Tuesday, March 29, 2011

NYI MIN THIT SONGS...

Monday, March 28, 2011

they

Sunday, March 27, 2011

nld youth

Saturday, March 26, 2011

cartoon

cartoon

Thursday, March 24, 2011

DVB - 22.03.2011 - Life

DVB - 22.03.2011 - Daily Burma News

အာဏာရှင်များပြေးရပြီးးးး

အာဏာရှင်များပြေးရပြီးးးး

* March 21, 2011 ရက် ၊ 12:44pm တွင် အောင်ဆန်းသွေး ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
* စာပို့ရန် အောင်ဆန်းသွေး's ရေးသားသောဘလော့အားလုံးကြည့်ရန်


နိုင်ငံစုံတပ်များက လစ်ဗျားလေကြောင်းကာကွယ်ရေးစနစ်ကို တိုက်ခိုက် ဖျက်ဆီး



-WFWW-

လစ်ဗျား ဝေဟင် ကို ထိမ်းချုပ်နိုင်ရန် နိုင်ငံစုံတပ်များက လစ်ဗျားလေကြောင်းကာကွယ်ရေးစနစ်ကို တိုက်ခိုက် ဖျက်ဆီး အပြီး၊ ပျက်စီးသွားခဲ့သော စစ်ရေးပစ်မှတ်များကို တွေ့ရှိရသည့် မြင်ကွင်းဖြစ်ပါတယ်။ လစ်ဗျားအာဏာရှင် ကဒါဗီရဲ့ တပ်များ ပြန်လည်ဆုတ်ခွာပေးဖို့၊ နှင့် လူသားချင်းစာနာသည့် အထောက်အပံ့ များ ပေးပို့နိုင်ရန် ဒုတိယအဆင့် စစ်ဆင်ရေးများပြုလုပ်ဖို့ နိုင်ငံစုံတပ်များ ပြင်ဆင်နေကြပါပြီ။ ယင်း ဒုတိယအဆင့် စစ်ဆင်ရေး မှာ နိုင်ငံစုံမှ တိုက်လေယာဉ် အစင်း ၁၀၀ ကျော်ဖြင့် ၂၄ နာရီလုံး လုံး လစ်ဗျားလေကြောင်းကို ထိမ်းချုပ်ထားမယ်လို့ သိရပါတယ်။ ပထမ အဆင့် စစ်ဆင်ရေး မှာ B2 (ဘီ ၂) ဗုံးကြဲလေယာဉ် ၄ စင်း လည်းပါဝင်ခဲ့ပြီး၊ တစင်းလျှင် ဗုံး ၁၆ လုံးစီ ဖြင့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်းသတင်းများတွင် ဖော်ပြထားပါသည်။

လူစိတ်မရှိတဲ့ အာဏာရှင်တွေ၊ နှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်ပြီး အာဏာမလွှဲပေးချင်တော့တဲ့ အာဏာရှင်တွေ၊ လက်နက်အားကိုးပြီး တိုင်းပြည် ရှိ ပြည်သူတွေကို နည်းမျိုးစုံ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာရှင်တွေ အတွက် ကတော့ သူတို့ အာဏာအတွက် တိုင်းပြည် နှင့်ပြည်သူက က ဓားစာခံဖြစ်ခဲ့ရလေပြီ။

အခုတော့ နှစ်ပေါင်း ၄၀ ကျော်ကြာ အာဏာထိမ်းချုပ်ခဲ့တဲ့ လစ်ဗျားအာဏာရှင် ကဒါဗီ ကြွက်တကောင်လို ပုန်းအောင်း နေရပါပြီ။ သူ နဲ့ သူ့မိသားစုဝင်များ ကို ပစ်မှတ်များအဖြစ် ထားလာတော့မှာမို့ နေ့စဉ်ပြောင်းရွေှ့ အိပ်နေရသလို၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာကိုတောင် မထွက်ပြရဲတော့ပါဘူး။
အီတလီက လည်း စစ်ကူပေး
အီတလီက တိုနေတိုး လို့ အမည်ရတဲ့ ဂျက်တိုက်လေယျဉ်များနဲ့ အက်ဖ် ၁၆ တိုက်လေယျဉ် ၄ စီးကို ကာဒါဖီးမိသား စု ကိုတိုက်ခိုက်ရန် ထပ်မံ စေလွှတ်လိုက်ပါတယ်။မဟာမိတ်တပ်များက လစ်ဗျား ခေါင်းဆောင်ကာဒါဖီးရဲ့  နောက်လိုက်သစ္စာခံ များ ( လစ်ဗျား စစ်တပ်၊း များကိုလိုက်လံ တိုက်ခိုက်ခိုက်နေဆဲဖြစ်ပါတယ်။ )
တွန်ဟောက်ခ် ဒုံးပျံ ဆိုသည်မှာ အဘယ်နည်း
တွန်ဟော့ခ် ဒုံးပျံဆိုသည်မှာ အာဏာရှင်များဖင်တုန်အောင်ကြောက်ရသော ၀ိရဇိန် လက်နက်ဖြစ်ပါသည်။ တွန်ဟော့ခ် က မိုးပေါ်ကို ထောင်မပြစ် အာဏာရှင်များ အိမ်ခေါင်မိုး ကို တည့်တည့်ပြစ်သောလက်နက်လို့ လည်းပြောလို့ ရမှာပါ။

စနေ နေ့  က ကာဒါဖီးမိသားစု ကို ပြစ်ခတ်တိုက်ခိုက်ခဲ့သော တွန်ဟောက်ဒုံးပျံ ဖြစ်ပါတယ်။ ဒီနေ့ ဒီဒုံပျံတွေနဲ့ ကာဒါဖီးမိသားစု ရှိမဲ့ နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ သိပ်တော့မများလှပါဘူး ပထမအကြိမ်မှာတင်ပဲ ၁၂၂ လုံး ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။

ဒီဒုံပျံက ၁၉၇၀ မှာစတင်ထုတ်လုပ်တယ်။ အမေရိကန်နဲ့ ဗြိတိသျှတပ် မတော်တွေမှာပဲ ရှိတယ်။ အရည်က ၁၈ ပေ၊ တောင်ပံတွေက ၉ ပေရှည်တယ်။ ဂျက်အင်္ဂျင်တပ်ထား လေယဉ်ပျံတစင်းနဲ့ တူတယ်။ ပြစ်မှတ်မလွဲတိုက်ခိုက်နိင်တယ်။ မြေပြင်ကနေကပ်ပြီပျံသန်းနိင်တယ်။ ရန်သူ့ ရဲ့  ခံကတုတ်တွေကို တိုက်ခိုက်နိင်စွမ်းရှိတယ်။ ဒီဒုံလက်နက်ထဲမှာ အလွန်ပြင်းထန်စွာပေါက်ကွဲစေနိင်တဲ့ ဗုံပေါင်း ၁၆၆ လုံးကိုထည့်သွင်းထားတယ်။ အနုမြူ ထိပ်ဖူးတပ်ပြီးပြစ်ခတ်နိင်စွမ်းလည်းရှိတယ်။တနာရီကို မိုင်ပေါင်း ၅၅၀ ပျံသန်းနိင်တယ်။ ကြပ်ပြေးက သန်းရွှေအိမ်ကိုဆိုရင် တလုံးနဲ့ လောက်တယ်။ လူလိုပြောလို့ မရတဲ့အာဏာရှင်တွေက ဒါကိုမှ ကြောက်ကြတယ်။
The Tomahawk cruise missiles that were launched Saturday against Libya are unmanned, single-use, programmable jet-engine missiles used only by the U.S. and British navies.
They fly very close to the ground, steering around natural and man-made obstacles to hit a target that is programmed into them before launch. Newer versions can be reprogrammed in flight but in this case that was not done, at least not yet.
They are different from other unmanned aerial vehicles in that they can only be used once – they are fired, they fly to the target and blow up. End of missile. A Predator and some other unmanned aerial vehicles can carry missiles, hit a target, then continue flying.
Tomahawk missiles normally carry a 1,000-pound conventional warhead. They can also carry 166 combined-effects bomblets, or mini bombs that spread out over a larger area. They can also carry nuclear warheads.
Tomahawks, developed in the 1970s, were first launched operationally by the United States during Operation Desert Storm in 1991. They are about 18 feet long with a wing span of nearly 9 feet, and they can fly at about 550 mph. Regarding Saturday's strikes against Libya, Vice Adm. William E. Gortney, director of the Joint Staff, said the missiles were in flight for about an hour, so they were likely fired several hundred miles from their targets.
at
မူရင်း
အောင်ဆန်းသွေး
Like
4 members like this

