရဲ့ ထွန်းပြောင်ခဲ့တဲ့သမိုင်းဟာ ၂၀၀၃ မေ ၃၀ မှာ အမဲကွက်ကြီး တကွက်စွန်း ထင်းသွားခဲ့ရပါပြီ။ ဒီသမိုင်းဟာ တရားဝင်မော်ကွန်းမတင်ရသေးပေမယ့် တနေ့တော့ အရိုးတွန် တာကို ကြား ရမှာပါ။ စောင့်မျှော်နားဆင်ကြပါစို့။

မောင်စွမ်းရည်




ကိုရဲရင့် ဘလော့ဂ် မှကူးယူ ဖြန့်ဝေပါသည်..........


အဓိပတိဘွား စနေသား.......

Saturday, May 28, 2011

lu hout mar1

lu hout mar2

Monday, May 23, 2011

cartoon1

cartoon

Saturday, May 21, 2011

lue so dar

Sunday, May 8, 2011

made in china