* မနက်ခင်းအတွက် နေတစင်း
ညခင်းအတွက် လတစင်း
တော်လှန်စစ် ခင်းရင်း နင်းလျှောက်
မတရားတဲ့ စနစ်ဆိုးအောက်မှာ
ဒူးထောက်စရာ အကြောင်းမရှိ။

Wednesday, March 23, 2011

Sunday, March 20, 2011

အာဏာရှင်ဆန့်ကျင်ရေး လူမှုကွန်ယက်လှုပ်ရှားမှု ကျယ်ပြန့်လာနေ

အာဏာရှင်ဆန့်ကျင်ရေး လူမှုကွန်ယက်လှုပ်ရှားမှု ကျယ်ပြန့်လာနေ


Inbox
X

Reply
|
Min Naing Oo
to me

show details 12:28 PM (1 hour ago)




FaceBook လူမှုကွန်ယက်က တဆင့် Just Do It ဆိုတဲ့ အာဏာရှင် ဆန့်ကျင် ရေး လှုပ်ရှားမှုကို စတင်ခဲ့တဲ့ တလတာ ကာလအတွင်း အဖွဲ့ဝင် နှစ်ထောင်နီးပါး ရှိသွားပြီလို့ ကွန်ယက်အဖွဲ့ဝင်တွေက ပြောပါတယ်

ဒီ လှုပ်ရှားမှုဟာ ငုပ်လျှိုးနေတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးစိတ်ဓာတ်တွေကို လှုံ့ဆော်နိုင်တာ တွေ့ရတယ်လို့ လူမှုကွန်ယက် အသုံးပြုနေတဲ့ ကိုရဲသူရိန်မင်းက ပြောပါတယ်။

“Butterfly Effect လိုပဲလေ။ သေးသေးဖွဲဖွဲလေးကနေ တော်လှန်ရေးအကြီးကြီးတွေ ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တာကိုး။ အဲဒီတော့ FaceBook ကနေ လူ လေးငါးဆယ်ယောက်နဲ့ စခဲ့တယ် ဆိုပေမယ့် တချိန်မှာ တော်လှန်ရေးတခု၊ နိုင်ငံတခုရဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်တာပဲ။ အခုအချိန်မှာတော့ သူတို့တွေဟာ အဖွဲ့လေးတွေ ကွဲနေသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ကွန်ယက်ငယ်လေးတွေ ဖြစ်နေသေးတယ်။ တချိန်မှာ ဒီကွန်ယက်ငယ်လေးတွေ ပေါင်းစည်းသွားပြီဆိုရင် နိုင်ငံတော် ပြောင်းလဲဖို့ တော်လှန်ရေးတခု ဖြစ်ဖို့ အားတခု ဖြစ်သွားမှာပဲ”

အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အင်တာနက် လူမှုကွန်ယက်တွေက တဆင့် စတင်ခဲ့တဲ့ လူထု လှုပ်ရှားမှုတွေ အောင်မြင်ခဲ့တာကို ပြည်တွင်း မြန်မာလူငယ်တွေက နမူနာ ယူပြီး Just Do It ဆိုတဲ့ FaceBook ကွန်ယက်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အကောင်အထည် ဖော်ခဲ့ကြတာဖြစ်ပါတယ်။

Just Do it ရဲ့ FaceBook စာမျက်နှာမှာ မြန်မာနိုင်ငံက လူထုလှုပ်ရှားမှုတွေကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းတဲ့ ဗီဒီယိုမှတ်တမ်း ဓာတ်ပုံတွေ၊ နိုင်ငံရေးအမြင် ဆွေးနွေးချက်တွေ ဖော်ပြထားတာကို တွေ့ရပါတယ်။
စနေ နေ့  က ကာဒါဖီးမိသားစု ကို ပြစ်ခတ်တိုက်ခိုက်ခဲ့သော တွန်ဟောက်ဒုံးပျံ ဖြစ်ပါတယ်။ ဒီဒုံပျံက ၁၉၇၀ မှာစတင်ထုတ်လုပ်တယ်။ အမေရိကန်နဲ့ ဗြိတိသျှတပ် မတော်တွေမှာပဲ ရှိတယ်။ အရည်က ၁၈ ပေ၊ တောင်ပံတွေက ၉ ပေရှည်တယ်။ ဂျက်အင်္ဂျင်တပ်ထား လေယဉ်ပျံတစင်းနဲ့ တူတယ်။ ပြစ်မှတ်မလွဲတိုက်ခိုက်နိင်တယ်။ မြေပြင်ကနေကပ်ပြီပျံသန်းနိင်တယ်။ ရန်သူ့ ရဲ့  ခံကတုတ်တွေကို တိုက်ခိုက်နိင်စွမ်းရှိတယ်။ ဒီဒုံလက်နက်ထဲမှာ အလွန်ပြင်းထန်စွာပေါက်ကွဲစေနိင်တဲ့ ဗုံပေါင်း ၁၆၆ လုံးကိုထည့်သွင်းထားတယ်။ အနုမြူ ထိပ်ဖူးတပ်ပြီးပြစ်ခတ်နိင်စွမ်းလည်းရှိတယ်။တနာရီကို မိုင်ပေါင်း ၅၅၀ ပျံသန်းနိင်တယ်။ ကြပ်ပြေးက သန်းရွှေအိမ်ကိုဆိုရင် တလုံးနဲ့ လောက်တယ်။ လူလိုပြောလို့ မရတဲ့အာဏာရှင်တွေက ဒါကိုမှ ကြောက်ကြတယ်။ Moethee Zun
San Maung 3:25am Mar 21
စနေ နေ့  က ကာဒါဖီးမိသားစု ကို ပြစ်ခတ်တိုက်ခိုက်ခဲ့သော တွန်ဟောက်ဒုံးပျံ ဖြစ်ပါတယ်။ ဒီဒုံပျံက ၁၉၇၀ မှာစတင်ထုတ်လုပ်တယ်။ အမေရိကန်နဲ့ ဗြိတိသျှတပ် မတော်တွေမှာပဲ ရှိတယ်။ အရည်က ၁၈ ပေ၊ တောင်ပံတွေက ၉ ပေရှည်တယ်။ ဂျက်အင်္ဂျင်တပ်ထား လေယဉ်ပျံတစင်းနဲ့ တူတယ်။ ပြစ်မှတ်မလွဲတိုက်ခိုက်နိင်တယ်။ မြေပြင်ကနေကပ်ပြီပျံသန်းနိင်တယ်။ ရန်သူ့ ရဲ့  ခံကတုတ်တွေကို တိုက်ခိုက်နိင်စွမ်းရှိတယ်။ ဒီဒုံလက်နက်ထဲမှာ အလွန်ပြင်းထန်စွာပေါက်ကွဲစေနိင်တဲ့ ဗုံပေါင်း ၁၆၆ လုံးကိုထည့်သွင်းထားတယ်။ အနုမြူ ထိပ်ဖူးတပ်ပြီးပြစ်ခတ်နိင်စွမ်းလည်းရှိတယ်။တနာရီကို မိုင်ပေါင်း ၅၅၀ ပျံသန်းနိင်တယ်။ ကြပ်ပြေးက သန်းရွှေအိမ်ကိုဆိုရင် တလုံးနဲ့ လောက်တယ်။ လူလိုပြောလို့ မရတဲ့အာဏာရှင်တွေက ဒါကိုမှ ကြောက်ကြတယ်။

Moethee Zun

Friday, March 18, 2011

RIGHT (cartoon)

Friday, March 11, 2011

Thursday, March 10, 2011

Wednesday, March 9, 2011

cartoon show

Saturday, March 5, 2011

Dateline Irrawaddy

Friday, March 4, 2011

တော်လှန်ရေးတရပ် အောင်မြင်မှုရှိရန်အတွက် တော်လှန်ရေးအလားအလာ၊ တော်လှန်ရေး အခြေအနေ၊ ဦးဆောင်မှုနှင့် အဖွဲ့အစည်း၊ လူထုထောက်ခံအားပေးမှု စသည်တို့အပြင် စစ်မျက်နှာအားလုံးကို ပေါင်းစပ်တိုက်ပွဲဝင်မှုမှာလည်း အလွန်အရေးကြီးလှသည်။ ပြည်သူ့တော်လှန်ရေး ဆင်နွှဲရာတွင် စစ်မျက်နှာ တခုတည်းကိုသာ အာရုံစိုက်၍ မရပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနှင့် နိုင်ငံတကာရေးရာ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါသည်။


တော်လှန်ရေး အလားအလာ

လူ့အဖွဲ့အစည်း၏ စီးပွားရေးအခြေအနေ ယိုယွင်းလာသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအုပ်ချုပ်ရေး ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအပြောင်းအလဲများ ဖြစ်ပွားနေသည့် အချိန်အခါများတွင် တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခွင့်အခါကောင်းနှင့် အလားအလာများ ရှိလာတတ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါ တော်လှန်ရေးအလားအလာများ တည်ရှိနေပါသည်။ စီးပွားရေးအခြေအနေ ပျက်စီးမှု၊ ငွေကြေးဖောင်းပွမှု၊ လာဘ်ပေးလာဘ်ယူမှု၊ လူလတ်တန်းစား အရေအတွက် လျော့နည်းမှု၊ ရာဇ၀တ်မှုများ ထူပြောမှု၊ တိုင်းရင်းသား ပြည်သူများအား နှိပ်စက်ညှဉ်းပမ်းမှု စသည်တို့အပြင် အာဏာရှင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အတုအယောင်လွှတ်တော်ဖြင့် ရွှေရည်စိမ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြုလုပ်နေချိန် ဖြစ်ရာ အာဏာရှင်အစိုးရအတွင်း အာဏာလုပွဲ အခင်းအကျင်းများဖြင့် ဒေါက်တိုင်ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ ဖြစ်ပါသည်။

ယင်းသို့ တော်လှန်ရေး အလားအလာများ တည်ရှိပါက တော်လှန်ရေးအခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။

တော်လှန်ရေး အခြေအနေ

တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခြေအနေများမှာ

လူမှုအသင်းအပင်း အဖွဲ့အစည်းများ ပေါ်ထွက်လာခြင်း၊
မိမိတို့ ဘ၀ရပ်တည်ရေးနှင့် တိုးတက်ရေးကို အုပ်ချုပ်ရေးစနစ်က ဟန့်တားနေကြောင်း သိမြင်သူ များပြား လာခြင်း၊
စနစ်ကို ပြောင်းလဲရမည်ဟူသော အသိတရားများ ပြန့်ပွားလာခြင်း၊
အစိုးရအုပ်ချုပ်ရေး ယန္တရားများ ဖရိုဖရဲ ဖြစ်ခြင်း၊
အစိုးရဒေါက်တိုက် အဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုလိုလားသူနှင့် မလိုလားသူများ အုပ်စုကွဲနေခြင်း၊
ရဲ၊ စစ်တပ်၊ ထောက်လှမ်းရေး စသည်တို့တွင် တာဝန်ထမ်းဆောင်သူများမှ တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက် ပေါင်းစည်းလာခြင်း၊
စသည်တို့ ဖြစ်သည်။

မြန်မာပြည်သူလူထုသည် မိမိတို့၏ ဘ၀ ရပ်တည်ရေးနှင့် ဘ၀တိုးတက်ရေးကို စစ်အာဏာရှင်စနစ်က ချုပ်ချယ်ကန့်သတ်ထားကြောင်း သိမြင်ပြီး၊ အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်မှသာ ပြည်သူတရပ်လုံး၏ ဘ၀တိုးတက်သာယာ အေးချမ်းလာမည် ဖြစ်ကြောင်းကိုလဲ နားလည်ယုံကြည်ထားကြပါသည်။ စစ်အုပ်စုဘက်တွက်လည်း အုပ်ချုပ်ရေးယန္တရားများ ဖရိုဖရဲဖြစ်ခြင်း၊ အာဏာရှင်အသိုင်းအ၀ိုင်းအတွင်း အုပ်စုများ ကွဲနေခြင်း၊ မကျေမနပ်ဖြစ်မှုများ တိုးပွားနေခြင်း စသည်များ ဖြစ်ပွားနေပြီး တော်လှန်ရေးတရပ် ပေါ်ထွက်လာရန် အခြေအနေများက တောင်းဆိုလျက်ရှိပါသည်။

ဦးဆောင်မှုနှင့် တော်လှန်ရေးအဖွဲ့အစည်း

တော်လှန်ရေးတရပ်ကို အခြေအနေက တောင်းဆိုလာချိန်တွင် တော်လှန်ရေးဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလာပါသည်။ တော်လှန်ရေးဦးဆောင်မှု ဆိုရာတွင် ဦးဆောင်မှု သဘောသဘာဝကို သိရှိနားလည်ရန် လိုအပ်ပါသည်။ တော်လှန်ရေးတိုင်းတွင် တိုက်ပွဲများစွာ ပါဝင်လေ့ရှိပြီး၊ တိုက်ပွဲများစွာတွင်းမှ ခေါင်းဆောင်များစွာ ပေါ်ထွက်လာလေ့ ရှိပါသည်။ ယင်းသို့ ခေါင်းဆောင်များ အမြောက်အမြား ပေါ်ထွက်လာခြင်းမှာ ယေဘုယျအားဖြင့် ကောင်းမွန်သော်လည်း ရှေ့ပိုင်းတိုက်ပွဲ ခေါင်းဆောင်များကို နောက်ပိုင်းမျိုးဆက်များက အလွန်အကျွံ မှီခိုအားထားခြင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ၊ ခေါင်းဆောင်များ ကွဲပြားမှုပေါ်မူတည်၍ ဂိုဏ်းဂဏ ကွဲပြားခြင်း စသည့် ဆိုးကျိုးများလည်း ဖြစ်ပွားစေတတ်ပါသည်။ ပို၍ ဆိုးသည်မှာ ရှေ့ပိုင်းတွင် ပေါ်ထွက်ခဲ့သော တိုက်ပွဲအစဉ်အဆက်မှ ခေါင်းဆောင်များကသာ တိုက်ပွဲများကို ဆက်လက်ဦးဆောင်ဖော်ထုတ်ရန် နောက်ပိုင်းမျိုးဆက်များမှ အားကိုးတကြီး မျှော်လင့်ချက် ထားရှိခြင်း ဖြစ်ပြီး၊ တိုက်ပွဲများ ဆက်လက် ပေါ်ထွက်ရေးသည် လက်ရှိတိုက်ပွဲ ခေါင်းဆောင်များ၏ တာဝန်ဟုသာ မှတ်ယူသွားခြင်း ဖြစ်လေသည်။ အဆိုပါအခြေအနေတွင် တော်လှန်ရေး မျိုးဆက်ပေါင်းကူးတံတား ကျိုးပျက်သွားသည်ဖြစ်ရာ အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးကို ထောက်ကူပေး လိုက်သကဲ့သို့ ဖြစ်သွားတတ်ပါသည်။

သို့ဖြစ်ရာ တိုက်ပွဲများကသာ ခေါင်းဆောင်များကို မွေးဖွားလေ့ရှိသည် ဟူသော တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ နှင့်အညီ တိုက်ပွဲများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးကိုသာ ဦးတည်ကြိုးပမ်းကြရန် လိုအပ်ပါသည်။ အဆိုပါ သဘောသဘာဝကို လက်တွေ့မကျင့်သုံးနိုင်ပါက ရှိပြီးသား ခေါင်းဆောင်များအပေါ်တွင် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း၊ ဂိုဏ်းဂဏ ခွဲခြားခြင်း၊ ခေါင်းဆောင်ရှာခြင်း၊ ခေါင်းဆောင်မျှော်ခြင်း၊ မျှော်လင့်ထားသလို ခေါင်းဆောင်က မပြုလုပ်နိုင်သည့်အခါ အပြစ်ဖို့ ဝေဖန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှေ့ပိုင်းမျိုးဆက် ခေါင်းဆောင်များကလဲ မိမိတို့က တိုက်ပွဲများကို ဦးဆောင်ဖန်တီးရမည်ဟု ထင်မြင်နေခြင်း စသည့် စိတ်ကြွ၊ စိတ်ကျ သံသရာတွင် လည်နေပြီး၊ တော်လှန်ရေးမှာလဲ ကျည်ဆန်ရှိလျက်နှင့် ပစ်၍မရသော သေနတ်စုတ်ကြီးကဲ့သို့ ဖြစ်နေတတ်ပါသည်။ သို့ဖြစ်ရာ တိုက်ပွဲများ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးသည်သာ တော်လှန်ရေး၏ ပကတိ လိုအပ်ချက်ဖြစ်ကြောင်း သိရှိနားလည်ရန် လိုအပ်ပါသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လဲ ဤအချက်မှာ ထင်ရှားနေပါသည်။ တောင်သူလယ်သမား အရေးတော်ပုံကို ဆရာစံက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအချိန်က နိုင်ငံရေးခေါင်းဆောင်များမှာ ခွဲရေး၊ တွဲရေး အငြင်းပွား၍ တကွဲတပြား ဖြစ်နေကြပါသည်။ ဆရာစံကလဲ အဆိုပါ နိုင်ငံရေးခေါင်းဆောင်များ၏ တိုက်ပွဲခေါ်သံကို မစောင့်ခဲ့ပါ။ ဒုတိယကျောင်းသား သပိတ်ကိုလဲ ကျောင်းသားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ အခြားနိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်စပ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း ကျောင်းသားခေါင်းဆောင်များကသာ တိုက်ပွဲခေါ်ခဲ့ခြင်း ဖြစ်ပါသည်။

ထောင့်သုံးရာပြည့် အရေးတော်ပုံကိုလဲ အလုပ်သမားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ နယ်ချဲ့တော်လှန်ရေးတွင် ခေါင်းဆောင်များမရှိ၍၊ ခေါင်းဆောင်များ ကွဲပြားနေ၍၊ ခေါင်းဆောင်များက တိုက်ပွဲခေါ်သံ မပေး၍ စသော အကြောင်းပြချက်များဖြင့် သခင်အောင်ဆန်းတို့ လက်မှိုင်ချ ထိုင်နေခဲ့ခြင်း မရှိပါ။ ရှေ့မှ နိုင်ငံရေးခေါင်းဆောင်ကြီးများက တမတ်သားအာဏာရရ၊ တပဲသားအာဏာရရ၊ ရရင်ပြီးရော သဘောဖြင့် လက်ဝါးလေးတွေ ကိုယ်စီဖြန့်ကာ နယ်ချဲ့တို့ထံ တောင်းရမ်းနေကြချိန်တွင် လွတ်လပ်ရေးကို တောင်းယူ၍ မရ၊ တိုက်ယူမှ ရမည်ကို သိနားလည်သော မျိုးဆက်သစ်များက နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်သွားခဲ့ကြပါသည်။

တော်လှန်ရေးအဖွဲ့အစည်း၏ သဘောသဘာဝမှာလည်း တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ ကဲ့သို့ပင် ဖြစ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော အဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေးအရှိန် မြင့်မားလာမည် ဖြစ်ပါသည်။ နိုင်ငံရေးလုပ်ရာတွင် နည်းပရိယာယ်မျိုးစုံ အသုံးပြုရန် လိုအပ်ကြောင်း အချို့က ဆိုတတ်ကြပါသည်။ သို့ရာတွင် ပြတ်သားသော လမ်းစဉ်တခုတည်းကိုသာ တောင်းဆိုလာသည့် အခြေအနေ၊ အချိန်အခါများလဲ ရှိနေတတ်ပါသည်။

မိမိဝယ်ယူလိုက်သော ခြံထဲတွင် ယိုယွင်းနေသော အိမ်တလုံး ရှိနေပါက ယင်းအိမ်ကို ဖြိုချပြီး အသစ်ဆောက်မည် (သို့မဟုတ်) ပြုပြင်မွမ်းမံမည် ဆိုသည့် ဆုံးဖြတ်ချက်တခုတည်းကိုသာ မဖြစ်မနေ ချမှတ်ရပါသည်။ ဖြိုချရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများနှင့် ပြုပြင်မွမ်းမံရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများ တူညီခြင်း မရှိပါ။ နံရံဖြိုလိုက်၊ ပြတင်းပေါက် ဆေးသုတ်လိုက် လုပ်နေလို့ မရပါ။ ယင်းသို့ လုပ်နေပါက အချိန်၊ လုပ်အား နှင့် ပေးဆပ်ရင်းနှီးမှုများ အလဟဿ ဖြစ်ရုံသာ ရှိပါလိမ့်မည်။ အိမ်အသစ်လဲ မရ၊ အိမ်အဟောင်းလဲ မပြိုပဲ အိမ်ရာစီမံကိန်းများမှာလဲ နှစ်ပေါင်းများစွာ ကြာနေပေလိမ့်မည်။ နိုင်ငံတခုတွင် တည်ရှိနေသော နိုင်ငံရေးအဆောက်အအုံသည် ဖြိုချပြီးမှ အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ်ပါက တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲပြီး တော်လှန်ရေးတရပ် မလွဲမသွေ ဆင်နွှဲကြရမည်ပင်ဖြစ်သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့သော နိုင်ငံရေးအဆောက်အအုံမှာ စစ်အာဏာရှင်စနစ်ကို ဘီလူးအသွင်ဖန်တီးလိုက်၊ မင်းသားအသွင်ဖန်ဆင်းလိုက်ဖြင့် ဆေးရောင်မျိုးစုံခြယ်သကာ အသက်သွင်းထားသော နိုင်ငံရေး အဆောက်အအုံဖြစ်ပါသည်။ ဤအဆောက်အအုံ၏ အခြေခံအုတ်မြစ်တွင် စေ့စပ်ညှိနှိုင်းဆွေးနွေးရေး အုတ်မြစ်မရှိ၊ ဗိုလ်ကျအနိုင်ယူရေးသာ ရှိပါသည်။ တောင်းဆိုမှုများကို လိုက်လျောပေးရေး ဟူသော အုတ်မြစ်မရှိ၊ အာဏာတည်မြဲရေး အုတ်မြစ် သာရှိပါသည်။ သင့်မြတ်ရေးဟူသော အုတ်မြစ်မရှိ၊ ဖယ်ရှားရေး ဟူသော အုတ်မြစ် သာရှိပါသည်။ ညီညွတ်ရေး ဟူသော အုတ်မြစ်မရှိ၊ အဆုံးသတ်ချေမှုန်းရေး ဟူသော အုတ်မြစ်သာ ရှိပါသည်။

ယင်းသို့ စေ့စပ်ဆွေးနွေးရေး၊ သင့်မြတ်ရေး၊ ညီညွတ်ရေးတို့အပေါ်တွင် အခြေခံထားခြင်းမရှိသော နိုင်ငံရေးအဆောက်အအုံကို ဆေးသုတ်ပြီး မွမ်းမံပြင်ဆင်၍ မရပါ။ ဖြိုချပြီး အုတ်မြစ်အသစ် ပြန်ချမှသာ ရနိုင်ပါသည်။ သို့ဖြစ်ရာ စေ့စပ်ဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဟူသော အုတ်မြစ်များ ချနိုင်ရန် အာဏာရှင်နိုင်ငံရေးအဆောက်အအုံကို ကနဦးဖြိုချကြရမည် ဖြစ်ပါသည်။ တနည်းဆိုသော အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ကို ဦးတည်သော တော်လှန်ရေးလမ်းစဉ်ကို ပြတ်ပြတ်သားသား ကိုင်စွဲရန် တော်လှန်ရေးအလားအလာနှင့် အခြေအနေက ပြဌာန်းတောင်းဆိုထားပြီး ဖြစ်ပါသည်။

ယင်းတော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော တော်လှန်ရေးအဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေး အောင်မြင်နိုင်သည့် ရာခိုင်နှုန်း များပြားသည် ဖြစ်ရာ အဆိုပါ တော်လှန်ရေးအဖွဲ့အစည်းများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ပေါ်ထွက်လာရန် လိုအပ်လှပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် လူထု၊ လူတန်းစား အလွှာအသီးသီးအကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass – root infrastructure လိုအပ်ပါသည်။ တော်လှန်ရေးဟူသည် ပိုစတာကပ်ခြင်း၊ စာရွက်စာတမ်း ဖြန့်ဝေခြင်း၊ အခမ်းအနားများ ကျင်းပခြင်း စသည်တို့ကိုပင် ဆိုလိုခြင်း မဟုတ်ပါ။ ဤသည်တို့မှာ တော်လှန်ရေးတရပ် စတင်ရန် စည်းရုံးလှုံ့ဆော်မှု၏ အစိတ်အပိုင်းတရပ်သာ ဖြစ်ပါသည်။

လူထုလူတန်းစား အလွှာအသီးသီးကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass- root infrastructure မရှိပါက အာဏာရှင်တို့ဘက်က တော်လှန်ရေးတိုက်ပွဲများကို အချိန်အနည်းငယ်အတွင်း ထိန်းချုပ်သွားနိုင်သည်ဖြစ်ရာ လှုပ်ရှားမှုတခုကိုပင် ဦးစားပေးဖော်ဆောင်၍ မရ၊ ရေရှည်မြှုပ်နှံ- ပြင်ဆင်တည်ဆောက်မှုကို မလွဲမသွေ ပြုလုပ်ရန် လိုအပ်သည်။ လူ့အဖွဲ့အစည်း၏ အလွှာစုံ၊ ကဏ္ဍစုံတွင် တော်လှန်ရေး၏ ခြေတံ၊ လက်တံများ စိမ့်ဝင် ပျံ့နှံ့နေစေရန် လှုပ်ရှားအဖွဲ့ငယ်များအား မြေအောက်ယူဂျီ သဏ္ဍာန်၊ နိုင်ငံရေးဦးဆောင်မှု ကော်မတီများအား ဒေါင်လိုက်သဏ္ဍာန်၊ မဟာမိတ်ဆက်ဆံရေးနှင့် ပူးတွဲလှုပ်ရှားမှုများတွင် အလျားလိုက် ကွန်ယက် ချိတ်ဆက်မှုသဏ္ဍာန်များနှင့် သတင်းအချက်များ ရှာဖွေစုဆောင်းရေးအတွက် circuit သဏ္ဍာန်တို့ကို အသုံးပြုရန် လိုအပ်သည်။

တော်လှန်ရေးအဖွဲ့အစည်းများ ချိတ်ဆက်တည်ဆောက်မှုတွင် centralization စနစ်ကို အသုံးပြုခြင်းမှာ ကွဲပြားခြားနားမှု နည်းသော နိုင်ငံရေး အခြေအနေများအတွက် သင့်လျော်သော်လည်း၊ နိုင်ငံရေး အဖွဲ့အစည်းများ အများအပြားရှိနေသော နိုင်ငံရေးအခြေအနေများတွင်မူ အခက်အခဲများစွာ ပေါ်လာ တတ်ပါသည်။ လေး-ငါးဖွဲ့ ပေါင်းလိုက်၊ တဖွဲ့ တည်ထောင်လိုက်၊ ဆယ်ဖွဲ့ ကွဲလိုက်၊ ပြန်စုစည်းလိုက် သံသရာတွင် ညီညွတ်ရေး တည်ဆောက်မှုဟူသော ခေါင်းစဉ်ဖြင့် တလည်လည် ဖြစ်နေတတ်ပါသည်။ ယင်းသို့ မဖြစ်စေရန် Decentralization စနစ်ကို တိုက်ပွဲကြားတွင် အသုံးပြု၍ ညီညွတ်ရေး တည်ဆောက်ရမည်ဖြစ်သည်။

ရည်မှန်းချက်နှင့် လမ်းစဉ်တူညီသော အဖွဲ့အစည်းများအကြားတွင် ညီညွတ်ရေးတည်ဆောက်ပြီးမှ တော်လှန်ရေး ဆင်နွှဲရန် ကြိုးပမ်းခြင်းထက် ဘုံရန်သူကို ၀ိုင်းဝန်းချေမှုန်းသည့် တိုက်ပွဲကြားတွင် ညီညွတ်ရေး တည်ဆောက်ရန် ကြိုးပမ်းခြင်းက ပိုမိုထိရောက်မည်ဖြစ်သည်။ မိတ်ဆွေစစ်ကို အခက်အခဲကြားတွင်သာ တွေ့နိုင်ပါသည်။ တိုက်ပွဲမရှိပဲ တည်ဆောက်ထားသော ညီညွတ်ရေးသည် တိုက်ပွဲကြားတွင် ခိုင်ခံ့နေမည်ဟု မည်သူတပ်အပ် ပြောနိုင်ပါအံ့နည်း။

တော်လှန်ရေးအဖွဲ့အစည်းများအတွက် အခြားလိုအပ်ချက်တရပ်မှာ တော်လှန်ရေးမီဒီယာ ဖြစ်သည်။ အဆိုပါ တော်လှန်ရေးမီဒီယာသည် ရှင်းလင်းပြတ်သားသော တော်လှန်ရေးအမြင်နှင့် သဘောတရားများကို လူထုအကြားသို့ ပို့ဆောင်ပေးနိုင်မည့် မီဒီယာဖြစ်ရမည်။ လူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ပေါင်းကူးပေးနိုင်မည့် မီဒီယာ ဖြစ်ရန် လိုအပ်သည်။ အချို့က မီဒီယာသည် ဘက်မလိုက်ရ ဟု ဆိုကြသည်။ တော်လှန်ရေးအလားအလာ၊ အခြေအနေများ မရှိပဲ လူထုနှင့် အစိုးရ တသားတည်းကျနေသော နိုင်ငံများအတွက်တော့ ဤအဆိုမှာ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်၊ သဘောတရားအရ မှန်ကန်လှပါသည်။ သို့ရာတွင် လူထုက အဖိနှိပ်ခံ၊ အစိုးရက ဖိနှိပ်သူ ဖြစ်နေရသည့် နိုင်ငံများအတွက်တော့ ဤအဆိုမှာ ရေနစ်သူ၊ ၀ါးကူထိုးသကဲ့သို့ပင်ဖြစ်သည်။ တိုင်းပြည်၏ မီဒီယာကို ဖိနှိပ်သူ အစိုးရက ထိန်းချုပ်ထားချိန်တွင် အဖိနှိပ်ခံပြည်သူတို့ဘက်မှ ဘက်လိုက်ရပ်တည်သော၊ တော်လှန်ရေးအင်အားစုများဘက်မှ ဘက်လိုက် ရပ်တည်သော တော်လှန်ရေးမီဒီယာများ မရှိပါက ပြည်သူ့အသံကို မည်သူက ကိုယ်စားပြုမည်နည်း။

အထက်ပါ လိုအပ်ချက်များအပြင် အရေးကြီးသော လိုအပ်ချက်တရပ်မှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်ပါသည်။ လူထုလှုပ်ရှားမှုများ အရှိန်မြင့်နေချိန်တွင် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်တိုက်ပွဲဝင်ခြင်း မရှိပါက လူထုလှုပ်ရှားမှုများသည် အာဏာရှင်တို့၏ ပစ်မှတ်အလယ်ဗဟို တည့်တည့်သို့ ရောက်သွားတတ်သည်။ ထိုပစ်မှတ်များ ပျံ့ကျဲလာစေရန် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်ဖြည့်ဆည်း ပေးရမည်ဖြစ်သည်။ အာဏာရှင်တို့က လာတိုက်မှသာ ခုခံကာကွယ်ရေးကို ဆိုလိုခြင်း မဟုတ်။ လူထုတိုက်ပွဲ အရှိန်တက်နေချိန်တွင် ထိုးစစ်များဆင်နွှဲ၍ အားဖြည့်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဓိကရည်မှန်းချက်မှာ စစ်ရေးအရ အောင်ပွဲမဟုတ်။ တော်လှန်ရေး အရှိန်မြှင့်တင်ရေး ဖြစ်သည်။

လူထုထောက်ခံအားပေးမှု

တော်လှန်ရေးတရပ်တွင် လိုအပ်ချက် အများအပြားရှိသည် မှန်သော်လည်း၊ အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးသည်မှာ လူထုပင် ဖြစ်သည်။ လူထုထောက်ခံအားပေးမှု မရှိသော၊ လူထုနှင့် ကွင်းဆက်ပြတ်နေသော မည်သည့်တော်လှန်ရေးမဆို ကျဆုံးရေးသို့ ဦးတည်ပေလိမ့်မည်။ ခေါင်းဆောင်များနှင့် စည်းရုံး လှုံ့ဆော်သူ များသည် လူထု၏ ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးရာ၊ စီးပွားရေးရာ လိုအပ်ချက်များကို အာရုံစိုက်ရန် လိုအပ်သည်။ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုများနှင့် လူထုက တသားတည်း ဟန်ချက်ညီမှသာ တော်လှန်ရေး အောင်မြင်ပေလိမ့်မည်။

တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု တရပ်လုံးတွင် clear vision of revolution မရှိလာသည့် ကာလတလျှောက်လုံး မည်သို့သော တော်လှန်ရေးမှ အောင်မြင်မည်မဟုတ်။ ဤ အချက်ကို အင်အားစုများ သတိပြုရန်လိုသည်။ တော်လှန်ရမည် ပြောလိုက်၊ တောင်းဆိုရမည် ပြောလိုက်၊ တိုက်ရမည် ပြောလိုက်၊ ခေါင်းငုံ့ခံ၍ အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ပြောလိုက်နှင့် အတွေးအခေါ်များ ရှုပ်ထွေးနေသော တော်လှန်ရေးတရပ်တွင် မည်သို့သော လူထုက အပြည့်အ၀ ထောက်ခံအားပေးမှုနှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မှု (Full support and collaboration) ကို ပေးမည်နည်း။

တော်လှန်ရေးစစ်မျက်နှာများ

ဆဲလ်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် central core မှာ nucleus ဖြစ်ပြီး၊ cytoplasm region တွင် nucleus ကို ၀န်းရံထားသော segments များ ရှိပါသည်။ တော်လှန်ရေး စစ်မျက်နှာများတွင် nucleus မှာ နိုင်ငံရေးစစ်မျက်နှာ (political battlefront) ဖြစ်ပြီး၊ ပြင်ပ segments များတွင် အတွေးအခေါ်စစ်မျက်နှာ၊ လူမှု-စီးပွား စစ်မျက်နှာ၊ စစ်ရေး စစ်မျက်နှာနှင့် နိုင်ငံတကာ စစ်မျက်နှာများ ပါဝင်ပါသည်။ အဆိုပါ စစ်မျက်နှာများတွင် လူ၏ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများ၊ ယုံကြည်ချက်များ၊ ခံယူချက်များနှင့် သက်ဆိုင်သော အတွေးအခေါ် စစ်မျက်နှာသည် တော်လှန်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။

လူမှု-စီးပွား စစ်မျက်နှာမှာ လူ၏ နှလုံးသားနှင့် သက်ဆိုင်သည်ဖြစ်ရာ နိုင်ငံရေးစစ်မျက်နှာမှတဆင့် အတွေးအခေါ်စစ်မျက်နှာနှင့် လူမှု-စီးပွားစစ်မျက်နှာများကို အသုံးပြု၍ တော်လှန်ရေး လှုပ်ရှားမှုများသို့ ဦးတည်ရမည် ဖြစ်သည်။ စစ်ရေး စစ်မျက်နှာမှာ အဆုံးသတ်စစ်ရေးအောင်ပွဲကို ဦးတည်နိုင်ခြင်း မရှိစေကာမူ အခြားသော စစ်မျက်နှာများကို ပံ့ပိုးရန်အတွက် မဖြစ်မနေ ရှိသင့်သည့် စစ်မျက်နှာဖြစ်သည်။ နိုင်ငံတကာ စစ်မျက်နှာမှာ အာဏာရှင်အစိုးရနှင့် အာဏာရှင်ရုတ်သေးအစိုးရများကို ပြင်ပမှ ဖိအားပေးရန် ဖြစ်သည်။ အဆိုပါ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါမည်။

နိဂုံး

တော်လှန်ရေး အလားအလာများ တည်ရှိပါက တော်လှန်ရေး အခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေး အခြေအနေများက တောင်းဆိုနေချိန်တွင်လည်း တော်လှန်ရေး ဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။

တော်လှန်ရေးနှင့် လူထုတသားတည်း ဖြစ်စေရန်လည်း လိုအပ်သကဲ့သို့ စစ်မျက်နှာ အားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှုမှာလဲ ပြည်သူ့တော်လှန်ရေးအတွက် အရေးပါလှပါကြောင်း တင်ပြအပ်ပါသည်။


ခင်မမမျိုး (၃၊ ၃၊ ၂၀၁၁)

Tuesday, March 1, 2011

သစ္စာဖေါက်ရုပ်ရှင်

Posted: 28 Feb 2011 03:45 PM PST
ကျွန်ပ်၏ ဖြတ်သန်းလာသော ဘ၀လမ်းကြောင်းခရီးကို ပြန်လည်သုံးသပ်မိသည်။ ဘ၀ခရီးကို ပထမ၊ ဒုတိယ၊ တတိယဟူ၍(၃)ပိုင်းပိုင်းခြားလိုက်ပါမည်။
ဘ၀၏ ပထမအရွယ်လမ်းကြောင်းကို ပြန်လည်သုံးသပ်သော် . . . ငယ်စဉ်ဘ၀ထဲက ၀ါသနာပါလာသောပန်းချီပညာရပ်နှင့် ဓါတ်ပုံ(ရုပ်ငြိမ်/ရုပ်သေ) Still Cameraman ဘ၀ပင်ဖြစ်သည်။ ဟုတ်သည် … ကျွန်ုပ်၏ ဖေါ်ကျူးထားသောပန်းချီကားများသည် ငြိမ်သက်နေသည့် ပုံရိပ်များကို အသက်ဝင်လာအောင် တင်ပြထားမှုများကများလှသည်။ ဥပမာအားဖြင့် “အောင်စည်အောင်မောင်း”၊“ဒိုး”၊ “စစ်နှင့်ငြိမ်းချမ်းရေး”၊ “သစ္စာဖေါက်(88-1)” စသည့်ပန်းချီကားများဖြစ်တော့သည်။“အောင်စည်အောင်မောင်း” နှင့် “ဒိုး” ပန်းချီကားတို့သည် သဘင်သည် အမျိုးသမီးကနေသောဟန်ပန် (လက်များ၊ ခါးများ၊ ခြေများ)လှုပ်ရှားမှုဟန်ကိုဖန်တီးထားခြင်း၊ “စစ်နှင့်ငြိမ်းချမ်းရေး” ပန်းချီကားတွင် ငြိမ်းချမ်းရေးငှက်အတွင်းရှိစစ်သဏ္ဍာန်များလှုပ်ရှားပေါ်လွင်နေခြင်း၊ ငြိမ်းချမ်းရေး(ဂျိုးငှက်)၏ ပျံသန်းမှုကားသံဆူးကြိုးမှတစ်ဆင့် ဖြတ်သန်းတော့မည့်အလားဖြစ်နေခြင်း၊ “သစ္စာဖေါက်” ပန်းချီကားတွင် ငြိမ်သက်စုဝေးနေသောငှက်အုပ်စုမှ တစ်ကောင်တည်းပျံသန်းထွက်ခွာခြင်းစသည့်သဏ္ဍာန်များပင်ဖြစ်တော့သည်။

ရုပ်ငြိမ်ဓါတ်ပုံပညာရပ်တွင်လည်းလှပသောရှုခင်းတွင် အလင်းရောင်အနေအထားများမှ တစ်ဆင့် ခံစားရသူ ကြည့်ရှုသူတို့၏ စက္ခုအာရုံတွင် လှုပ်ရှားမှုကိုဖြစ်ပေါ်စေခြင်း၊ သဘာဝ၏အလှတရားများကို သက်ဝင်မှုရှိလာအောင် ဖန်တီးပေးထားမှုများပင်ဖြစ်သည်။ ဤသည်တို့ကားပထမအရွယ်၏ ခံစားမှု၊ ဖန်တီးမှု အတ္တနယ်ပယ်ပင်ဖြစ်တော့သည်။

ဘ၀၏ ဒုတိယအရွယ်တွင် ဖေါ်ကျူးတင်ပြမှုကိုပြောပြပါတော့မည်။ ရုပ်ငြိမ်ပန်းချီ ၀ါသနာရှင်ဘ၀မှ
ဘ၀၏ကံဇာတာအပြောင်းအလဲကြောင့် ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဘ၀သို့ခြေလှမ်းခဲ့ရပြီဖြစ်တော့သည်။

ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာတည်းဟူသောအနုပညာသမားတစ်ယောက်၏ ဖေါ်ကျူးမှု ပေးဆပ်မှုတို့ကားသေနေသောအရုပ်များ၊ ရုပ်ပုံလွှာများကိုရှင်လာအောင်၊ လှုပ်ရှားလာအောင် ဖေါ်ပြမှုပင်ဖြစ်သည်။ ငြိမ်သက်နေသောရေပြင်ထဲသို့ ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ ရုပ်ရှင်ကြည့် ပရိသတ်၏ နှလုံးသားကိုလောဘ၊ ဒေါသ၊ မောဟ၊ ဟာသစသည့် ခံစားမှုမျိုးစုံကိုပစ်ထည့်ပေးရသောအလုပ်ပင်ဖြစ်သည်။ အများပြည်သူပရိသတ်များကလည်းပျော်ပျော်ပါးပါးကြီးကိုအားပေးလက်ခံကြတော့သည်။ မိမိ၏ ခန္ဓာအားရင်း၍ ခံစားမှုမျိုးစုံကိုပေးဆပ်ခဲ့ခြင်းဖြစ်သည်။ မိမိ၏ ဘ၀ကိုမေ့ခြင်းမဟုတ်၊ ကျေးဇူးရှင်လုပ်ငန်းကို ပြစ်မှားခြင်းမဟုတ်၊ လက်တွဲဖေါ် အနုပညာသမားများကို ချိုးနှိမ်ခြင်းမဟုတ်၊ ပုဂ္ဂလိကခံစားမှုသက်သက်သာဖြစ်တော့သည်။ ယင်းကဲ့သို့ ရသမျိုးစုံပေးခြင်းကိုအကုသိုလ်အလုပ်ဟူ၍ မိမိမလုပ်တော့သည့်အချိန်၊ မိမိလုပ်ပိုင်ခွင့် မရှိတော့သည့် အချိန်ကာလကြမှ ကယောင်ကတန်းတွေးခေါ်မိခြင်းတော့မဟုတ်။ ဤအနုပညာလောကတွင် ကျင်လည်စဉ်ကာလကတည်းကတစ်ခုတည်းသော နွေရာသီကျောင်းပိတ်ရက်တွင် သားနှင့် သမီးငယ်တို့၏ အင်းစိန်တောရကျောင်းတွင် ဆရာတော်ကြီးအား “ရုပ်ရှင်အနုပညာသမားတွေ သေလွန်တဲ့အခါ ဘယ်ဘုံကိုရောက်မှာလဲ” ဟုမေးမြန်းလိုက်သည့် မေးခွန်းစကားကို ကြားမိစဉ်ကတည်းကတွေးခေါ်မှုစတင် သန္ဓေတည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။စင်စစ်အနုပညာလောကသည်အတ္တနယ်ပယ်တွင် အကုသိုလ်ဝေဌသူတို့နှင့် အကုသိုလ်လက်ခံအားပေးကြသူများဟုရင့်ရင့်သီးသီး ပြတ်ပြတ်သားသားကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရပါတော့သည်။

ယခု . . . ဘ၀၏ တတိယအရွယ်သို့ ရောက်ခဲ့ပြီ။ ကံကောင်းကြီးလှစွာဖြင့် အနုပညာလောကထဲမှ နှင်ထုတ်ခံလိုက်ရပြီဖြစ်တော့သည်။ အချိန်ကာလကန့်သတ်မှုမရှိအနုပညာလုပ်ငန်းများကိုလုပ်ကိုင်ခွင့် မပြုတော့ချေ။ ၀မ်းမြောက်စွာဖြင့် ကျေးဇူးတင်စွာဖြင့် သာဓုခေါ်ဆိုလိုက်ပါသည်။ ရုပ်ရှင်သမားဘ၀မှ ရုပ်သေလောကထဲသို့ ပြန်လည်၍ ခြေစုံပစ်ဝင်ခဲ့ရပြီ ဖြစ်တော့သည်။ အကြောင်းမှာ . . . သေဆုံးသွားသောလူတို့အား (အခမဲ့)မီးသင်္ဂြိုလ်ပေးရမှုပင်ဖြစ်တော့သည်။ ယခုမှ ပရဟိတနယ်ပယ်တွင် ဘ၀တစ်ခုလုံးစုန်းစုန်းမြုပ်၍ လုပ်ကိုင်ပေးဆပ်ခွင့်ကိုရရှိတော့သည်။ အမျှော်အမြင် ကြီးမားလှသောဘက်စုံအနုပညာရှင်ကြီးဘဘဦးသုခ၏ ကျေးဇူးပင်ဖြစ်တော့သည်။ အနုပညာလောက၏ အကုသိုလ်ပွားများမှုများကိုကုသိုလ်တရားဖြင့် မိမိ၏ အနုပညာသည်ဘ၀ကို ခုတုံးလုပ်ကာ ပြန်လည်၍ပေးဆပ်မှု၊ အကြွေးဆပ်မှု၊ ကျေးဇူးဆပ်ခွင့်ပင်ဖြစ်တော့သည်။ (ကျန်ရစ်ခဲ့သောအနုပညာမောင်နှမများ၊ ထပ်မံမွေးဖွားပေါ်ပေါက်လာသောအနုပညာညီငယ်/ ညီမငယ်များ၏ အတွင်းစိတ်သဏ္ဍာန်တွင်လည်းရှိနေမည်ဟုယူဆပါသည်။ ရှိလည်းရှိနေစေချင်သည်။ ရှိမှုကိုအကောင်အထည် ဖေါ်ထုတ်ကြရန် တိုက်တွန်းအားပေးလိုက်ပါသည်)။ ဒါမှလည်းအတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ရောက်ရှိမည်ဖြစ်သည်။

ကျွန်ုပ်ဆိုလိုသည်မှာ“မင်းတို့လည်းမင်းတို့ရဲ့ အနုပညာလောကကြီးကိုစွန့်လွှတ်ပြီး ငါ့လိုသုဘရာဇာဖြစ်အောင်လုပ်ကြ” ဟူ၍မဟုတ်။အတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ကူးရာတွင် အနုပညာလောကကိုလည်းစွန့်ရန်မလို၊ သုဘရာဇာလည်းလုပ်ရန်မလို။ ကိုယ်ကျင်လည်ရာဘ၀(အနုပညာလောက)မှ အများအကျိုးပြုမည့် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင့်ငံအရေး၊ အမျိုးသားရေးကိစ္စရပ်များတွင် စစ်မှန်သောစိတ်ဓါတ်၊ သဒ္ဒါပွားသောလုပ်ရပ်၊ အထူးအားဖြင့် သီလလုံစွာ ဗြဟ္မာစိုရ်တရား(၄)ပါးလက်ကိုင်ပြုကျင့်သုံးရန်သာဖြစ်တော့သည်။ သင်တို့သည် ကျွန်ုပ်ထက်သာသည်။ ကျွန်ုပ်ထက်စွမ်းသည်။ ကျွန်ုပ်ထက် အခွင့်အရေးများသည်။ အများအကျိုးဆောင် ကိုယ့်အကျိုးလည်းအောင်မည်။ အောင်မြင်မှု ပန်းတိုင်နှစ်ခုကိုလက်ကိုင်ပြုထားသူများဖြစ်သည်။ ကိုယ်ဝါသနာပါရာ အနုပညာလုပ်ငန်းကိုလုပ်ကိုင်ခွင့်ရတုန်းရခိုက် အခွင့်အရေးလေးမှာအများအကျိုးအတွက် ပေးဆပ်နိုင်သူများဖြစ်တော့သည်။
ကျွန်ုပ်အတွက်သည်ကားတစ်ခုတည်းသောပေးဆပ်မှုသာရှိတော့သည်။

ဤကဲ့သို့ . . . ဘ၀၏ တတိယအရွယ်တွင် သေဆုံးသွားသောရုပ်အလောင်းများအားကောင်းမွန်စွာသင်္ဂြိုလ်ပေးခြင်း၊ ကျန်ရစ်သူမိသားစုများ၏ အပူမီးကို ငြိမ်းအေးပေးခြင်းတို့ကိုလုပ်ကိုင်လာခဲ့စဉ် … နေ့စဉ် နေ့စဉ်နှင့်အမျှ ရုပ်သေရုပ်ငြိမ်ဖြစ်သွားသူတို့၏ သေဆုံးမှုခန္ဓာကိုယ်များကိုထိတွေ့မြင်တွေ့မှုများ၊ အသုဘကမ္မဋ္ဌာန်းခံယူခဲ့ရမှုများ၊ သံဝေဂတရားများ ပေါ်ပေါက်လာမှုတို့သည်ကား ကျွန်ုပ်အတွက်များစွာခံစားလာခဲ့ရတော့သည်။ နေရာလုပွဲကြောင့် တိုက်နေတဲ့စစ်၊ အာဏာကြောင့်တိုက်နေတဲ့စစ်ပွဲ၊ စားဝတ်နေရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေရတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့်တိုက်နေတဲ့စစ်ပွဲ၊လူမျိုးရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ နိုင်ငံရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲစသည့် စသည့် ဘ၀စစ်ပွဲများကိုတိုက်ရင်းခိုက်ရင်းနောက်ဆုံးတော့လည်း . . . မီးခိုးနဲ့ပြာ ဘ၀ဘဲ ရောက်တော့တာပဲဟု မြင်လာမိတော့သည်။ ဒါဟာ . . . ကျွန်ုပ်ရဲ့ သံဝေဂ။

ဒါကြောင့် . . . ဘ၀၏တတိယအရွယ်တွင် ပေါ်ပေါက်လာသော ကျွန်ုပ်ရဲ့ဆန္ဒ၊ ရုပ်သေသမားဘ၀မှ ရုပ်ရှင်သမားဘ၀၊ ရုပ်ရှင်သမားဘ၀မှ ရုပ်သေဘ၀သို့ ဘ၀၏သံသရာလည်ပတ်ခြင်းကိုခံနေရသော ဆန္ဒသည်ကား ဘ၀သံသရာမှ လွတ်မြောက်လိုသည့် ဆန္ဒ၊ရုပ်၊ နာမ် ချုပ်ငြိမ်းရာဘ၀၊ သေခြင်းကင်းရာဘ၀၊ ရှင်ခြင်းများနှင့်သာရပ်တည်လိုသည့်ဘ၀၊ ငြိမ်းချမ်းမှု မဂ်ဖိုလ်နိဗ္ဗာန်သို့ အရောက်လှမ်းလိုသည့် ဆန္ဒပင်ဖြစ်တော့သည်။

ထို့ကြောင့် . . . ကျွန်ုပ်သည်ကား “ရုပ်သေ”မှ “ရုပ်ရုင်”သို့ . . .
“သေခြင်း”မှ “ရှင်ခြင်း” မြဲရာအရပ်သို့ချီတတ်အားထုတ် ကြိုးကုတ်ရန်သာရှိတော့သည်ဟု . . . ။
(ယုံကြည်မိပါသည် . . . ဤစာပိုဒ်အားဖတ်မိသူစာဖတ်ပရိသတ်၊ အထူးအားဖြင့် ကျွန်ုပ်နှင့် လက်တွဲမဖြုတ် စွန့်လွှတ်စွန့်စားရုန်းကန်ပေးဆပ်နေကြသောလူမှုရေးသမားများ၏ အသံကား . . “ခင်ဗျား၊ မင်း၊ ဦး၊ အစ်ကို၊ ငါ့မောင်လေးကတော့ ငါတို့နဲ့ လမ်းခွဲချင်လို့လား၊ ငြီးငွေ့လို့လား၊ စိတ်ဓါတ်ကျလို့လား၊ စိတ်ပျက်လို့လား၊ မပေးဆပ်ချင်တော့ဘူးလား၊ သတ္တိကြောင်တာလား၊ ကိုယ်လွတ်ရုန်းတာလား၊ သစ္စာဖောက်လား” ဟူ၍ ပြောဆိုကြ၊ ကဲ့ရဲ့ကြ၊ ဝေဖန်ကြ၊ ရှုံ့ချကြမည်ဟုမျှော်လင့်လျှက် . . . . )

ကျော်သူ
(၂၅.၂.၂၀၁၁ ခုနှစ် နံနက် (၄း၀၀)နာရီတွင် ပေါ်ပေါက်မွေးဖွားလာမှု။)


အာဏာရှင် ကို ဖယ်ရှား ရန် အတွက် JUST DO IT လှုပ်ရှားမှု တွင် သင်ကိုယ်တိုင် ပါဝင်ပါ။

Posted: 28 Feb 2011 03:42 PM PST
ရဟန်း ရှင် လူ မိဘ ပြည်သူ တပ်မတော် သား များ နှင့် လူငယ် ကျောင်းသား ကျောင်းသူ များ ခင်ဗျား...
မြန်မာ နိုင်ငံ ၏ စစ်အာဏာရှင် သန်းရွှေ နှင့် ၎င်း တို့ ၏ လက်တစ်ဆုပ် စာ အာဏာရှင် စစ်ဗိုလ်ချုပ် တစ်
စု အား ဖယ်ရှား နိုင် ရန် အတွက် ယခု အချိန် သည် အချိန် ကောင်း အခါကောင်းပင် ဖြစ်ပါသည်။

မြန်မာ နိုင်ငံ တွင်း နေထိုင် သူ အပေါင်း တို စစ်အာဏာရှင် လက်အောက် မှ ရုန်းထွက် ရန် ပြင်ဆင်ကြ။
ယခု အချိန် ထက် ပို ကောင်းသော အချိန် မရှိ၊ အာဏာရှင် လက်အောက် မှ ပြည်သူများ အာဏာရှင် ကို
ဖယ်ရှား နိုင်ခဲ့တာ ကျုပ်တို့ ပြည်သူများ မျက် မြင့်တွေ့ ပြီး ဖြစ်ပါလိမ့်မည်။
အာဏာရှင် ကို ဖယ်ရှားနိုင်ရန် ယခု ပင် ချက်ခြင်းစကြလော့။

အာဏာရှင် ကို ဖယ်ရှား ရန် အတွက် JUST DO IT လှုပ်ရှားမှု တွင် သင်ကိုယ်တိုင် ပါဝင်ပါ။ JUST DO IT
သည် သင်ကိုယ်တိုင် ဖြစ်သည်။

ပထမ ခြေလှမ်း အနေ ဖြင့် “JUST DO IT ” ဟု ရေးပြီး သင်ကိုယ်တိုင် တစ်နေရာရာတွင် ကပ်ထား
နိုင်သည်။ သင့် သူ့ ငယ်ချင်း တစ်ယောက် ကို လည်း အီမေး ပို့ နိုင်သည်။ ကိုယ်တိုင်ရေး ထားသော စာ
အား သင့်မိတ်ဆွေ ကို ပေး နိုင် သည် ။သင်၏ Facebook စာမျက် နှာ တွင် ရေးသားထား နိုင်သည်။
အာဏာရှင် ကို ဖယ်ရှား ရန် ယခု ပင် ချက် ခြင်း စတင် ကြလော့။

အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်

စစ်အာရှင် စနစ် ကို ဖယ်ရှား နိုင်ရန် ဤနေရာတွင် သင်ပါဝင်ပါ။
http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500


တစ်ရွာမပြောင်း သူကောင်းမဖြစ်

Posted: 28 Feb 2011 07:56 AM PST


တစ်ရွာမပြောင်း သူကောင်းမဖြစ်
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ်စတင်၍ သင်ကြားပို့ ချပေးတော့မည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေး ငယ်ပေါင်း (၃၀၀) ဦးခန့် လာရောက်စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။ ယင်းကလေးငယ်များအား ၅.၃.၂၀၁၁ (စနေ) နေ့တွင် သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ်ဖြေဆိုမှုများ ပြုလုပ်၍ အတန်းခွဲ (၆) ခု ခွဲခြားကာ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း (၄၀) ဦးခန့်သာ ရှိခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်ဦး အပေါ်ထပ်တွင် သင်ကြားမှုကို အသင်းသားများဖြစ်သော လူမှုရေး ဆရာ/မများ၏ အကူအညီဖြင့် ကုသိုလ်ဖြစ် သင်ကြားပေးနိုင်ခဲ့သည်။ ယခု ကလေးငယ်ပေါင်း (၃၀၀) ဦး ခန့် တိုးပွားလာသည့်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်း သင်ကြားမည့် စေတနာဝန်ထမ်း ဆရာ/မများလည်း လိုအပ်လျှက် ရှိပါသည်။ စိတ်ပါဝင်စား၍ သင်ကြားလိုသည့် စေတနာ့ဝန်ထမ်း ဆရာ/မများသည် နာရေးကူညီမှု အသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉-၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ထပ်မံ၍ ၁၄.၃.၂၀၁၁ မှ ၁၈.၃.၂၀၁၁ နေ့ရက်များတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ ကလေး သင်တန်းနှင့် ဧပြီလတွင်လည်း မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းတို့အား ပညာရှင်ကြီးများမှ လာရောက်သင်ကြား ပို့ချမည်ဖြစ်သည်။
ထို့အပြင် မျိုးဆက်သစ်ကလေးငယ်များ သက်တောင့်သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေ ရန် သင်တန်းခန်းမများအား ထပ်မံ၍ အလိုရှိသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း အပေါ်ထပ်ရှိ “သုခအလင်း” စာကြည့်တိုက်၊ ပြန်ကြားရေးဌာနအခန်းနှင့် ဘုရားခန်း (အစည်းအဝေးခန်းမ) တို့အား ယခု ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦးသို့ သက်ဆိုင်ရာပစ္စည်းများ၊ စာအုပ်/စာပေများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ဘီဒိုများ အစရှိသည်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး အသင်းသား/ သူများ၏ လုပ်အားဖြင့်စုပေါင်း၍ ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ပြောင်းရွေ့ခဲ့ကြပါသည်။
“သုခအလင်း” စာကြည့်တိုက်သည် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် (၁) နှစ် သားအရွယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယင်း (၁) နှစ်သားအရွယ် “သုခအလင်း” စာကြည့်တိုက်အား မျိုးဆက်သစ် လူမှုရေးသမားများ၏ စည်းလုံးခြင်းအင်အား၊ ဖေးမမှုအကြင်နာတရားတို့ဖြင့် လက်ရှိ “သုခအလင်း” စာကြည့်တိုက်ထက် ပိုမို၍ကျယ်ဝန်းသော ဧရိယာခန်းမ၊ ပိုမို၍အသိပညာ ပွားများစေ မည့် စာအုပ်/စာပေများဖြင့် နောင်တစ်ချိန်တွင် နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံ၏ သားကောင်း သမီးကောင်း များကို ဖော်ထုတ်မွေးဖွားနိုင်ရန်အတွက် ယခုကဲ့သို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း ကောင်းမြတ်သော နေရာရွေ့ပြောင်းမှုကို မင်္ဂလာရှိစွာဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။
ကိုကျော်သူ


You are subscribed to email updates from ဒေါင်းမာန်ဟုန်
To stop receiving these emails, you may unsubscribe now. Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
Reply